လယ်ယာထုတ်ကုန်စီမံခန့်ခွဲရေးအဖွဲ့၏ (၂/၂၀၂၁) ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးသို့ လယ်ယာထုတ်ကုန်စီမံခန့်ခွဲရေးအဖွဲ့ ဥက္ကဋ္ဌ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး တက်ရောက်အမှာစကားပြောကြား

Fri, 07/09/2021 - 10:28 -- pskhing

နေပြည်တော်၊  ဇူလိုင်လ ၉   လယ်ယာထုတ်ကုန်စီမံခန့်ခွဲရေးအဖွဲ့၏ (၂/ ၂၀၂၁) ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးကို (၉-၇-၂၀၂၁) ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်‌ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၃) ၌ Virtual Meeting စနစ်ဖြင့် ကျင်းပပြုလုပ် ခဲ့ရာလယ်ယာထုတ်ကုန်စီမံခန့်ခွဲရေးအဖွဲ့ ဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန၊ ဒုတိယဝန်ကြီး ဦးညွန့်အောင် တက်ရောက် အမှာစကားပြောကြားခဲ့သည်။

          ဒုတိယဝန်ကြီးက အမှာစကားပြောကြားရာတွင် တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဥပဒေအရ တောင်သူလယ်သမားများ နည်းပညာ အပြည့်အဝရရှိရေး၊ သွင်းအားစုနှင့် ထုတ်လုပ်မှုလုပ်ငန်းဆိုင်ရာများ လွယ်ကူအဆင်ပြေစွာ ပံ့ပိုး နိုင်ရေးနှင့် လယ်ယာထုတ်ကုန်များရောင်းချရာတွင် သင့်တင့်မျှတသော ဈေးကွက်နှင့် ဈေးနှုန်း ရရှိရေးတို့အတွက်  လယ်ယာထုတ်စီမံခန့်ခွဲရေးအဖွဲ့ကို  ဖွဲ့စည်းဆောင်ရွက်ခဲ့မှုအခြေအနေများ နှင့် ၄-၆-၂၀၂၁ ရက်နေ့တွင် ကျင်းပခဲ့သည့် တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဦးဆောင်အဖွဲ့၏ ပထမအကြိမ် စုံညီအစည်းအဝေးဆုံးဖြတ်ချက်များ အနက် လယ်ယာထုတ်ကုန်စီမံခန့်ခွဲရေးအဖွဲ့က ဆောင်ရွက်ရမည့်အချက် (၅) ချက်မှ အခြေခံ ရည်ညွှန်းစပါးဈေးနှုန်း ထုတ်ပြန်ကြေညာနိုင်ရေးနှင့် ကြက်သွန်နီ အခြေခံရည်ညွှန်းဈေးနှုန်း သတ်မှတ်ပြဋ္ဌာန်းနိုင်ရေးတို့အတွက် ဦးဆောင်အဖွဲ့သို့ သုံးသပ်တွက်ချက်တင်ပြရမည့် အခြေ အနေများကို ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။

          ထို့နောက် စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က လယ်ယာထုတ်ကုန်စီမံ ခန့်ခွဲရေးအဖွဲ့၏ (၁/၂၀၂၁) ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင် ရွက်ပြီးစီးမှု အခြေအနေများကိုလည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေး မှူးချုပ်က (၂/၂၀၂၁) ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးသို့ တင်ပြသည့်အမှာစာများကို လည်းကောင်း၊ ရှင်းလင်းဆွေးနွေးခဲ့ပြီး အစည်းအဝေးသို့ တက်ရောက်လာကြသူများက အမှာစာ များအပေါ် အသီးသီးဆွေးနွေးအကြံပြု တင်ပြခဲ့ကြသည်။

          အစည်းအဝေးသို့ လယ်ယာထုတ်ကုန်စီမံခန့်ခွဲ‌ရေးအဖွဲ့ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး စီမံ အုပ်ချုပ်ရေးကောင်စီဝင်များ၊ ဌာနဆိုင်ရာများနှင့် အသင်းအဖွဲ့များမှတာဝန်ရှိသူများတက်ရောက် ခဲ့ကြောင်း သတင်းရရှိသည်။