စီးပွားဖြစ်ဂြိုဟ်တုများ တရုတ်လွှတ်တင်

Fri, 05/20/2022 - 08:12 -- admin_ygn

တရုတ်နိုင်ငံသည် ဂြိုဟ်တု ရှစ်စင်းအထိ ပါဝင်သော အုပ်စုတစ်စုကို  အာကာသတွင်းထားရှိရန် Long March-2D ဒုံးပျံဖြင့် မေ ၅ ရက်တွင် လွှတ် တင်ခဲ့ကြောင်း ဆင်ဟွာသတင်းတွင် ရေးသားဖော်ပြထားသည်။ တရုတ်နိုင်ငံသည်  Jilin-1 Gaofen 03Dနှင့်အတူ  Jilin-1 Kuanfu  ဂြိုဟ်တုအား နိုင်ငံ၏မြောက်ပိုင်း ဆန်းရှီးပြည်နယ်အတွင်းရှိ ထိုက်ယွမ် ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ တရုတ်စံတော်ချိန် နံနက် ၁၀ နာရီ ၃၈ မိနစ် တွင် လွှတ်တင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါဂြိုဟ်တုသည် အချိန် ခဏတာအတွင်း၌ပင် ကြိုတင်ချိန်ကိုက်ထားသည့် လမ်းကြောင်းသို့ ဝင် ရောက်သွားကြောင်း သိရသည်။ ilin-1 Kuanfu 01C ဂြိုဟ်တုသည် အကျယ် ကီလိုမီတာ ၁၅၀ခန့်၊ ရောင်ခြည်စက်ဝန်းအတွင်းရှိ အရောင်အားလုံးကို ကူးယူထင်ဟပ်စေနိုင်သော ပုံရိပ်ပြတ်သားမှု သုည ဒသမ ၅ မီတာနှင့် သက်တံရောင်စဉ်မျိုးစုံ၏ ပုံရိပ် ပြတ်သားမှု နှစ်မီတာရှိသော ပုံရိပ်များအား ထောက်ပံ့ပေးနိုင်မည်ဖြစ်သည်။  ထို့ပြင် ကျယ်ပြန့်သော  သတင်းပေးပို့ချက်၊ အလွန်ပမာဏကြီးမားသော သိုလှောင်မှုနှင့် မြန်နှုန်းမြင့် အချက်အလက်ပေးပို့နိုင်စွမ်းလည်း  ရှိသည်ဟု သိရသည်။  အဆိုပါ ဂြိုဟ်တုအား မြေသယံဇာတ၊ ဓာတ်သတ္တုရှာဖွေရေးနှင့် ှာမေအ ဃငအပ  တည်ဆောက်ရေးကဲ့သို့သော ကဏ္ဍများအတွက် စီးပွားဖြစ် အဝေးထိန်း  သိမြင်နားလည်ခြင်း  အချက်အလက်ဝန်ဆောင်မှုများအား ထောက်ပံ့ရန် အသုံးပြုသွားမည်ဟုလည်း ဆိုသည်။ ယခုလွှတ်တင်သည့် ဂြိုဟ်တုသစ် ရှစ်စင်းသည်Chang Guang ဂြိုဟ်တု နည်းပညာကုမ္ပဏီမှ တီထွင်ထုတ်လုပ်သည့် အုပ်စုတစ်စုအား ပုံဖော်ရန် Jilin-1 အစုအဖွဲ့၏ ယခင်လွှတ်တင်ခဲ့သည့် ဂြိုဟ်တု ၄၆ စင်းနှင့်အတူ လုပ် ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။                                 
Ref; Xinhua

International Trade News

Pages