ပဲစင်းငုံ အရှုံးပေါ်

Tue, 03/22/2016 - 04:47 -- admin_ygn

   ပခုက္ကူကုန်စည်ဒိုင်တွင် ပဲစင်းငုံအသစ်များ ဒီဇင်ဘာနောက်ဆုံးပတ်နဲ့ ဇန်နဝါရီလမှာစတင်ဝင်ရောက်လာပါတယ်။ဈေးစတင်ဖွင့်လှစ်စဉ်က တစ်တင်းကို ၄၅၀၀၀ ကျပ် ဖြင့်ဈေးဖွင့်ခဲ့သော်လည်းပြည်ပဆွဲလက်ရှိ သော်လည်း အထွက်နည်းခြင်း၊ နယ်ဆင်းစဉ်အတွေ့အကြုံမေးမြန်းလေ့လာမှုအရ တစ်ဧက ၃ တင်းနှင့် တောင်သူများမှာ အလွန်ရမှ ၅ တင်းသာ  ရရှိခြင်းတို့ကြောင့် တစ်တင်းကို ၅၂၀၀၀ ကျပ်အထိ ဈေးမြင့်တက်ခဲ့ သော်လည်းနောက်ပိုင်းတွင် ၄၄၁၀၀ ကျပ်ဈေးအထိကျဆင်းလာခဲ့သဖြင့်ယခင်အမြင့်ဈေး ၅၂၀၀၀ ကျပ်နှင့် ဝယ်ယူသိုလှောင်ထားသူများအနေဖြင့် တစ်တင်းကို ၈၀၀၀ ကျပ်ခန့် အရှုံးပေါ်နေကြသဖြင့် ''ဘယ်လိုလဲ ပဲစင်းငုံ''လို့ မေးရမလိုဖြစ်နေကြောင်း ကုန်သည်ပွဲစားလောကတွင် ပြောဆို နေကြကြောင်း သိရပါတယ်။
ပပရွှေ- ပခုက္ကူ

 

Local Trade News

Pages