ဖွံ့ဖြိုးရေးကုန်ပစ္စည်းများအတွက် အခွန်လျှော့ရန် အင်ဒိုနီးရှားနိုင်ငံက တိုက်တွန်း

Fri, 11/27/2015 - 10:30 -- admin_ygn

ကျေးလက်ဒေသဖွံ့ဖြိုးရေး သို့မဟုတ် ဖွံ့ဖြိုးရေးကုန် ပစ္စည်းများ  (Davelopment Goods)  အဖြစ် သတ်မှတ်ထား တဲ့ ကုန်ပစ္စည်းများအတွက် အခွန်လျှော့ချပေးမယ့် မူဝါဒကို ရေးဆွဲဖို့ အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပတဲ့ အေပက်ခေါင်းဆောင် များ ရက်သတ္တပတ်(APEC Economic Leaders Week-AELW) မှာတိုက်တွန်းသွားမှာဖြစ်ကြောင်း အင်တာရာ နယူးစ် သတင်း မှာ ဖော်ပြထားပါတယ်။''အာရှပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ဖိုရမ် (အေပက်)ကို   တက်ရောက်လာကြမယ့်   အဖွဲ့ ဝင်၂၁ နိုင်ငံ အနက် လေးနိုင်ငံက ဖွံ့ဖြိုးရေးကုန်ပစ္စည်း  အယူအဆကို ဦး ဆောင်ဦးရွက်ပြုဆောင်ရွက်သွားမှာဖြစ်ပါတယ်။   ဒီလိုထုတ် ကုန်ပစ္စည်းများအတွက် အပြည်ပြည်ဆိုင်ရာ    ကုန်သွယ်မှုမှာ အထူးအထောက်အပံ့တွေထားပေးဖို့   ကျွန်တော်တို့တောင်း ဆိုသွားမှာဖြစ်ပါတယ်'' လို့ ကုန်သွယ်ရေးဝန်ကြီးသောမတ်လမ် ဘောင်းက အေပက်ဆွေးနွေးပွဲအပြီး အလွတ်သဘော တွေ့ ဆုံပွဲမှာ နိုဝင်ဘာ ၁၆ ရက်က ပြော ပါတယ်။ဦးဆောင်ဦးရွက်ပြုဆောင်ရွက်သွားမယ့်    နိုင်ငံလေး နိုင်ငံက  ပီရူး၊  ပါပူဝါနယူးဂီနီ၊ ယူးဂီ၊  ဗီယက်နမ်နဲ့  အင်ဒိုနီးရှား နိုင်ငံတို့ဖြစ်ပါတယ်။ အကယ်၍ ဒီအယူအဆကို အေပက် အဖွဲ့ ဝင်နိုင်ငံတွေက အတည်ပြုလိုက်မယ်ဆိုရင် ဖွံ့ဖြိုးရေးကုန် ပစ္စည်အဖြစ် သတ်မှတ်ခံရတဲ့  ကုန်ပစ္စည်းအတွက်  အခွန် လျှော့ပေါ့ကောက်ခံမှာဖြစ်ပါတယ်။အထူးသဖြင့် သူတို့ ထုတ်ကု န်တွေ နဲ့ ပတ်သက်ပြီး လယ်သမားတွေက နည်းပညာဆိုင်ရာအတားအဆီးတွေ ကြုံ တွေ့နေရတဲ့အတွက် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုကို ဆောင်ရွက်ရတဲ့အခါ လယ်သမားတွေ အတွက် အထောက် အပံ့တွေ အထူးတလည်  ဆောင်ရွက်ပေးဖို့လိုနေကြောင်း ဝန်ကြီး သောမတ်က ပြောပါတယ်။''တကယ်တမ်းကျတော့ ကျွန်တော်တို့က အခွန် သုည ရာခိုင်နှုန်းလော က် အထိ လိုချင်တာပါ။ ဒါပေမယ့် ပွင့်ပွင့်လင်း လင်း ပြောရရင် နည်းပညာဆိုင်ရာ အတားအဆီးတွေရှိနေပါ တယ်။ အထူးသဖြင့် စစ်ဆေးရေး၊  ရောဂါပိုးကင်းရှင်းရေးနဲ့ စစ်တမ်းကောက် ယူရေးစတဲ့ ကိစ္စမျိုးတွေမှာ အတားအဆီး တွေ တွေ့နေရပါတယ်''လို့ သူကပြောပါတယ်။ဒီအစီအစဉ်ကို လေးနိုင်ငံက အေပက်အဖွဲ့ဝင်အားလုံး ကို တင်ပြမှာဖြစ်ပေမယ့် စေ့စပ်ညိနှိုင်း မှုတွေ က ချောချောမွေ့ မရှိတတ်တာများပါတယ်။ကုန်စည်အမျိုးအစားပေါင်း ၁၅၇ မျိုးကို ဖွံ့ဖြိုးတိုး တက်ရေး ကုန်ပစ္စည်းအဖြစ် သတ်မှတ်နိုင်မယ့်အနေအထားရှိ ကြောင်း အင်ဒိုနီးရှား ကုန်သွယ်ရေးဝန်ကြီးဌာနရဲ့ အပြည် ပြည်ဆိုင်ရာ ကုန်သွယ်ရေးကော်ပိုရေးရှင်း ညွှန်ကြားရေးမှူး ချုပ် ဘက်ချရူးချိုင်ရီက ပြောပါတယ်။ အဲဒီကုန်ပစ္စည်းအမယ် တွေထဲက အင်ဒိုနီးရှားက အဓိကထားဆွေးနွေးမယ့် ကုန် ပစ္စည်းအမယ်တွေထဲမှာအဓိကအားဖြင့် စားအုန်းဆီ၊ ရော်ဘာ၊ ငါးလုပ်ငန်း၊ပင်လယ်ထွက်ကုန်နဲ့ သစ်တောထွက် ပစ္စည်းတွေဖြစ်ပါတယ်။''ဒီထွက်ကုန်ေ တွ က ရာသီဥတုပြောင်းလဲမှုအပါအဝင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို အထောက်အကူပြု ပါတယ်''လို့ သူကပြောပါတယ်။

International Trade News

Pages