ကမ္ဘာ့ရာဘာဈေးနှုန်းနှင့် ထုတ်လုပ်နိုင်မှုအလားအလာ

Sat, 10/08/2011 - 09:26 -- Anonymous (not verified)

လွန်ခဲ့တဲ့ ၁၀ စုနှစ်ကျော်ထက် ရာဘာဈေးနှုန်း နှစ်ဆဖြစ်ခဲ့ပြီး၊ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလလယ်ခန့်မှာ ယခင်နှစ်ထက် ရာဘာဈေးနှုန်း ၁၅ ရာခိုင်နှုန်းခန့် မြင့်တက်ခဲ့ပေမယ့် နောက်ပိုင်းမှာ ရာဘာဈေးနှုန်း ကျဆင်းခဲ့ပါတယ်။ လွန်ခဲ့တဲ့နှစ်ကတော့ ရာဘာတုရဲ့စရိတ်က ၇၆ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး၊ သြဂုတ်လဆန်းမှာ တစ်တန်ကို ဒေါ်လာ (၄၄၅၀) ကို ရောက်ရှိခဲ့ကာ ၁၉၉၇ ခုနှစ်ကစတွက်ရင် အမြင့်ဆုံးနှုန်းကို ရောက်ရှိခဲ့ကြောင်း သိရပါတယ်။ ယခုနှစ်မှာတော့ ထုတ်လုပ်မှုအား ကျဆင်းတာကြောင့် ရောင်းလိုအား ပြတ်လပ်နိုင်ကြောင်း သိရပါတယ်။ ကမ္ဘာ့ရာဘာဝယ်လိုအားက ၅ ဒသမ ၃ ရာခိုင်နှုန်း မြင့်တက်ပြီး ၂၀၁၂ မှာ တန်ချိန် ၁၁ ဒသမ ၅၈ သန်းကိုရောက်ရှိကာ သုံးနှစ်ဆက်တိုက် တိုးတက်မှာဖြစ်ကြောင်း Citi အုပ်စုက ခန့်မှန်းတွက်ချက်ထားကြောင်း သိရပါတယ်။ ထုတ်လုပ်မှုလည်း ၅ ဒသမ ၄ ရာခိုင်နှုန်းတိုးတက်ပြီး တန်ချိန် ၁၁ ဒသမ ၅၉ သန်းကို ရောက်ရှိနိုင်ပေမယ့် သိုလှောင်မှုကတော့ ကျဆင်းနိုင်ကြောင်း ခန့်မှန်းကြပါတယ်။ ကမ္ဘာ့ရောင်းလိုအားရဲ့ ၆၀ ရာခိုင်နှုန်းရှိတဲ့ ထိုင်းနဲ့ အင်ဒိုနီးရှားရဲ့ ထုတ်လုပ်မှုက ထိုင်းနိုင်ငံမှာ မိုးကြီးပြီး အစေးထွက် ထိခိုက်တာရယ်၊ အင်ဒိုနီးရှားမှ ရာဘာပင်များ အရွက်ကြွေပျက်မှုများပြားတာကြောင့် သာမန်အောက်ကို ရောက်နိုင်ကြောင်း သိရပါတယ်။ ရာဘာသိုလှောင်မှုကတော့ ရှန်ဟိုင်းကုန်စည်ဒိုင်ပေါ်မှာ မူတည်နိုင်ပြီး တန်ချိန် (၃၃၇၆၆) နဲ့ ရပ်တည်နေကာ လွန်ခဲ့တဲ့ ငါးနှစ်စာ ပျမ်းမျှခြင်းတန်ချိန် (၆၃၂၁၃) ရှိပြီး ဈေးနှုန်းတက်နိုင်ချေရှိကာ အထွက်နှုန်းကျတဲ့တောင်သူတွေအတွက် အမြတ်ငွေကာမိစေနိုင်တယ်လို့ သိရပါတယ်။

Source: tire review (KZW)