အမေရိကန် ပြည်တွင်းလုပ်ငန်းများ ထိခိုက်မှုရှိနေသည့်အတွက် တင်သွင်းလာသည့် တရုတ်ဆိုလာပစ္စည်းများအပေါ် ဒဏ်ခတ်သည့်အနေဖြင့် အခွန်များ ကာက်ခံသွားမည်

Mon, 11/19/2012 - 09:19 -- Anonymous (not verified)

တရုတ်နိုင်ငံမှ နေရောင်ခြည်စွမ်းအင်ဆိုလာပစ္စည်းတွေ ဝင်ရောက်မှုကြောင့် အမေရိကန်ပြည်တွင်းလုပ်ငန်းများ ထိခိုက်မှု ရှိနေတဲ့အတွက် တင်သွင်းလာတဲ့ တရုတ်ဆိုလာပစ္စည်းတွေအပေါ် ဒဏ်ခတ်တဲ့ အနေနဲ့ အခွန်တွေ ကောက်ခံသွားမယ်လိ့ု အမေ ရိကန်နိုင်ငံတကာကုန်သွယ်ရေးကော်မရှင် (USITC)က နိုဝင်ဘာ ၇ ရက်မှာ ဆုံးဖြတ်ခဲ့တယ်။
အမေရိကန်စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဌာနကို တရုတ်နိုင်ငံမှ ဝင်လာတဲ့ crystalline silicon photovoltaic cells eJY modulesတွေအပေါ် တန်ပြန်စုပုံခွန်ကို ကောက်ခံဖို့ညွှန်ကြားထားပြီးဖြစ်တယ်လို့သိရတယ်။  USITC ရဲ့ စာရင်း အရ ၂၀၁၁ ခုနှစ်အတွင်း စုစုပေါင်းကီလိုဝပ် ၁ ဒသမ ၅ သန်းရှိ တရုတ်ဆိုလာပစ္စည်းတွေကို ကန်ဒေါ်လာ ၁ ဒသမ ၉ ဘီလီယံဖိုး ဝယ်ယူတင်သွင်းခဲ့ရာ အမေရိကန်နိုင်ငံ ဆိုလာဈေးကွက်ရဲ့ ၅၇ ဒသမ ၄ ရာခိုင်နှုန်းရှိကြောင်း ၊ အမေရိကန်မှာ ဆိုလာပစ္စည်းတွေထုတ်လုပ်တဲ့ လုပ်ငန်း ၁၄ ခုရှိပြီး ဝန်ထမ်း ၁၈၅၆ ဦးရှိကာ ကန်ဒေါ်လာ ၇၉၀ ဒသမ ၅ သန်း ဝန်းကျင်ဖိုး ထုတ်လုပ်လျက်ရှိတယ်။ တရုတ်နဲ့ အမေရိကန်က ကမ္ဘာ့အကြီးဆုံးဆိုလာဈေးကွက်ကြီးတွေဖြစ်ရာ အစိုးရအသီးသီးက ၎င်းင်းတို့ရဲ့ ထုတ်လုပ်သူတွေကို တန်ဖိုးမြင့်ဆိုလာ ထုတ်ကုန်များထုတ်လုပ်နိုင်ရေးတွန်းအားပေးလျက်ရှိကြောင်း USITC က အစီရင်ခံထား တယ်။ အမေရိကန်နဲ့ အနောက်နိုင်ငံတွေအနေနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရေးနဲ့ အလုပ်လက်မဲ့ဦးရေ လျော့ကျရေးကို အာရုံစိုက်နေချိန်ဖြစ်ပြီး ယခုလိုမျိုး တရုတ်ပစ္စည်းအများအပြား ဈေးကွက်အတွင်း ဝင်ရောက်ကာပြည်တွင်းလုပ်ငန်းရှင်တွေ ထိခိုက်မှုကြုံရချိန်မှာ တရုတ်နဲ့ ကုန်သွယ်ရေးတင်းမာမှုတွေ ဖြစ်ပွားလေ့ရှိတယ်။
အမေရိကန်က ပြည်တွင်းလုပ်ငန်းရှင်တွေကို ပြည်ပယှဉ်ပြိုင်မှုဒဏ်မှ သက်သာစေဖို့ အလွန်အကျွံ ကာ ကွယ်ပေးထားပြီး ပြည်ပကုန်စည်တွေအပေါ် အခွန်ကောက်ခံခြင်း၊ ပြစ်ဒဏ်ချမှတ်ခြင်းတွေ မလုပ်ဖို့နဲ့ တရုတ်အပါအဝင် အခြားနိုင်ငံတကာ အသိုင်းအဝိုင်းတွေနဲ့ပူးပေါင်းပြီး လွတ်လပ်ပွင့်လင်းမျှတတဲ့ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးဝန်းကျင်တစ်ခုကို ထိမ်းသိမ်းထားဖို့ တရုတ်နိုင်ငံစီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး  ဝန်ကြီးဌာနအနေဖြင့် အကြိမ်ကြိမ် သတိပေးပြီးဖြစ်ကြောင်း chinadaily သတင်းမှာဖော်ပြထားတယ်။    

Source: chinadaily.com.cn
ပပ