ဗီယက်နမ်ဆန်ကို တရုတ်နှင့် ထိုင်းနိုင်ငံသို့ နယ်စပ်မှတဆင့် မှောင်ခိုစနစ်ဖြင့် တင်ပို့ရောင်းချမှုများနေ

Thu, 09/13/2012 - 09:42 -- Anonymous (not verified)

12 September 2012

ဗီယက်နမ်ဆန်များကို တရုတ်နှင့် ထိုင်းနိုင်ငံသို့ နယ်စပ် မှ တဆင့် မှောင်ခိုစနစ်ဖြင့် တင်ပို့ရောင်းချမှု များလာသဖြင့် ဆန်တင်ပို့သူများအနေဖြင့် ၎င်းတို့တင်ပို့ရန် စာချုပ်ချုပ်ဆိုထား သော ပမာဏရရှိအောင် ဈေးကွက်အတွင်းမှ ဆန်ဝယ်ယူရန်ပင် ခက်ခဲနေကြောင်း ဗီယက်နမ်စားနပ်ရိက္ခာအသင်း (VFA) က ပြောကြားလိုက်သည်။

ဗီယက်နမ်မှဆန်တင်ပို့သူများသည် ယခုနှစ်ဇူလိုင်လနှင့်သြဂုတ်လအတွင်း ဆန်တင်ပို့ရန် စာချုပ်များစွာ ချုပ်ဆိုခဲ့ရာသြဂုတ်လ ၃၁ ရက်နေ့အထိ ကာလအတွင်းဆန်တန်ချိန်စုစုပေါင်း ၆.၈ သန်း တင်ပို့ပြီးစီးရမည်ဖြစ်သည်။ ယင်းပမာဏသည် ယခင်နှစ်အလားတူကာလကထက် ၁၃ ရာခိုင်နှုန်း မြင့်မားကြောင်း VFA က ပြောကြားသည်။

၎င်းအပြင် ဗီယက်နမ်ဆန်တင်ပို့သူများသည် စက်တင်ဘာနောက်ပိုင်းမှစ၍ ဆန်တန်ချိန် ၁.၇ သန်း ထပ်မံ တင်ပို့ရဖွယ်ရှိသော်လည်း ဆန်တင်ပို့သူများထံတွင် ဆန်သိုလှောင်ထားမှုများစွာ မရှိသဖြင့် VFA က တင်ပို့ရန် ဆန်လုံ လုံလောက်လောက်သိုလှောင်ထားကြရန် အကြံပြုထားသည်ဟုသိရသည်။ စာချုပ်ချုပ်ဆိုထားသည့်အတိုင်း ဆန် တင်ပို့နိုင်ခြင်းမရှိပါက ဆန်ဝယ်ယူရန် စာချုပ်ချုပ်ဆိုထားသော နိုင်ငံများကဒဏ်ကြေး တောင်းခံလိမ့်မည်ဟု VFA က ဆန်တင်ပို့သူများအား သတိပေးထားသည်။

                                                                                                                 Source: blackseagrain.net

pa pa