Trade Policy and Analysis ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပ

   အိန္ဒိယနိုင်ငံအစိုးရ၊ပြည်ပရေးရာဝန်ကြီးဌာနလက်အောက်ရှိ Research and Information System for Developing Countries (RIS),  Center for Economy, Environment and Society (CEES Myanmar) နှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့ပူးပေါင်း၍ ''Trade Policy and Analysis'' ဆိုင်ရာ  အလုပ် ရုံဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားကို မေလ ၁၁ ရက်က စီးပွားရေးတက္ကသိုလ်(ရန်ကုန်)၌ ကျင်းပပြုလုပ်ခဲ့ပါ သည်။

   အလုပ်ရုံဆွေးနွေးပွဲကျင်းပရခြင်းမှာ ကမ္ဘာ့ကုန်သွယ်မှုနှင့် ဒေသတွင်းကုန်သွယ်မှုတွင် မြန်မာနိုင်ငံကပါဝင်၍ ကုန်သွယ်မှုနှင့်ပတ်သက်သော ကုန်သွယ်မှုမူဝါဒများ အား လေ့ လာစိစစ်ဆွေးနွေးနိုင်ရန်၊ မျက်မှောက်ကမ္ဘာလုံးဆိုင်ရာနှင့် ဒေသတွင်းစီးပွားရေးကိစ္စရပ်အပေါ်ဆန်းစစ်လေ့လာနိုင်သည့် စွမ်းဆောင်ရည်မြှင့်တင်ပေးရန်၊ ကျင့်သုံးဆောင်ရွက် လျက်ရှိသည့်  ကုန်သွယ်မှုဆိုင်ရာသဘောတရားများနှင့် ကိန်းဂဏန်းအချက်အလက်များအား လေ့လာဆန်းစစ်နိုင်ရန်ရည်ရွယ်ကြောင်းသိရှိရပါသည်။

  အဆိုပါအလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးတိုးအောင်မြင့် တက်ရောက်၍ အဖွင့်အမှာ စကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ မြန်မာနိုင်ငံဆိုင်ရာ   အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Mr. Gautam Mukhopadhaya နှင့်   ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ ဒုတိယ ပါမောက္ခချုပ် ဒေါက်တာထွန်းအောင်တို့က အမှာစကားအသီးသီး ပြောကြားခဲ့ပါသည်။

   ထို့နောက် အိန္ဒိယနိုင်ငံ RIS မှ ပါမောက္ခ Dr. Prabir De က အလုပ်ရုံ ဆွေးနွေးပွဲအကြောင်း မိတ်ဆက်ပြောကြားခဲ့ပါသည်။   အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးရုံးရှိဌာနများမှ ညွှန်ကြားရေးမှူးများ၊ ရန်ကုန်စီးပွားရေး တက္ကသိုလ်မှ ဆရာ၊ ဆရာမများတက်ရောက် ခဲ့ပြီး ဆွေးနွေးပွဲကာလမှာ မေ ၁၁ ရက် မှ ၁၅ ရက်ထိ ၅ ရက်ကြာမြင့်ခဲ့ကြောင်းသိရပါသည်။

MIRT - DTP