ထိုင်းစီးပွားရေးလုပ်ငန်းရှင်များက ပိတ်ဆို့မှုများ ဖြေလျှော့ပေးရန် တိုက်တွန်း 

Mon, 06/29/2020 - 07:53 -- admin_ygn

စီးပွားရေးလုပ်ငန်းကဏ္ဍများအနေဖြင့် ပိတ်ဆို့ထားမှု အစီ အမံများ ဖြေလျှော့ခြင်းကို အရှိန်မြှင့်၍ ဆောင်ရွက်ပေးရန် နှင့် လုပ်ငန်းများ ပြန်ဖွင့်ခွင့်ပြုရန်  အစိုးရအား ဆက်လက် တိုက်တွန်းလျက် ရှိကြောင်း၊ အထူးသဖြင့် အလုပ်အကိုင်အခွင့် အလမ်းများ ပိုမိုရရှိနိုင်သော ခရီးသွားလုပ်ငန်းနှင့် နယ်စပ် ကုန်သွယ်ရေးတို့နှင့် ဆက်စပ်နေသောလုပ်ငန်းများဖြစ်သည်။ ထိုင်းကုန်သည်ကြီးများအသင်း  တက္ကသိုလ်ဥက္ကဋ္ဌ Thanavath Phonvichai က တစ်နိုင်ငံလုံး အတိုင်း အတာဖြင့် နောက်ဆုံးစီးပွားရေးစစ်တမ်း ကောက်ယူမှုအရ ဒေသအားလုံး ရှိ လုပ်ငန်းရှင်များ အနေဖြင့် စီးပွားရေး ပြတ်တောက်မှု၊ အလုပ် လက်မဲ့နှုန်းများ မြင့်တက်လာမှု နှင့် အလားတူကမ္ဘာလုံးဆိုင်ရာ နှင့် ပြည်တွင်းစီးပွားရေး ကျဆင်းမှုတို့ အပေါ် စိုးရိမ်ပူပန်လျက်ရှိသည်ကို တွေ့ရှိရကြောင်းပြောကြားခဲ့သည်။ ၎င်းတို့ အနေဖြင့် ကမ္ဘာ့စီးပွားရေးနှင့် ထိုင်းစီးပွားရေးတို့သည် ၂၀၂၂ ခုနှစ်အထိ ကြာရှည်စွာ စီးပွားရေး ကျဆင်းခြင်းမှုကို တွေ့မြင် ရမည့်အပေါ် စိုးရိမ်မှုများ တိုးပွားလျက်ရှိနေကြပါသည်။

 

စီးပွားရေးကဏ္ဍများအနေဖြင့် အစိုးရအား ချေးငွေ (soft loan)များ ထုတ်ချေးခြင်းကို အရှိန်မြှင့်၍ဆောင်ရွက် ပေးစေလိုကြောင်း၊ SMEs လုပ်ငန်းများအနေဖြင့် ဝန်ထမ်း များကို ဆက်လက် ထိန်းသိမ်းထားရန်နှင့် ၎င်းတို့၏ ငွေကြေး လည်ပတ်မှု (ငွေဖြစ်လွယ်မှု) တို့အတွက် ချေးငွေရရှိနိုင်ရေး သတ် မှတ်ချက်များအား ဖြေလျှော့ပေးရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။ နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းများပြန် လည်နာလန်ထူလာစေရန် နယ်စပ်ကုန်သွယ်ရေးဂိတ် (Border Check Points) များ ပြန်လည်ဖွင့်လှစ်ရန်လည်း အစိုးရအား တိုက်တွန်းထားသည်။ယခုအခါ အိမ်နီးချင်းနိုင်ငံများမှ နေ့စဉ်သုံးကုန်ပစ္စည်း ဝယ်လိုအားများ အလွန်များပြား တိုးတက်နေကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါကာလ အတွင်း နှင့် နယ်စပ်ကုန်သွယ် ရေးဂိတ်များ ပိတ်ခြင်းတို့ကြောင့် တရုတ်၊ ဗီယက်နမ်၊ မလေးရှား နိုင်ငံများမှ ကုန်ပစ္စည်းများအနေဖြင့် ထိုင်းကုန်ပစ္စည်းများ၏ ဈေးကွက်ဝေစုကို  ရယူ၍ ကမ္ဘောဒီးယားနိုင်ငံတွင် ဈေးကွက် လွမ်းမိုးလျက် ရှိနေ ကြောင်း Mr.Thanavath က ပြောကြားခဲ့သည်။

 

Source:Bangkok Post                                                               
လွင်မျိုးဇော်၊ စီးပွားရေးသံမှူး မြန်မာသံရုံး၊ဗန်ကောက်မြို့

International Trade News

Pages