( Duty Free Shop) အရောင်းဆိုင်များမှ ပစ0x081စည်းတင်သွင်းရန် သွင်းကုန်လိုင်စင် လျှောက် ထားရာတွင် ပါဝင်ရမည့် အထောက်အထားများ

Wed, 04/24/2013 - 07:09 -- admin

(က) ကုမ္ပဏီ Letter Head ပါ သွင်းကုန်လိုင်စင်လျှောက်လွှာ

( ခ ) လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ရန်ကုန်ပြည်ပြည်ဆိုင်ရာလေဆိပ်၏ အကောက် အခွန်လွတ်ဆိုင် ဖွင့်လှစ် ထားကြောင်း ထောက်ခံချက်

( ဂ ) ဆိုင်ငှားရမ်းခပေးချေထားသော အထောက်အထား

(ဃ) နိုင်ငံခြားသုံးငွေ လက်ခံကိုင်ဆောင်ခွင့်လိုင်စင်( င ) အကောက်အခွန်ဦးစီးဌာနမှ ထုတ်ပေးထားသော Bonded Warehouse Licence

( င ) အကောက်ခွန်လွတ်အရောင်းဆိုင်တွင် ရောင်းချမည့်ပစ္စည်းများ တင်သွင်းရာတွင် တစ်ကြိမ် လျှောက်ထားပြီး ထပ်မံလျှောက် ထားခြင်းဖြစ်ပါက မူလလျှောက်ထားပြီး ပစ္စည်းများ ကို ရောင်းချပြီးကြောင်း သက်ဆိုင်ရာဘဏ်များသို့ ငွေပေးသွင်းပြီး ကြောင်းနှင့် သက်ဆိုင်ရာ အကောက်ခွန်ဌာနမှ လုပ်ထုံးလုပ်နည်းနှင့်အညီ စိစစ် စာရင်းလျော့ပြီးဖြစ်ကြောင်း အထောက် အထားစာရွက်၊ စာတမ်းများ