ပြည်ပဈေးကွက်အရောင်းအဝယ်သွက်နေသော ဧရာပုသိမ်ထီးဈေးကွက်

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ လက်မှုလုပ်ငန်းများမှ ကမ္ဘာတစ်ဝန်းကျော်ကြားလျက်ရှိတဲ့ ပုသိမ်ထီးမှာ မိုးတွင်းမှာ လည်း အရောင်းအဝယ်သွက်လျက်ရှိပြီး၊ ပြည်တွင်း၊ ပြည်ပမှ အမှာစာများနဲ့ဝယ်ယူလျက်ရှိကြောင်း၊ ပုသိမ်မြို့ တောရကျောင်း လမ်းရှိ ရွှေစာထီးလုပ်ငန်းရှင် ဦးအောင်နိုင်ကပြောပါတယ်။လက်ရှိမှာ ဥရုဂွေးနိုင်ငံသို့   ှုညါပငည့ညေါသည ကုမ္ပဏီမှတစ်ဆင့် ကမ်းခြေသုံးထီး ၆ ပေ၊ ၈ ပေ၊ ၁၀ ပေ အလက် ၄၀၀ ဝယ်ယူရန် အမှာစာရရှိထားပြီး၊ နှစ်လအတွင်း အပြီးတင်ပို့နိုင်ရန်  စာချုပ်ချုပ်ဆိုထားကြောင်း၊ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ပုဂံ၊ ညောင်ဦး၊ အင်းလေးဒေသများရှိ ဟိုတယ်များမှလည်း ဟိုတယ်တစ်လုံးလျှင် ထီးအလက် ၂၀၊ ၃၀ ခန့် အသုံးပြုပြီး၊ ယခု အချိန်တွင် အမှာစာဖြင့်မှာယူထားသော ဟိုတယ်များလည်းရှိကြောင်း၊ ပုသိမ်မြို့အတွင်းမှာလည်း  ဘုန်းကြီးဆောင်း  ထီး အလက် ၅၀၀ အော်ဒါရရှိထားကြောင်း၊ နိုင်ငံတကာမှ ပြည်ပဧည့်ခရီးသွားများကလည်း လာရောက်ဝယ်ယူလျက်ရှိပြီး၊ ပွင့်လင်း ရာသီတွင် ဂျာမနီ၊ အီတလီ၊ ပြင်သစ်၊ အမေရိကန်နဲ့ နယူးဇီလန် နိုင်ငံများသို့ အဓိကထား  တင်ပို့ရောင်းချလျက်ရှိကြောင်း ၎င်းင်းက ဆက်လက်ပြောကြားပါတယ်။                                                                                              

        မင်းမင်းဦး-ပုသိမ်