Thailand Week 2015 ကုန်စည်ပြပွဲကျင်းပ

Mon, 01/19/2015 - 12:27 -- admin_ygn

   Thailand Week 2015 ကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်းအနားကို ရန်ကုန်မြို့၊ ရှင်စောပုလမ်း၊ Myanmar Event Park (MEP) ၌် ဇန်နဝါရီ ၁၅ ရက် နံနက် ၉ နာရီတွင် ကျင်းပပြု လုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာပွင့်ဆန်း၊ ထိုင်းနိုင်ငံ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဒုတိယဝန်ကြီး Mrs Apiradee Tantraporn, နှင့် Director General  Mrs Nuntawan Sakuntanga မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီး Mr.Pisanu Suvanajata နှင့် UMFCCI ဥက္ကဋ္ဌ ဦးဝင်းအောင်တို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပါသည်။ အဆိုပါ ကုန်စည်ပြပွဲသည် ထိုင်း-မြန်မာစီးပွားရေး အခွင့်အလမ်းများ ရေရှည်တည်တံ့စေရန် ရည် ရွယ်ခြင်း ဖြစ်ပြီး ထိုင်းနိုင်ငံရှိ ကုမ္ပဏီပေါင်း ၇၁ ခုမှ ပြခန်းပေါင်း ၂၄၀   ကျော်ဖြင့် ကုန်ပစ္စည်းများခင်းကျင်းပြသခဲ့ပါသည်။
  ၎င်းကုန်စည်ပြပွဲတွင် ထိုင်းနိုင်ငံမှ သစ်သီးဝလံများ၊ ထိုင်းရိုးရာ အစားအစာများချက်ပြုတ်နည်းပညာများပြသခြင်း၊ ကျွေးမွေးခြင်း၊ ကျန်းမာရေးနှင့် အလှအပထုတ်ကုန်များ၊ ဖက်ရှင်ပစ္စည်းများ၊ အိမ်တွင်းအလှဆင်ပစ္စည်းများ၊ ဝန်ဆောင်မှုကဏ္ဍ/ဟိုတယ်၊ ဆောက်လုပ်ရေး၊ ပညာရေး၊ Spa၊ ကိုယ်စားလှယ် စက်မှုလုပ်ငန်းများ၊ ထိုင်းနိုင်ငံထုတ်ကုန် များနှင့် ဝန်ဆောင်မှုအခန်းကဏ္ဍများ၊ PM Award ရရှိသည့် ပုံစံဒီဇိုင်းဆန်းများ၊ နှစ်နိုင်ငံစီးပွားရေးကွန်ရက်ချိတ်ဆက်မှု ရောင်းသူ/ဝယ်သူ စီးပွားရေးနီးနှောဖလှယ်ပွဲများ၊ ထိုင်းနှင့် မြန်မာအကြား ကုန်သွယ်မှုရင်းနှီးမြှုပ်နှံမှု မူဝါဒနှင့်စပ်လျဉ်းသည့် စီးပွားရေးပညာပေး Seminars များအား၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၁၅ရက် မှ ၁၈ ရက်ထိ ကျင်းပပြု လုပ်ခဲ့ရာ စိတ်ပါဝင်စားသူများလုပ်ငန်းရှင်များနှင့်  အများပြည်သူများလာရောက်လေ့လာကြည့်ရှုခဲ့ကြကြောင်းသိရှိရပါသည်။

KMT