မြန်မာနိုင်ငံ၏ ပဲမျိုးစုံတင်ပို့နိုင်မှုအခြေအနေ
မြန်မာနိုင်ငံတွင်အဓိကသီးနှံများအနေဖြင့် စပါး၊ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲအမျိုးမျိုး၊ ဝါ၊ ကြံ တို့အားစိုက်ပျိုးပြီး တစ်နိုင်ငံလုံး၏ စိုက်ပျိုးထုတ်လုပ်မှုတွင် ပဲအမျိုးမျိုးစိုက်ပျိုး ထုတ်လုပ်မှုသည် ဒုတိယအများဆုံးဖြစ်ပြီး ပဲမျိုးစုံအနေဖြင့်တစ်နိုင်ငံလုံး၏ လယ်ယာထွက်ပစ္စည်းထွက်ရှိမှု၏ (၃၃%) စိုက်ပျိုးထုတ်လုပ်လျက်ရှိပါသည်။ မြန်မာနိုင်ငံ စိုက်ပျိုးမြေဧရိယာ၏ (၂၀%)ခန့်သည် ပဲမျိုးစုံ စိုက်ပျိုးနေပြီး ပဲမျိုးစုံ စိုက်ဧက၏ (၇၂%) သည် မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံများဖြစ်ပြီး ပဲလွန်း၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ ပဲယင်း၊ ကုလားပဲ၊ ပဲပုပ်၊ စားတော်ပဲနှင့် အခြားပဲများလည်း စိုက်ပျိုးကြ ပါသည်။ လက်ရှိတွင် စိုက်ပျိုးရေးကိုအခြေခံသည့်နိုင်ငံဖြစ်သည့်အားလျော်စွာ မြန်မာနိုင်ငံမှ တင်ပို့သည့် ပို့ကုန်အများစုသည် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်ပြီး ပဲမျိုးစုံသည်လည်းအဓိက ပို့ကုန်တစ်မယ် ဖြစ်ပါသည်။
မြန်မာနိုင်ငံမှ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုအနေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်စာရင်းများအရ ပင်လယ်ရေကြောင်းမှ (၁၁၅၅၂၂.၆၇၆)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၈၆.၇၀၈)သန်း၊ နယ်စပ်မှ (၁၆၁၂၉.၆၉၅)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၄.၇၅၀)သန်း၊ စုစုပေါင်း (၁၃၁၆၅၂.၃၇၁) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၀၁.၄၅၈)သန်း တင်ပို့နိုင်ခဲ့ပြီး ယခု (၂၀၂၄-၂၀၂၅) ဘဏ္ဍာနှစ် (၁-၄-၂၀၂၄ မှ ၃-၅-၂၀၂၄ ရက်နေ့ထိ) ကာလအတွင်း ပင်လယ်ရေကြောင်းမှ (၂၄၇၇၀၆.၇၀၅)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၂၁၁.၇၅၂)သန်း၊ နယ်စပ်မှ (၆၃၄၁.၁၇)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၅.၇၇၄)သန်း၊ စုစုပေါင်း (၂၅၄၀၄၇.၈၇၅) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၂၁၇.၅၂၆)သန်း တင်ပို့ နိုင်ခဲ့ပါသည်။
၂၀၂၄-၂၀၂၅ဘဏ္ဍာနှစ် (၁-၄-၂၀၂၄ မှ ၃-၅-၂၀၂၄ ရက်နေ့ထိ)ကာလအတွင်း ပဲအမျိုးအစားအလိုက် တင်ပို့နိုင်မှု အခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည် -
အမေရိကန်ဒေါ်လာသန်း | |||||
ကီလို-ထောင်ပေါင်း | |||||
စဉ် | အကြောင်းအရာ |
ရေတွက် ပုံ |
၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် (၃-၅-၂၀၂၄) ထိ |
||
ပင်လယ် ရေကြောင်း |
နယ်စပ် | ပေါင်း | |||
၁ | မတ်ပဲ | US$ | ၁၀၀.၅၄၀ | ၀.၀၆၂ | ၁၀၀.၆၀၂ |
ကီလို | ၁၀၄၂၈၃.၇၉၇ | ၆၆.၀၀၀ | ၁၀၄၃၄၉.၇၉၇ | ||
၂ | ပဲတီစိမ်း | US$ | ၄၈.၅၆၅ | ၀.၀၃၄ | ၄၈.၅၉၉ |
ကီလို | ၇၃၉၁၃.၇၄၁ | ၃၄.၀၀၀ | ၇၃၉၄၇.၇၄၁ | ||
၃ | ပဲစဉ်းငုံ | US$ | ၃၅.၅၇၂ | ၃၅.၅၇၂ | |
ကီလို | ၃၂၄၉၄.၀၀၀ | ၃၂၄၉၄.၀၀၀ | |||
၄ | ကုလားပဲ | US$ | ၀.၄၀၄ | ၀.၄၀၄ | |
ကီလို | ၄၅၁.၅၆၁ | ၄၅၁.၅၆၁ | |||
၅ | ပဲလွန်းဖြူ | US$ | ၅.၀၇၃ | ၅.၀၇၃ | |
ကီလို | ၇၈၀၁.၃၉၃ | ၇၈၀၁.၃၉၃ | |||
၆ | မြေထောက်ပဲ | US$ | ၄.၀၄၆ | ၀.၉၃၁ | ၄.၉၇၇ |
ကီလို | ၃၉၅၆.၆၄၉ | ၈၀၆.၀၀၀ | ၄၇၆၂.၆၄၉ | ||
၇ | ထောပတ်ပဲ | US$ | ၄.၉၀၄ | ၂.၂၃၂ | ၇.၁၃၆ |
ကီလို | ၄၃၅၃.၂၄၀ | ၂၀၇၀.၀၀၀ | ၆၄၂၃.၂၄၀ | ||
၈ | ပဲယင်း | US$ | ၇.၂၄၅ | ၀.၄၂၁ | ၇.၆၆၆ |
ကီလို | ၁၃၂၆၃.၇၃၇ | ၇၅၅.၉၉၀ | ၁၄၀၁၉.၇၂၇ | ||
၉ | ပဲကြီး | US$ | ၁.၆၆၆ | ၀.၈၅၄ | ၂.၅၂၀ |
ကီလို | ၁၈၁၄.၈၆၀ | ၉၄၁.၀၀၀ | ၂၇၅၅.၈၆၀ | ||
၁၀ | ပဲကတ္တီပါ(စွန်တာနီ) | US$ | ၀.၄၂၀ | ၀.၄၂၀ | |
ကီလို | ၆၇၇.၇၂၃ | ၆၇၇.၇၂၃ | |||
၁၁ | စွန်တာပြာ | US$ | ၀.၁၈၀ | ၀.၁၈၀ | |
ကီလို | ၂၈၈.၀၀၀ | ၂၈၈.၀၀၀ | |||
၁၂ | ပဲကတ္တီပါ(စွန်တာနီ/ပြာ) | US$ | ၀.၀၂၀ | ၀.၀၂၀ | |
ကီလို | ၃၃.၀၀၀ | ၃၃.၀၀၀ | |||
၁၃ | ပဲဖြူလေး | US$ | |||
ကီလို | |||||
၁၄ | ဘိုကိတ်ပဲ | US$ | ၂.၉၃၇ | ၂.၉၃၇ | |
ကီလို | ၄၂၄၉.၅၀၀ | ၄၂၄၉.၅၀၀ | |||
၁၅ | ပဲပုတ်စေ့ | US$ | |||
ကီလို | |||||
၁၆ | ပဲနီကြား | US$ | ၀.၅၁၀ | ၀.၅၁၀ | |
ကီလို | ၈၄၉.၀၀၀ | ၈၄၉.၀၀၀ | |||
၁၇ | နိုင်လွန်ပဲ | US$ | ၀.၂၆၁ | ၀.၂၆၁ | |
ကီလို | ၃၉၉.၀၀၀ | ၃၉၉.၀၀၀ | |||
၁၈ | မြေပဲဆံ | US$ | ၀.၁၈၂ | ၀.၃၈၀ | ၀.၅၆၂ |
ကီလို | ၁၃၉.၇၀၀ | ၂၈၁.၁၈၀ | ၄၂၀.၈၈၀ | ||
၁၉ | အခြားပဲ | US$ | ၀.၀၁၈ | ၀.၀၆၉ | ၀.၀၈၇ |
ကီလို | ၁၈.၈၀၄ | ၁၀၆.၀၀၀ | ၁၂၄.၈၀၄ | ||
ပဲတင်ပို့မှုစုစုပေါင်း | US$ | ၂၁၁.၇၅၂ | ၅.၇၇၄ | ၂၁၇.၅၂၆ | |
ကီလို | ၂၄၇၇၀၆.၇၀၅ | ၆၃၄၁.၁၇၀ | ၂၅၄၀၄၇.၈၇၅ |