ပုသိမ်- မန္တလေး တော်ဝင်မန္တလာအဆင့်မြင့်ခရီးသည်ပို့ဆောင်ရေးယာဉ်လိုင်းသစ် တိုးချဲ့ပြေးဆွဲ

  ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့မှ အထက်အညာဒေသ မန္တလေးမြိုသို့တိုက်ရိုက်ခရီးစဉ်ကို တော်ဝင်မန္တလာအဆင့်မြင့်ခရီးသည်ပို့ဆောင်ရေးယာဉ်လိုင်းသစ်မှ Air Con လေ အိတ်ကားသစ်များ မတ်လမှစတင်၍တိုးချဲ့ပြေးဆွဲလျက်ရှိကြောင်းသိရပါတယ်။

   ယခင်က မန္တလေးသို့သွားရင် ရန်ကုန်မှတစ်ဆင့် သွားလာရပြီး အချိန်ကုန်၊ ငွေကြေးကုန်ကျစရိတ်များပြီး ယခုလိုတိုက်ရိုက်ခရီးစဉ်ပြေးဆွဲပေးတဲ့အတွက် အချိန်နဲ့ငွေကြေး ကုန်ကျစရိတ်လျော့နည်းသွားပြီး ခရီးသွားဧည့်သည်များပို၍ အဆင်ပြေမှုရှိကြောင်း ခရီးသည်များထံမှသိရပါတယ်။ ပုသိမ်မြို့ အဝေးပြေးကားဂိတ် ဖုန်းအမှတ်၊ ၀၄၂-၂၉၂၀၅၊ ၂၉၂၀၆ မြို့ထဲ ရွှေစေတီလမ်း ၀၉-၂၅၉၄၈၀၀၇၀ သို့ ဆက်သွယ်နိုင်ပြီး မန္တလေး ကျွဲဆည်ကန်ကားဖုန်းအမှတ်၊ ၀၂-၇၁၃၇၀၊ ၇၁၃၉၆၊ ၀၉-၂၅၉၄၈၀၀၂၀ သို့လည်း ဆက် သွယ်ဝယ်ယူနိုင်ကြောင်း၊ ကြိုတင်လက်မှတ်များကိုဖုန်းဖြင့်မှာယူလိုပါက အိမ်တိုင်ရာရောက်အခမဲ့ပို့ဆောင်ပေးလျက်ရှိပြီး ပုသိမ်မြို့မှ နေ့စဉ် ညနေ ၃း၃၀ နာရီထွက်ရှိ၍ မန္တလေးမြို့မှ ညနေ ၆ နာရီ နေ့စဉ် ပုံမှန်စတင်ထွက်ခွာကြောင်း ကားဂိတ်မှသိရပါတယ်။

 မင်းမင်းဦး-ပုသိမ်