စစ်တွေကုန်သွယ်ရေးစခန်းမှ ဘင္ဂလားဒေ့ရှ်နိုင်ငံသို့ ဖေဖါ်ဝါရီ ဒုတိယပတ်အတွင်း လယ်ယာထွက်ကုန်များ တင်ပို့မှုအ​ြေခအနေ

Tue, 02/14/2023 - 06:36 -- DotBorderdep

    မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ့်နိုင်ငံသို့ လယ်ယာထွက်ကုန်ပစ္စည်းများ၊ရေထွက်ကုန်ပစ္စည်းများ၊ သစ်တောထွက်ပစ္စည်းများနှင့် စက်မှုကုန်ချောပစ္စည်းများကို တင်ပို့လျက်ရှိရာအပတ်စဉ် လယ်ယာထွက်ကုန်များဆက်တိုက် တင်ပို့လျက်ရှိပါသည်။

    စစ်တွေကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ့်နိုင်ငံသို့ တင်ပို့လျက်ရှိသည့် လယ်ယာထွက် ကုန်အများစုမှာ မန်ကျည်းစေ့၊ မန်ကျည်းဖတ်၊ ဆီးဖတ်၊ ကြက်သွန်နီ၊ ချင်းအစို၊ ဆီးသီး ခြောက်၊ စစ်တုံဥ၊ အုန်းသီး၊ အုန်းသီးခြောက် တို့ကိုတင်ပို့လျက်ရှိပါသည်။

    ယခုသီတင်းပတ်အတွင်း စစ်တွေကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ စုစုပေါင်း ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၄၂၅)သန်း တင်ပို့ရောင်းချခဲ့သည့်အနက် လယ်ယာထွက် ကုန်တန်ဖိုး (၀.၂၀၉) ဒေါ်လာသန်းဖိုး တင်ပို့ရောင်းချခဲ့ပါသည်။ တင်ပို့ခဲ့သည့် လယ်ယာ ထွက်ကုန် များမှာ ချင်းအစို၊ မန်ကျည်းစေ့၊ မန်ကျည်းဖတ်၊ ဆီးဖတ်၊ ဆီးသီးခြောက်၊ စစ်တုံဥ၊ အုန်းသီးခြောက်တို့ တင်ပို့ခဲ့ပါသည်။ အခြားတင်ပို့ခဲ့သည့် ကုန်ပစ္စည်းများမှာ ငါးမြစ်ချင်း နှင့် ဆီးယိုထုပ် တို့ဖြစ်ပါသည်။

Border Trade News

Pages