အာဆီယံဒေသကို အရည်အသွေးပြည့်ဝသည့် ခရီးသွားလုပ်ငန်း ဒေသတစ်ခုအဖြစ် အကောင်အထည်ဖော်မည်

           ၂၀၂၅ ခုနှစ်မှာ အာဆီယံဒေသကို အရည်အသွေး ပြည့်ဝတဲ့ ခရီးသွားဒေသဖြစ်လာအောင် ဦးတည်ဆောင်ရွက် လျက်ရှိရာ  တစ်မူထူးခြားပြီး အမျိုးမျိုးသောဒေသဆိုင်ရာ အတွေ့အကြုံတွေပေးနိုင်ဖို့အတွက် စီစဉ်ဆောင် ရွက်လျက် ရှိကြောင်း နေးရှင်းသတင်းမှာ ဖော်ပြပါတယ်။ အာဆီယံအဖွဲ့အနေနဲ့  ခရီးသွားလုပ်ငန်းဒေသတစ်ခု ဖြစ်လာအောင်ဆောင်ရွက်ရန် ဆန္ဒရှိပြီး  ခရီးသွားလုပ်ငန်း အော်ပရေတာများက  ခရီးသွားလုပ်ငန်းအစီအစဉ်တွေ ကို တီထွင်ဆန်းသစ်မှုရှိအောင်ရေးဆွဲကာ ဒေသတွင်းအချင်းချင်း ခရီးသွားလာမှု လုပ်ငန်းကိုတိုးမြှင့်ဆောင်ရွက်ရန် တိုက်တွန်းထားပါတယ်။
           ပဏာမထုတ်ပြန်တဲ့စာရင်းများအရ အာဆီယံ အဖွဲ့ဝင် နိုင်ငံများသို့ ဝင်ရောက်လာတဲ့ခရီးသွား အရေအတွက်က ၉၈ သန်းရှိခဲ့ရာ ၂၀၁၄ ခုနှစ်က အခြေအနေနဲ့ နှိုင်းယှဉ်ပါက ၇ ဒသမ ၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါတယ်။ အာဆီယံဒေသအချင်း ချင်း  ခရီးသွားလာမှုက ခရီးသည်ဝင်ရောက်မှုအားလုံးရဲ့ထိပ် ဆုံးမှာရှိနေပြီး ၂၀၁၅ ခုနှစ်က ဝင်ရောက်လာတဲ့ခရီးသည် အားလုံးရဲ့ ၄၂ ရာခိုင်နှုန်းအထိရှိခဲ့ပါတယ်။ ၂၀၁၆ ခုနှစ် နှစ်ဦးပိုင်းမှာ အာဆီယံအ သိုက်အဝန်းကို ထူထောင်ခဲ့ပြီးဖြစ်တာနဲ့အညီ အာဆီယံ ၁၀ နိုင်ငံမှခရီးသွား လုပ်ငန်းဝန်ကြီးများက ဇန်နဝါရီဒုတိယပတ်မှာ စီမံကိန်း မူကြမ်းဖြစ်တဲ့ " ASEAN Tourism Strategic Plan for 2016-25" ကို ရေးဆွဲခဲ့ကြပါတယ်။ ခရီးသွားဝန်ကြီးများကအာဆီယံ ဒေသကို တစ်ခုတည်းသောခရီးသွားလုပ်ငန်းဒေသအဖြစ် ဆောင်ရွက်နိုင်ဖို့အတွက် ခရီးသွားလုပ်ငန်းလှုပ်ရှားမှုတစ်ခု အဖြစ် "Vist  ASEAN @ 50"  ကို ရေးဆွဲခဲ့ကြပါတယ်။
           Vist  ASEAN @ 50 အရ ထင်ရှားတဲ့ ခရီးသွား အစီ အစဉ်၊ ပြပွဲများနဲ့  အတွေ့အကြုံစတဲ့အစီအစဉ်ပေါင်း ၆၀၀ ကျော်ကိုစီစဉ်ဆောင်ရွက်ပြီး ထိုအစီအစဉ်များအရ  ဒေသရဲ့ ယဉ်ကျေးမှုအမွေအနှစ်နဲ့ သဘာဝပတ်ဝန်း ကျင်အခြေအနေ တွေကို တွေ့ထိခံစားနိုင်အောင်ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ ထိုမျှမက အာဆီယံပြည်သူတွေရဲ့ လှိုက်လှဲပျူငှာတဲ့ ဧည့်ဝတ်ကျေပွန်မှုတွေကိုပါခံစားသိရှိနိုင်မှာ ဖြစ်ပါတယ်။ အဓိကရည်မှန်းချက်ထားတဲ့ ေ ဈးကွက်တွေကဒေသ တွင်း၊ အာရှပစိဖိတ်အရှေ့အလယ်ပိုင်းနဲ့ ဥရောပမှ ခရီးသွား တွေဖြစ်ပါတယ်။