ရေစုန်မျောနေသည့် ကိုရီးယားငွေရေးကြေးရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေး

Wed, 11/25/2015 - 13:27 -- admin_ygn

ကိုရီးယား ငွေရေးကြေးရေးကဏ္ဍ ပြုပြင်ပြောင်းလဲဖို့ရန် နိုင်ငံရေးအာဏာ ရှိသည့် ဘဏ္ဍာရေးဝန်ကြီး Mr. Choi Kyung-hwan  က ပညာရှင်များ၊ ငွေရေး ကြေးရေးကဏ္ဍ   ကြပ်မတ်ကွပ် ကဲသူ အများအပြားထံမှ အကြံဉာဏ်များ လက်ခံရယူ ဆောင်ရွက်နေသဖြင့် လှေ သူကြီးများစွာ ဦးစီးနေသည့် ရေယာဉ် တစ်စီးကဲ့သို့ ဦးတည်ရာ မရောက်ဘဲ ရေ စုန်မျောနေသည့် အနေ အထားဖြစ်နေပါ သည်။ ကိုရီးယားငွေကြေးကဏ္ဍအား ပြု ပြင်ပြောင်းလဲရန် လိုအပ်လျက်ရှိကြောင်းဘဏ္ဍာရေးဝန်ဆောင်မှုကော်မရှင် (Financial Services Commission-FSC) ဥက္ကဋ္ဌဖြစ် သူ Mr. Yin Jong-yong ကစိုးရိမ်တကြီးပြောကြားပြီးနောက်ပိုင်း လက်ရှိသမ္မတမဒမ်ပတ်ဂွမ်ဟီး၏ လက် ထောက်အဖြစ် ကာလရှည် လုပ်ကိုင် လာသည့် လက်ရှိဘဏ္ဍာရေးဝန်ကြီး က ငွေကြေးကဏ္ဍပြုပြင်ပြောင်းလဲရေးကို အပူတပြင်း ဆောင်ရွက်လာခဲ့သည်။လစာ အဆမတန်ယူထားပြီး အုပ်ချုပ်မှုနည်းလမ်းများ လျော့ရဲနေ ကြောင်း ဘဏ်အရာထမ်းကြီးများ အပေါ် ယခင်သီတင်းပတ်က FSC  ဥက္ကဋ္ဌက စွပ်စွဲပြောဆိုခဲ့သည်။ ဈေးကွက် လေ့လာသူများက အဆိုပါ စွပ်စွဲပြောဆို ချက်သည် ဘဏ်လုပ်ငန်း၏ အလုပ်ချိန် ကိုသာ ဦးတည်ထားသော်လည်း အဓိက ပြဿနာမှာ ဘဏ်များအချင်းချင်း ပြိုင် ဆိုင်မှုလျော့ရဲခြင်းဖြစ်ကြောင်း ဝေဖန်သုံး သပ်ခဲ့သည်။ ဥက္ကဋ္ဌအနေဖြင့်လည်း ၎င်းင်း တာဝန်ယူစဉ်ကာလအတွင်း ငွေကြေး ကဏ္ဍ ပြုပြင်ပြောင်း လဲမှုကို အပြီးသတ် ဆောင်ရွက်သွားလိုသည်။ ငွေကြေးကဏ္ဍပြုပြင် ပြောင်းလဲမှုများကို ဆောင်ရွက် မည်ဆိုပါက အသုံးမဝင်တော့သည့် စည်းမျဉ်းများကို ဦးစွာဖယ်ရှားပစ်ရန် လို ကြောင်း NH Financial Group ဥက္ကဋ္ဌ ဖြစ်သူက ပြောဆိုထားခဲ့သည်။သူ၏ ရိုးသားမှုကြောင့် ဘဏ္ဍာ ရေးဝန်ကြီး၏ ငွေကြေးကဏ္ဍ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်များကို ငွေ ကြေးလုပ်ငန်း အသိုင်းအဝိုင်း၏ ထောက်ခံ မှုများစွာရရှိထားသည်။ သို့သော်လုပ်ငန်း စဉ်အား ပြတ်ပြတ်သားသား ဆောင်ရွက် သွားရန်လိုကြောင်း ထောက်ပြပြောဆို ထားကြသည်။ ဘဏ္ဍာရေး ဝန်ကြီး ၏ ဘဏ်လုပ်ငန်းတွင် အလုပ်ချိန်တိုလွန်း ကြောင်း ဝေဖန်ချက်အပေါ်FSC ဥက္ကဋ္ဌ နှင့်ဘဏ်လုပ်ငန်းအသိုင်းအဝိုင်းကအလွန်အမင်း စိတ်ပျက်နေကြသည်။ ဘဏ်လုပ်ငန်းတွင် အလုပ်ချိန်ပို တိုး လိုက်ခြင်းဖြင့် ယှဉ်ပြိုင်နိုင်မှု စွမ်းအား နှင့်အကျိုးအမြတ် ပိုတိုးလာမည် မဟုတ် ကြောင်း ဝေဖန်ခဲ့ကြသည်။ဘဏ်ခွဲများ လျှော့ချ၍ ဝန်ထမ်း အင်အား လျော့နည်းစေခြင်း၊ အွန်လိုင်း ဘဏ်လုပ်ငန်းကို ပိုမိုတိုးပွားလာစေပြီး ဘဏ်လုပ်ငန်းတွင် ကုန်ထုတ်လုပ်မှု တိုး လာမည်ဖြစ်ကြောင်းနှင့်အလုပ်ချိန်ပိုတိုး ခြင်းဖြင့် ဘဏ်လုပ်ငန်းကဏ္ဍကို ပိုမိုဖွံ့ဖြိုး စေမည်ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီး ၏ မှတ်ချက်ကို မည်သို့မျှနားမလည်နိုင် ကြောင်း     KB Kookmin Bank  ၏ အရာထမ်းတစ်ဦးက ပြောဆိုခဲ့သည်။ မဒမ်ပတ်ဂွမ်ဟီး၏ အစိုးရ သည် ငွေရေး ကြေးရေး ကဏ္ဍကို နားမလည်ဘဲ ငွေ ကြေးကဏ္ဍကို ပြုပြင်ပြောင်းလဲရန်လို ကြောင်း၊ကုန်ထုတ်လုပ်မှုကဏ္ဍထက် ဘဏ်လုပ်ငန်းကဏ္ဍသည် နောက်ကျ ကျန်နေကြောင်း ထပ်တလဲလဲ သာပြော နေ သည်ဟု ဝေဖန်သုံးသပ်သူများက ထောက်ပြပြောဆိုခဲ့သည်။
သန့်ဇင်၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ ဆိုးလ်မြို့

International Trade News

Pages