နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)၏ (၂၅)နှစ်ပြည့် ငွေရတုနှစ်ပတ်လည်နေ့ အထိမ်းအမှတ် စာတမ်းဖတ်ပွဲတွင် ယှဉ်ပြိုင်မှုဆိုင်ရာများ ‌ဆွေးနွေးဟောပြောခြင်း

Mon, 01/29/2024 - 05:18 -- competition

         နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)၏ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ကျရောက်မည့် တက္ကသိုလ်၏ (၂၅) နှစ်မြောက် နှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လေ့ကျင့်ဖွံ့ဖြိုးခြင်းမှသည် ကောင်းမွန်သော အုပ်ချုပ်မှုဆီသို့ (3rd Conference on Learning and Development to support Good Governance) စာတမ်းဖတ်ပွဲကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့နှင့် ၂၆ ရက်နေ့တို့တွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)၊ ရတနာခန်းမ၌ Hybrid စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

         အခမ်းအနားကို ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ တာဝန်ရှိသူများ၊ တက္ကသိုလ်အကြံပေး အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းအသီးသီးမှ သင်တန်းသားဟောင်းများ၊ စာတမ်းရှင်များ၊ တက္ကသိုလ်ရှိ ပါမောက္ခချုပ်ဦးဆောင်သည့် အရာထမ်း၊ အမှုထမ်းများနှင့် တက္ကသိုလ်တွင် ဖွင့်လှစ်လျက်ရှိသည့် သင်တန်းများမှ သင်တန်းသား/ သင်တန်းသူများ တက်ရောက်ခဲ့ကြပါသည်။

        စာတမ်းဖတ်ပွဲတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ စာတမ်း(၂)စောင်၊ အာဆီယံနိုင်ငံ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်များအကြား ထူ‌ထောင်ထားရှိသည့်ကွန်ရက် (The ASEAN Network of Public Service Institute) အဖွဲ့ဝင်နိုင်ငံများမှ (၇)စောင်၊ တက္ကသိုလ်မှ ဝန်ထမ်းအဖွဲ့အစည်း အကြီးအမှူးနှင့် အဆင့်မြင့်အရာထမ်းသင်တန်းများကို တက်ရောက်ခဲ့ကြသည့် သင်တန်းသား ဟောင်းများမှ (၃)စောင်၊ ပြင်ပတက္ကသိုလ်များမှ (၃)စောင်၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) မှ (၁)စောင်နှင့် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) မှ (၆)စောင်၊ စုစုပေါင်း (၂၂)စောင်အား Presentation Section မှ Ethic and Well-being, HRM and International Relation, Good Governance and Policy Recommendation, Education/ Training and Others ဟူ၍ အပိုင်း(၄)ပိုင်းဖြင့်လည်းကောင်း၊ Poster Section မှ စာတမ်း (၇)စောင်ဖြင့်လည်းကောင်း စာတမ်းများကို ဖတ်ကြားတင်ပြခဲ့ပြီး တက်ရောက်သူများက သိရှိလိုသည်များကို ဆွေးနွေးမေးမြန်းခဲ့ကြပါသည်။

        အဆိုပါ စာတမ်းဖတ်ပွဲ အခမ်းအနားတွင် မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်အဖွဲ့ဝင် ဦးသုတ‌အောင်က Keynote Speech ပြောကြားခဲ့ပြီး မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် လွတ်လပ်၍မျှတသော ယှဉ်ပြိုင်မှုဝန်းကျင်တစ်ရပ် ဖန်တီးနိုင်ရန် မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်၏ ကြိုးပမ်းဆောင်ရွက်မှုများကို ဆွေးနွေးဟောပြောခဲ့ပါသည်။ စာတမ်းဖတ်ပွဲသို့ မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်အဖွဲ့ဝင်များနှင့် ကော်မရှင်ရုံးမှ ကိုယ်စားလှယ်များက အွန်လိုင်းမှ တက်ရောက်ခဲ့ကြပါသည်။