မူဆယ်ဝယ်လက်က ရှမ်းနနွင်းကို ဈေးအနိမ့်သာဝယ်

   ရှမ်းနနွင်းလည်း ရောင်းအားကောင်းလာပါတယ်။ ပြည်တွင်းပြည်ပဝယ်လက်တွေ ကြိုက်လာတာကြောင့် အရင်နှစ်ကထက် အများကြီးကို အရောင်းသွက်လာတယ်လို့သိရပါ တယ်။

   မူဆယ်ဝယ်လက်တွေကတော့ ချင်းကိုထိပ်စလိုချင်ပေမယ့် နနွင်းကိုတော့ သိပ်ကောင်းတာကိုမဝယ်ပါဘူး။ ဝယ်ချင်တယ်လို့ ကမ်းလှမ်းပေမယ့် တကယ်တမ်းတော့ ဈေးက လည်းမဖွင့်သေးပါဘူး။ နနွင်းဈေးကို စောင့်ကြည့်နေတာလို့လည်း ဒေသခံတွေထံကသိရပါတယ်။ မူဆယ်ဝယ်လက်တွေက နနွင်းကိုအောက်ဈေးနဲ့သာရချင်နေသလို တောင် သူတွေ၊ ကုန်သည်တွေကလည်း ဒီထက်ဈေးပိုရရင်သာရောင်းမယ်၊ နိမ့်ရင်တော့ မရောင်းနိုင်ဘူးလို့သိရပါတယ်။

   အခုလောလောဆယ်မှာ ဟိုပုံးနနွင်းကို ဘင်္ဂလားဒေ့ရှ်ဝယ်လက်တွေက ဝယ်ယူနေပါတယ်။ ဈေးကွက်မှာတော့ အခုလအထိ ပုံမှန်သာ အဝင်ရှိနေပေမယ့်၊ သြင်္ကန်နားနီးလာ ရင်တော့ တောင်သူတွေက အလှူအတန်းလုပ်ဖို့၊ ဘုန်းကြီးကျောင်းသွားဖို့အတွက် ထုတ်ရောင်းကြတော့မှာဖြစ်လို့ ဒီ့ထက်အဝင်များလာနိုင်တယ်လို့လည်း ဈေးကွက်ကသိရှိရပါ တယ်။

  ဟိုပုံးနနွင်းကိုတော့ တောင်ကုတ်ဝယ်လက်တွေဝယ်ယူတဲ့ဈေးအတိုင်း တစ်ပိဿ   ာ ၁၅၅၀ကျပ်ဈေးနဲ့ရောင်းနေရပါတယ်။ အောင်ပန်းနနွင်းကိုတော့ ရန်ကုန်၊ ပြည်ဝယ်လက်တွေ က တစ်ပတ်အတွင်းမှာ  ပိဿ    ာချိန်ပေါင်း သုံးသောင်းဝယ်ယူသွားသလို ပြည်တွင်းသုံးဈေးပတ်သမားတွေကလည်း ပိဿ    ာချိန်တစ်သောင်းခန့် ဝယ်ယူမှုရှိနေပါတယ်။ ဈေးနှုန်း ကတော့ တစ်ပိဿ     ာကို ၈၀၀ ကျပ်မှ ၁၀၀၀ ကျပ်ဈေးရှိပါတယ်။

ဧဧခိုင်-တောင်ကြီး