ဆန်ဈေးနှုန်းများ မြင့်တက်ခြင်းသည် အင်ဒိုနီးရှား၏ ဝယ်လိုအား ကြောင့်လည်း သက်ဆိုင်

Thu, 09/01/2011 - 04:03 -- Anonymous (not verified)

ကမ္ဘာ့ဆန်ဈေးနှုန်းတွေ မြင့်တက်ခဲ့ရခြင်းမှာ ထိုင်းဆန်ဈေးနှုန်းကတိကဝတ် အစီအစဉ်ကြောင့်သာမက အင်ဒိုနီးရှားနိုင်ငံရဲ့ ဝယ်လိုအားတိုးတက်လာမှုကြောင့်လည်းဖြစ်ကြောင်း သတင်းရရှိပါတယ်။
ထိုင်းနိုင်ငံမှ လယ်သမားတွေနဲ့ ဆန်ကုန်သွယ်သူတွေက အစိုးရမှဈေးနှုန်းအမြင့်ပေးဝယ်မှုကိုစောင့်မျှော် ကာ ဆန်သိုလှောင်ထား ကြတယ်။ ဒါ့အပြင် ဗီယက်နမ် ဆန်ဈေးနှုန်း တွေကလည်း အင်ဒိုနီးရှားနိုင်ငံရဲ့ ဝယ်လိုအား ကောင်းမွန်မှုကြောင့် ပြီးခဲ့တဲ့ ရက်သတ္တပတ် အတွင်းမှာ သုံးနှစ်အတွင်း ဈေးအမြင့်ဆုံးကို ရောက်ရှိသွားခဲ့တယ်။
သြဂုတ်လ ၂၄ ရက်နေ့က ထိုင်းနိုင်ငံရဲ့ ၁၀၀ ရာခိုင်နှုန်း Grade Bဆန်ဈေးနှုန်းက ပြီးခဲ့တဲ့ ရက်သတ္တ ပတ်ကထက် ၂ ဒသမ ၅ ရာခိုင်နှုန်းဈေးတက်သွားကာ တစ်တန်ကို ကန်ဒေါ်လာ ၆၁၅ ကိုရောက်ရှိသွားခဲ့တယ်။
ဗီယက်နမ်ရဲ့ ဆန်အဓိကတင်ပို့သူဖြစ်တဲ့ Vinafood 2 ကုမ္ပဏီက သြဂုတ်လ ၁၈ ရက်နေ့က ၁၅ မှတ်ဆန်ကို တစ်တန်ကို ကန်ဒေါ်လာ ၅၅၀ နီးပါးနဲ့ အင်ဒိုနီးရှားကို ဆန်တန်ချိန် ၃ သိန်းကိုရောင်းချပေးသွားဖို့ ချုပ်ဆိုခဲ့ ကြောင်း ဗီယက်နမ်နိုင်ငံတော်ပိုင်သတင်းစာမှာ သြဂုတ်လ ၂၄ ရက်နေ့က ရေးသားဖော်ပြထားတယ်။
ဗီယက်နမ် ၅ မှတ်ဈေးနှုန်းက တစ်တန်ကို ကန်ဒေါ်လာ ၅၇၀ မှ ၅၈၀ ကြားရှိပြီး ယခင်ရက်သတ္တပတ်က ဈေးမှာ ကန်ဒေါ်လာ ၅၄၅ မှ ၅၆၀ က ဈေးတက်သွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရတယ်။ ၂၅ မှတ်ဆန်ဈေးနှုန်း ကလည်း တစ်တန်ကို ကန်ဒေါ်လာ ၅၀၀ မှ ၅၂၀ ကြားနဲ့ ကန်ဒေါ်လာ ၅၃၀ မှ ၅၄၀ ကြားကို ဈေးတက်သွားကြောင်း သတင်းရရှိပါတယ်။
လာမဲ့ တတိယကောက်ရိတ်သိမ်းချိန်မှာ စပါးတန်ချိန် ၃ သန်းထွက်ရှိကာ မဲခေါင်မြစ်ဝကျွန်းပေါ် ဒေသရဲ့ ဆန်ထွက်နှုန်းကို ၂၀၁၀ ခုနှစ်ကထက် ၃ ရာခိုင်နှုန်းမြင့်တက်ကာ တန်ချိန် ၂၁ ဒသမ ၇ သန်းကို ရောက်ရှိနိုင်ကြောင်း ခန့်မှန်းထားပါတယ်။။
Source: thesundaily.my
အေးမွန်မွန်လှိုင်