Electric Myanmar 2015 ၂၀၁၅ ကုန်စည်ပြပွဲကျင်းပ

     Electric Myanmar  2015 ကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်းအနားကို သြဂုတ်လ ၁၃ ရက်နေ့တွင် ရန်ကုန်မြို့၊ ဦးဝိစာရလမ်းရှိ တပ်မတော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့  ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့၊ လျှပ်စစ်နှင့်စက်မှုဝန်ကြီး ဦးဉာဏ်ထွန်းဦး၊ UMFCCI ဒုဥက္ကဋ္ဌ ဦးဇော်မင်းဝင်း၊ မြန်မာဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်း (MCEA) ဥက္ကဋ္ဌ ဦးကျော်ပိုင်၊  Fireworks Trade Media Pte .,Ltd. Director Mr.Danen Soo တို့  တက်ရောက်ကြပြီး  အခမ်းအနားအား  ဖွင့်လှစ်ပေးကြပါသည်။
     ပြပွဲ၌ ဂျပန်နိုင်ငံ ဖူဂျီကုမ္ပဏီမှ ဆောက်လုပ်ရေးပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများ၊ အီလက်ထရောနစ်ပစ္စည်းများနှင့်   စွမ်းအင်ဆိုင်ရာပစ္စည်းများအား ပါဝင်ခင်းကျင်းပြသခဲ့ရာ မြန်မာစီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် တစ်နေရာ ထဲ၌ လေ့ လာကြည့်ရှုနိုင်ပြီး နိုင်ငံတကာနှင့် ချိတ်ဆက်ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့် အလမ်းကောင်းတစ်ခုဖြစ်ပါသည်။ ပြပွဲကို သြဂုတ်လ ၁၃ရက်နေ့မှ ၁၅ ရက်နေ့ထိ သုံးရက်တိုင်တိုင် ကျင်းခင်းပြသခဲ့ပြီး စီးပွားရေးလုပ်င န်းရှင်များ၊ အသိပညာရှင်/အတတ်ပညာရှင်  အင်ဂျင်နီယာများ လာရောက်လေ့လာကြည့်ရှုခဲ့ ကြကြောင်း သိရှိရပါသည်။

 

KMT