ကုန်သွယ်ရေးဉီးစီးဌာန အွန်လိုင်းမှ ပို့ကုန်သွင်းကုန်လိုင်စင်ပါမစ် လျောက်ထားထုတ်ပေးခွင့်ပြုမည့် ကုန်ပစ္စည်း HS LINE များ

Fri, 05/22/2020 - 10:43 -- dotadmin

(၁) Fully Online စနစ်တွင် အဆိုပါ HS line များအတိုင်းအကျုံးဝင်သည့် ကုန်ပစ္စည်းများကိုသာလျောက်ထားနိုင်ပါသည်။

 

(၂) လိုင်စင် Application ပါအချက်အလက်များဖြည့်သွင်းရမည်ဖြစ်ပြီး သက်ဆိုင်ရာလျောက်ထားမည့်လိုင်စင်၏ Invoice နှင့် ထောက်ခံချက်လိုအပ်သည့်လိုင်စင်များအတွက် သက်ဆိုင်ရာဌာန၏ထောက်ခံချက်ကို PDF format ဖြင့်ပူးတွဲ တင်ပြရမည်။ (မှန်ကန်မှု ရှိ/မရှိ သက်ဆိုင်ရာ ထုတ်ပေးဌာနနှင့်ပြန်လည်စစ်ဆေးမည်)

 

(၃) လိုအပ်သည့် အချက်အလက်များနှင့်စနစ်အသုံးပြုပုံအားလျောက်ထားမည့် website တွင်တင်ပြထားပါမည်။

 

(၄) လုပ်ငန်းရှင်မှဆောင်ရွက်ရမည့်လုပ်ငန်း နှင့်လိုင်စင်လျောက်ထား မှုအခြေအနေအား သက်ဆိုင်ရာလုပ်ငန်းရှင်၏ Deskboard တွင်အချိန်နှင့်တပြေးညီတွေ့ရှိနိုင်မည်ဖြစ်ပါသည်။