ကုန်သွယ်မှုလုပ်ထုံးလုပ်နည်းဆိုင်ရာ အနီးကပ်ပညာပေးရက်တို သင်တန်းအမှတ်စဉ် (၁/၂၀၂၃) နှင့် ကုန်သွယ်မှုနှင့်ဆက်စပ်သည့် စနစ်များအတွက် ကွန်ပျူတာအသုံးပြုမှု အဆင့်မြင့်သင်တန်း အမှတ်စဉ် (၁/၂၀၂၃)

Tue, 07/04/2023 - 05:27 -- DotTrading

၁။         ၂၀၂၃ ခုနှစ်၊ ဇူလိုင်လမှစတင်၍ ကုန်သွယ်ရေးစခန်းများတွင် သွားရောက်တာဝန်ထမ်းဆောင် မည့် ကုန်သွယ်ရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများအတွက် ကုန်သွယ်မှုလုပ်ထုံးလုပ်နည်းဆိုင်ရာ အနီးကပ်ပညာပေးရက်တို သင်တန်းအမှတ်စဉ် (၁/၂၀၂၃)နှင့် ကုန်သွယ်မှုနှင့်ဆက်စပ်သည့် စနစ်များ အတွက် ကွန်ပျူတာအသုံးပြုမှု အဆင့်မြင့်သင်တန်းအမှတ်စဉ် (၁/၂၀၂၃) တို့ကို ၂၀၂၃ ခုနှစ်၊ ဇွန်လ (၂၃) ရက်နေ့တွင် ဖွင့်လှစ်ခဲ့ပါသည်။

၂။         အဆိုပါသင်တန်းကို နယ်စပ်ကုန်သွယ်ရေးစခန်းများ၌ သွားရောက်တာဝန်ထမ်းဆောင်မည့် ဝန်ထမ်းများအနေဖြင့် ကုန်သွယ်မှုလုပ်ထုံးလုပ်နည်းများအား ကောင်းမွန်စွာသိရှိနားလည်ပြီး နေ့စဉ် လုပ်ငန်းများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်စေရန်၊ ကုန်သွယ်မှုနှင့်ဆက်စပ်သည့်စနစ်များ အသုံးပြု၍ ကုန်သွယ်မှုစာရင်းဇယားများဆောင်ရွက်ရာတွင် လျင်မြန်ချောမွေ့စွာ ဆောင်ရွက်နိုင်စေရန်၊ BTOS စနစ်အပါအဝင် ကုန်သွယ်မှုနှင့်ဆက်စပ်သည့်စနစ်များအား ကျွမ်းကျင်စွာအသုံးပြုနိုင်ရန်နှင့် ကုန်သည်လုပ်ငန်းရှင်များအပေါ် အကောင်းဆုံးဝန်ဆောင်မှုပေးနိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်ရခြင်း ဖြစ်ပါသည်။

၃။         ၂၀၂၃ ခုနှစ်၊ ဇွန်လ (၂၃) ရက်နေ့မှ (၂၅) ရက်နေ့အထိ (စနေ၊ တနင်္ဂနွေ) ရုံးပိတ်ရက်များပါ နံနက် (၁၀:၀၀) နာရီမှ (၁၆း၀၅) နာရီထိ (၃) ရက်ကြာ ဖွင့်လှစ်သင်ကြားခဲ့သည့် ကုန်သွယ်မှုလုပ်ထုံးလုပ်နည်း ဆိုင်ရာ အနီးကပ်ပညာပေးရက်တို သင်တန်းအမှတ်စဉ် (၁/၂၀၂၃)နှင့် ကုန်သွယ်မှုနှင့်ဆက်စပ်သည့် စနစ်များအတွက် ကွန်ပျူတာအသုံးပြုမှု အဆင့်မြင့်သင်တန်းအမှတ်စဉ် (၁/၂၀၂၃) တို့ကို သင်တန်းသူ၊ သင်တန်းသား စုစုပေါင်း(၇၀) ဦးတို့ တက်ရောက်သင်ကြားခဲ့ပါသည်။