ကုန်သွယ်ရေးနှင့် စီးပွားရေးလုပ်ငန်းများလွယ်ကူချောမွေ့စေရေးဆောင်ရွက်ပေးလျက်ရှိ

   နိုင်ငံတော်၏  ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများအား တတိယအဆင့် အရှိန်မြှင့်တင်ဆောင်ရွက်ရာ၌ လက်ရှိဆောင်ရွက်လျက်ရှိသော ကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း များတွင် ဖြေလျှော့သင့်သည်များကို ဖြေလျှော့ပေးခြင်း၊  အားပေးမြှင့်တင်ခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပြီး   ဖြစ်သော်လည်း နိုင်ငံတကာ လုပ်ထုံးလုပ်နည်းများနှင့်အညီ  ရင်ပေါင် တန်း၍မြှင့်တင်ဆောင် ရွက်နိုင်ရေးတို့အတွက် ပြည်ထောင်စုအစိုးရအဖွဲ့မှ ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့သည့်   ကုန်သွယ်ရေးနှင့် စီးပွားရေးလုပ်ငန်းများမြှင့်တင်ရေး အထူးလုပ်ငန်း အဖွဲ့သည် တိုင်းရင်းသားလုပ်ငန်းရှင်များ၊ လုပ်ငန်းကဏ္ဍအလိုက် ကုန်သည်အသင်းအဖွဲ့များနှင့် အပတ်စဉ်တွေ့ဆုံ၍   ၎င်းတို့၏ အခက်အခဲရှိသည်များ၊ လုပ်ငန်းများဆောင် ရွက်ရာတွင်ဖြစ်ပေါ်နေသည့်   အတားအဆီးများကို ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိပါသည်။

    ဤသို့  ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိရာတွင်  မတ်လ ၂၈ ရက် ညနေ ၃ နာရီတွင် UMFCCI မင်္ဂလာခန်းမ၌ ကျင်းပပြုလုပ်သည့် ကုန်သွယ်မှုနှင့် စီးပွားရေးလုပ်ငန်းများမြှင့် တင်ရေး အထူးလုပ်ငန်းအဖွဲ့နှင့် သက်ဆိုင်ရာအသင်းအဖွဲ့များတွေ့ဆုံဆွေးနွေးသည့် ညှိနှိုင်းအစည်းအဝေးတွင် မြန်မာနိုင်ငံ ပဲမျိုးစုံနှင့်နှမ်းကုန်သည်များအသင်းမှ လှိုင်မြစ် ကူး တံတားတွင် ၂၀၁၅ ခုနှစ်၊ ဧပြီလ ၁ ရက်မှစ၍ တန်ပိုကြေးကောက်ခံသွားမည်ဖြစ်ကြောင်း၊ ပဲမျိုးစုံကွန်တိန်နာတင် (၁၀ဘီး၊ ၁၂ဘီး၊ ၁၈ဘီး၊ ၂၂ ဘီး)ယာဉ်များအားလုံးအတွက် အာဆီယံ စံနှုန်းနှင့်မကိုက်ညီပါက ၂၀၁၅ ခုနှစ်၊ ဧပြီလ ၁ရက်နေ့မှစ၍ ယခင်သတ်မှတ်နှုန်းထားထက်  အဆများစွာတိုးမြှင့် ပြင်ဆင်သတ်မှတ်  ကောက်ခံခြင်းနှင့် ပတ်သက်၍ ကုန်သွယ်ရေးနှင့် စီးပွား ရေးလုပ်ငန်းများမြှင့်တင်ရေးအထူးလုပ်ငန်းအဖွဲ့သို့၂၀၁၅ ခုနှစ်၊ မတ် ၂၈ ရက်စွဲပါစာဖြင့်  ယခုပွင့်လင်းရာသီတွင် လယ်ယာထွက်ကုန်များအား အရှိန် အဟုန်ဖြင့် ပြည်ပတင်ပို့နေရသည့်ကာလ ဖြစ်သောကြောင့် တန်ပိုနှုန်းထားများအား တိုးမြှင့်ကောက်ခံမည့်ကာလကို သုံးလရွှေ့ဆိုင်းပေးနိုင်ပါရန် ၂၀၁၅ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့တွင် ပြည်ထောင်စုအစိုးရအဖွဲ့ စီးပွားရေးရာကော်မတီသို့ အမှာစာဖြင့်တင်ပြလမ်းညွှန်မှုခံယူပြီး လမ်းညွှန်ချက်အရ  ဆောက်လုပ်ရေး ဝန်ကြီးဌာနသို့၂၀၁၅ ခုနှစ်၊ ဧပြီ လ ၁၉ ရက်စွဲဖြင့် ၃ လ ရွှေ့ဆိုင်းခွင့်ပြုရန် ညှိနှိုင်းမေတ္တာရပ်ခံခဲ့ရာဧပြီလ ၂၀ ရက် စွဲဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ၃ လ ရွှေ့ဆိုင်းလိုက်ကြောင်း အကြောင်း ပြန်ကြား လာပါသည်။

  ယင်းသို့ဆောင်ရွက်ပေးမှုကြောင့် ပြည်ပပို့ကုန်အများဆုံးတင်ပို့သည့် ပွင့်လင်းရာသီတွင် ပြည်ပပို့ကုန်များ ကုန်ကျစရိတ်သက်သာစွာဖြင့်တင်ပို့နိုင်ရေးအတွက် ပို့ကုန် တိုးမြှင့်ရေးနှင့် နိုင်ငံသား  စီးပွားရေးလုပ်ငန်းရှင်များ ကုန်ကျစရိတ် သက်သာစွာဖြင့် လွယ်ကူချောမွေ့စွာ    ပြည်ပပို့ကုန်များအား တင်ပို့လျက်ရှိကြောင်းနှင့် အထူးလုပ်ငန်းအဖွဲ့ အနေဖြင့် တိုင်းရင်းသားလုပ်ငန်းရှင်များ၏ အလားတူအခက်အခဲရှိသည်များကိုလည်းသက်ဆိုင်ရာဌာနများ၊ အဖွဲ့အစည်းများနှင့် ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

NLS