စခန်းစုံမှ မြန်မာ့ဖရဲ တင်ပို့

Tue, 03/22/2016 - 05:12 -- admin_ygn

   မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ  မတ် ၅ ရက်မှ ၁၁ ရက်တာကာလအတွင်း ကန် ဒေါ်လာ  ၃ ဒသမ ၃၀၅ သန်း တန်ဖိုးရှိ ဖရဲသီး ၃၁၁၀၀ တန်၊ မြန်မာ-ထိုင်း နယ်စပ်ရှိ တာချီလိတ် ကုန်သွယ်ရေး စခန်းမှ ကန်ဒေါ်လာ ၃၂၇၆၀ တန်ဖိုးရှိ ဖရဲသီးတန် ၂၀၀ နဲ့ မြန်မာ-အိန္ဒိယ နယ်စပ်ရှိ  ရိဒ်ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ သုည ဒသမ ၀၄၁ သန်း တန်ဖိုးရှိ ဖရဲသီး ၃၃၃ တန်ခွဲ တင်ပို့ခဲ့ ပါတယ်။ ယခင်တစ်ပတ်ကပုံမှန်တင်ပို့ နေကျဖြစ်တဲ့မူဆယ်နယ်စပ်ကသာ ဖရဲသီးတန်ချိန် ၁၇၇၅၀ တင်ပို့ခဲ့တာပါ။မန္တလေးအနီးပတ်ဝန်းကျင်များမှ ဖရဲသီးထွက်ရှိမှုများပြားလာတာကြောင့် တရုတ်ပြည်သို့တင်ပို့တဲ့ ဖရဲသီးဈေးကွက်မှာဖရဲသီးစထွက်သည့် ဒီဇင် ဘာလကုန်ခန့်မှဇန်နဝါရီလအတွင်း ဈေးနှုန်းများ မြင့်တက်ခဲ့ပြီး ဖေဖော်ဝါရီ လ တတိယပတ်မှ စတင်ကာ ဈေးကျဆင်း သွားကြောင်းသိရပါတယ်။ မူဆယ် ကုန်စည်ဒိုင်သို့ တစ်ရက်လျှင် ဖရဲကား ကားစီးရေ ၁၅၀-၂၅၀ ခန့်အထိအဝင်ရှိပါတယ်။ချင်းပြည်နယ်ရိဒ်ခေါဒါရ်မြို့မှာ ရိဒ်ရေကန်သို့ အလည်အပတ်ခရီးလာရောက်သူများပြားခြင်းတို့ကြောင့် နွေရာသီကာလနှင့် ပွင့်လင်းရာသီကာလတွင်လူစည်ကားပြီးဖရဲသီးရောင်းဝယ်မှု ဈေးကွက်ဖြစ ်ထွန်းလျက်ရှိကြောင်း၊ ရိဒ်ဒေသကို တင်ပို့တဲ့ ဖရဲသီးများမှာ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်တစ်ဝိုက်မှ ဝယ်ယူလာခြင်း ဖြစ်ကြောင်းသိရပါတယ်။  

မော်မော်အောင်

 

Border Trade News

Pages