ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့အကြောင်း မိတ်ဆက်သင်တန်း (Beginner) သင်တန်း ဖွင့်လှစ်မှု သတင်း

Fri, 01/27/2023 - 08:21 -- DotTrading

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့အကြောင်း မိတ်ဆက်သင်တန်း (Beginner) သင်တန်း ဖွင့်လှစ်မှု

သတင်း

(အပြည့်အစုံ)

၁။      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနရှိ အရာထမ်း၊ အမှုထမ်းများအတွက် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့အကြောင်း မိတ်ဆက်သင်တန်း (Beginner) သင်တန်းအား ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၂၅)ရက်နေ့ နံနက်(၁၀း၀၀)နာရီအချိန်တွင် သင်တန်းကို စတင်ဖွင့်လှစ်ခဲ့ပါသည်။

၂။       အဆိုပါသင်တန်း မစတင်ခင်အချိန်တွင် ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် တို့သည် သင်တန်းတက်ရောက်လာသည့် သင်တန်းသားများကို တွေ့ဆုံအားပေးခဲ့ပြီး ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

၃။      အဆိုပါသင်တန်းကို ဝန်ထမ်းများ အရည်အချင်း တိုးတက်စေရန်အတွက် ရည်ရွယ်၍ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ(၂၅)ရက်နေ့မှ (၂၇) ရက်နေ့အထိ (ဗုဒ္ဓဟူးနေ့မှ ကြာသပတေးနေ့ထိ) (၃)ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ပါသည်။

၄။      အဆိုပါ သင်တန်းကို Covid-19 ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်၊ စည်းကမ်းချက်များနှင့်အညီ သင်တန်းဖွင့်လှစ်လျက်ရှိပြီး တက်‌ရောက်သည့် ကုန်သွယ်ရေးဦးစီး ဌာနရှိ ဌာနတွင်း အရာထမ်း၊ အမှုထမ်း စုစုပေါင်း(၂၅) ဦိးတို့ တက်ရောက် သင်ကြားလျက်ရှိပါ သည်။