စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး အိန္ဒိယသမ္မတနိုင်ငံ၊ ကော်လ်ကတ္တားမြို့၌ ကျင်းပသည့် BIMSTEC Business Conclave ပိတ်ပွဲအခမ်းအနားသို့တက်ရောက်၍ ဂုဏ်ထူးဆောင်ဧည့်သည်တော်အဖြစ် တက်‌ရောက်အမှာစကားပြောကြား

Fri, 06/16/2023 - 03:47 -- mocadmin

  အိန္ဒိယသမ္မတနိုင်ငံ၊ ကော်လ်ကတ္တားမြို့၌ ကျင်းပပြုလုပ်နေသည့် BIMSTEC Business Conclave တွင်  ဂုဏ်ထူး‌ဆောင်ဧည့်သည် တော်အဖြစ် တက်ရောက်နေသည့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ဒေသစံတော်ချိန် ၁၂:၃၀ နာရီ မှ ၁၄:၀၀ နာရီအထိ Hytta Regency Kolkata Hotel၊ Ballroom ခန်းမ (၁)တွင် ကျင်းပပြုလုပ်သည့် ဘင်းမ်စတက်စီးပွားရေးပူးပေါင်းဆောင်ရွက်မှု Valedictory Session (ပိတ်ပွဲအခမ်းအနား) သို့ တက်ရောက်၍ ဂုဏ်ထူးဆောင် ဧည့်သည်တော်အဖြစ် တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။

  အဆိုပါ ပိတ်ပွဲအခမ်းအနားသို့ အိန္ဒိယနိုင်ငံ၊ ပြည်ပ‌ရေးရာနှင့် ပညာရေးဝန်ကြီးဌာနဝန်ကြီး (Minister of State) H.E Dr. Rajkumar Ranjan Singh၊ ဘင်းစတက်နိုင်ငံများ၏အတွင်းရေးမှူးချုပ် H.E Mr. Tenzin Lekphell ၊ အိန္ဒိယနိုင်ငံကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌ Mr. Mehul Mohanka နှင့် အိန္ဒိယနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင် အပါအဝင် ဘင်းစတက်နိုင်ငံများမှ သံတမန် အကြီးအကဲများက အမှာစကား အသီးသီးပြောကြားခဲ့ပါသည်။

  ပြည်ထောင်စုဝန်ကြီးသည် အဆိုပါပိတ်ပွဲအခမ်းအနားသို့ မတက်ရောက်မီ ဒေသစံတော်ချိန် ၁၀:၀၀ နာရီတွင် ကျင်းပသော “Textiles and Garments” ဖိုရမ်နှင့် “Financial Inclusion, Technology and Regulatory Framework” ဖိုရမ်သို့ တက်ရောက် အားပေးခဲ့ပါသည်။ အဆိုပါ Textiles and Garments ဖိုရမ်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်၏ အထွေထွေအတွင်းရေးမှူးချုပ် ဒေါ်ခိုင်ခိုင်နွယ်နှင့် Financial Inclusion, Technology and Regulatory Framework ဖိုရမ်တွင် မြန်မာနိုင်ငံအမျိုးသမီး စွမ်းဆောင်ရှင်များအသင်း အတွင်းရေးမှူးချုပ် ဒေါ်ချောခင်ခင်တို့က Panelist များအဖြစ် ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

Pages