ဒဿမအကြိမ်မြောက် မြန်မာ - တရုတ် နယ်စပ်ကုန်သွယ်ရေးကုန်စည်ပြပွဲကို မူဆယ်(၁၀၅)မိုင်၌ ၂၀၁၁ ခုနှစ် ဧပြီလ (၂၉) ရက်နေ့တွင် ကျင်းပသွားမည်။

Mon, 07/25/2011 - 03:58 -- Anonymous (not verified)

မြန်မာ - တရုတ် နယ်စပ်ကုန်သွယ်ရေးကုန်စည်ပြပွဲကို ၂၀၀၂ ခုနှစ်မှစတင်၍ မြန်မာနိုင်ငံနှင့် တရုတ် နိုင်ငံတို့၏ နယ်စပ်မြို့များ၌ နှစ်စဉ်တစ်လှည့်စီ ကျင်းပလျက်ရှိရာ ယခုနှစ်တွင် မြန်မာနိုင်ငံဘက်မှ ဒဿမ အကြိမ်မြောက်အဖြစ် လက်ခံကျင်းပသွားမည်ဖြစ်သည်။ အဆိုပါ ၂၀၁၁ ခုနှစ် မြန်မာ - တရုတ် နယ်စပ် ကုန်သွယ်ရေး ကုန်စည်ပြပွဲ(မူဆယ်)ကို ၂၀၁၁ ခုနှစ်၊ ဧပြီလ (၂၉) ရက်နေ့မှ မေလ (၁) ရက်နေ့အထိ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့ (၁၀၅)မိုင်ကုန်သွယ်ရေးဇုန်တွင် ခမ်းနား သိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းသတင်းရရှိပါသည်။ ကုန်စည်ပြပွဲကို နှစ်နိုင်ငံအပြန်အလှန် ကုန်သွယ်မှု ပိုမို တိုးတက်စေရန်နှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်နိုင်စေရန်၊ စီးပွားရေးအခွင့်အလမ်းကောင်းများနှင့် မိတ်ဆွေစစ်၊ မိတ်ဆွေကောင်းများရှာဖွေရရှိရန်၊ မြန်မာနှင့် တရုတ်နိုင်ငံတို့အကြားရရှိပြီးချစ်ကြည်ရင်းနှီးမှုကိုပိုမို ခိုင်မြဲရှင်သန်စေရန်နှင့်တိုးမြှင့်ရန် စသောရည်ရွယ်ချက်များဖြင့် ကျင်းပကြောင်းသိရှိရပါသည်။