စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ ဝန်ကြီးဌာန၏ ဝန်ထမ်းများနှင့် တွေ့ဆုံပွဲသို့ တက်ရောက်

နေပြည်တော်၊ ဧပြီ ၂၃        
 

          ၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၃ ရက်နေ့ ၁၀:၀၀ နာရီအချိန်တွင် နေပြည်တော်၊ ရုံးအမှတ် (၃)၊ အစည်းအဝေးခန်းမ- ၂ ၌ ကျင်းပပြုလုပ်ခဲ့သည့် ဝန်ကြီးဌာန၏ ဝန်ထမ်းများနှင့် တွေ့ဆုံ ပွဲသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ တက်ရောက် လမ်းညွှန်အမှာစကားပြောကြားခဲ့သည်။

          ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံက ပြောကြားရာတွင်  ဝန်ထမ်းများအနေဖြင့် နှစ်သစ်တွင် ရုံးလုပ်ငန်းတာဝန်များကို အားသစ်၊ မာန်သစ်၊ ခွန်အားအပြည့်ဖြင့် ဆောင်ရွက်ကြစေလိုပါကြောင်း၊ ယခင်နှစ်ကကြုံတွေ့ခဲ့ရသည့် အားနည်းချက်၊ အားသာချက်များအပေါ် ပြန်လည်သုံးသပ်စိစစ်ပြီး ယခုဘဏ္ဍာနှစ်တွင် ပို့ကုန်လျာထားချက် ပြည့်မီကျော်လွန်အောင် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက် သွားရမည်ဖြစ်ပါကြောင်း၊ ပို့ကုန်တိုးမြှင့်နိုင်ရေးအတွက် အစိုးရနှင့် ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်သွား ရန်လိုအပ်ကြောင်း၊ ဝန်ထမ်းများသည် နိုင်ငံ့ဝန်ထမ်းများဖြစ်သည့်အတွက် နိုင်ငံဝန်ထမ်း ဥပဒေ၊ နည်း ဥပဒေများအတိုင်း လိုက်နာဆောင်ရွက်ကြရန်လိုကြောင်း၊ နိုင်ငံ့ဝန်ထမ်းများ၏ ကျင့်ဝတ်သိက္ခာနှင့် အညီ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊  ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း နိုင်ငံဝန်ထမ်းတက္ကသိုလ်နှင့် အခြားဝန်ကြီးဌာနများမှ ဖွင့်လှစ်သည့် သင်တန်းများသို့ တက်ရောက်ရာတွင် စံပြဆု ၃ ဦး၊ ပထမဆု ၃ ဦး၊ ဒုတိယဆု ၅ ဦးနှင့် တတိယဆု ၁ ဦးရရှိသကဲ့သို့ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင်လည်း အရည်အသွေးပြည့်ဝစွာဖြင့် ထူးချွန်အောင် ကြိုးစားဆောင်ရွက်သွားစေလိုပါကြောင်းနှင့် သင်တန်းများ တွင် ထူးချွန်ပြီး စံပြဖြစ်ရုံသာမက လုပ်ငန်းခွင်တွင်လည်း စံပြဖြစ်အောင် ကြိုးစားသွားကြရန် ပြောကြားခဲ့သည်။
 

          ထိုနောက် ဒုတိယဝန်ကြီး ဦးမင်းမင်းက ဝန်ကြီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် လက်ရှိအခြေအနေနှင့် ကိုက်ညီသည့် လုပ်ငန်းစဉ်များ အားချမှတ်ရေးဆွဲသွားရန်လိုအပ်ပါကြောင်း၊ ပို့ကုန်/သွင်းကုန် မူဝါဒတစ်ခုတည်းကိုသာ မဟုတ်ဘဲ အခြားဆက်စပ်သည့် မူဝါဒများကိုပါ နားလည်သဘောပေါက်စေရန် လေ့လာသွားကြရမည်ဖြစ် ကြောင်းနှင့် ဦးစီးဌာနများအနေဖြင့် ဝန်ကြီးဌာန၏ လုပ်ငန်းလမ်းညွှန်ချက်များနှင့်အညီ လုပ်ငန်းများ အောင်မြင်စွာပြီးမြောက်အောင် ကြိုးပမ်း‌ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ပြီး ဦးစီးဌာနအလိုက် ညွှန်ကြားရေးမှူးချုပ်များက လုပ်ငန်းဆောင်ရွက်မှုများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကြသည်။

           အဆိုပါတွေ့ဆုံပွဲသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယအမြဲတမ်း အတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ဝန်ထမ်းများ ၃၀၂ ဦးနှင့် အွန်လိုင်းမှ ၉၁၄ ဦး စုစုပေါင်း ၁၂၁၆ ဦး တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။