ကော့သောင်းနဲ့မြိတ်ကုန်သွယ်ရေးစခန်းမှ ရေထွက်ကုန်ပိုမိုတင်ပို့

Mon, 03/21/2016 - 09:23 -- admin_ygn

   မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီကုန်သွယ်ရေးဇုန်၊ကော့သောင်းကုန်သွယ်ရေးစခန်းနဲ့ မြိတ်ကုန်သွယ်ရေး စခန်းတို့မှ ၂၀၁၆ ခုနှစ် မတ် ၅ ရက်မှ ၁၃ ရက်တာကာလအတွင်း ကန် ဒေါ်လာ ၄ ဒသမ ၁၇၀ သန်း တန်ဖိုးရှိ ရေထွက် ကုန် ၄၉၆၈ တန်ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ယခင်သီတင်းပတ်နဲ့ နှိုင်းယှဉ် ပါက ၁၆၈၃ တန်နီးပါး ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။မြဝတီကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ သုည ဒသမ ၁၂၁ သန်းတန်ဖိုးရှိ ရေထွက်ကုန်များဖြစ်တဲ့ ငါးမျိုးစုံ ၈၃ တန်နီးပါး ၊ ပုစွန်နှစ်တန်ကျော်နဲ့ကဏန်း ၁၀ တန်ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်သီတင်းပတ်နဲ့ နှိုင်းယှဉ်ပါက ၅၅ တန်ကျော် လျော့နည်းတင်ပို့ခဲ့ပါတယ်။ကော့သောင်းကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ ၁ ဒသမ ၇၂၃ သန်းတန်ဖိုးရှိ ရေထွက်ကုန်များဖြစ်တဲ့ ငါးမျိုးစုံ တန် ၂၁၀၀ ကျော် ၊ အခြားရေထွက်ပစ္စည်း ၇၅ တန်ကျော်၊ ကင်းမွန် ၃၂ တန်နီးပါး၊ပုစွန် ခြောက် တန်ကျော်၊ ပင်လယ်ငါးရှဉ့် သုံးတန်ကျော်နဲ့ ရေဘဝဲ  တစ်တန်နီးပါးတင်ပို့နိုင်ခဲ့ပါ တယ်။ ယခင်သီတင်းပတ်နဲ့ နှိုင်းယှဉ်ပါက ၇၆၂ တန်ကျော် ပိုမိုတင်ပို့ခဲ့ပါတယ်။မြိတ်ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ ၂ ဒသမ ၃၂၆ သန်းတန်ဖိုးရှိ ရေထွက်ကုန်များဖြစ်တဲ့ ငါးမျိုးစုံ ၁၃၆၉ တန်ကျော်၊ငါးမှုန့် ၁၂၆၀ တန်ကျော်၊ ရေငန်ပုစွန် ၁၈ တန် ကျော်၊ကဏန်းသေးအသေနှစ်တန်ကျော်၊ ကင်းမွန်နှစ်တန် ကျော်နဲ့ သဲကဏန်း ၆၂၀ ကီလိုဂရမ် တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်သီတင်းပတ်နဲ့နှိုင်းယှဉ်ပါက ၉၇၅ တန်ကျော် ပိုမိုတင်ပို့ နိုင်ခဲ့ပါတယ်။
ခင်မြနွယ်

 

Border Trade News

Pages