ကြက်သွန်နီအဝင်များသဖြင့် ဈေးနှုန်းကျ
၁။ ၂၀၁၃ ခုနှစ် ဇန်နဝါရီလ နောက်ဆုံးပတ်အတွင်း ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြက်သွန်နီ ကားစီးရေ (၃၀၀၀) ပိသာချိန် (၁၈) သိန်းကျော် ဝင်ရောက်ခဲ့သည့်အတွက် ပုံမှန် ကြက်သွန်နီ ဈေးကွက်သို့ နေ့စဉ် ပျမ်းမျှ ပိသာ (၃) သိန်း ပျမ်းမျှ နေ့စဉ် ဝင်ရောက်ရာ ဝယ်လိုအားထက် ဈေးကွက်သို့ ကြက်သွန်နီဝင်ရောက်မှုပမာဏ များပြားသဖြင့် ယခင်ဈေးနှုန်းထက် (၁) ပိသာ လျှင်၄၀၀/- ကျပ်ဝန်းကျင် ဈေးကျလာကြောင်း ကြက်သွန်နီဈေးကွက်မှ သိရသည်။
၂။ ကြက်သွန်နီအမျိုးအစားအလိုက် ပြည်တွင်းဈေးနှုန်းနှင့်ပြည်ပပို့ကုန်ဈေးနှုန်းများမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -
(ကျပ်)
စဉ် အမျိုးအစား ပြည်တွင်းဈေး
၁။ မြင်းခြံ ၂၇၅-၃၅၀-၄၀၀
၂။ ဆိတ်ဖြူ ၂၅၀-၃၅၀-၄၀၀
၃။ မြစ်သား ၅၅၀-၆၅၀-၇၀၀
(U$)
စဉ် အမျိုးအစား ပုံမှန်ကုန်သွယ်မှုဈေး နယ်စပ်ကုန်သွယ်မှုဈေး
၁။ 20mm-30mm 410/MT 410/MT
၂။ 28mm-35mm 520/MT 520/MT
၃။ 35mm Up 600/MT 600/MT