တံဆိပ်တူသော်လည်း ဖွဲ့စည်းပုံနဲ့ ထုပ်ပိုးမှုစနစ် လွဲနေသော စားသုံးဆီဖာများ စစ်ဆေးတွေ့ရှိ

Tue, 05/07/2013 - 08:05 -- admin

စစ်တောင်းတံတားဟောင်း၊ တံတားသစ်လမ်းဆုံအနီးယာယီ အခြေပြု၍ မြဝတီ-ရန်ကုန် ကုန်သွယ်မှု လမ်းကြောင်းတွင်စားသုံးသူ အကာအကွယ်ပေးရေးနဲ့ တရားမဝင်ကုန်သွယ်မှုတားဆီးထိန်းချုပ်ရေးအဖွဲ့ဟာ ဧပြီလ ၂၃ ရက်နေ့က ၃င/xxxx  ၂၂ ဘီး ယာဉ်အား စစ်ဆေးမှုပြုခဲ့ပါတယ်။ xxxx ထရေးဒင်းကုမ္ပဏီ Refired Palmolein (ဟင်းချက်ဆီ Cooking Oil )ကီလိုဂရမ် ၁၀၀၀၀၀ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၁၀၁၅၀၀ လိုင်စင်လျှောက်ထားခဲ့ပြီး ယခုယာဉ်ပေါ်မှာ ၂၈၄၀၀ ကီလိုဂရမ်အား  ကျသင့်အခွန်ပေး သယ်ဆောင်လာတာ ဖြစ်ပါ တယ်။ လိုင်စင်၊ ID ၊ ကုန်ကြေညာလွှာပါ ပစ္စည်းများနဲ့ ယာဉ်ပေါ်ပါ ပစ္စည်းများအားတိုက်ဆိုင်စစ်ဆေးရာ ၁၈ လီတာပါ ဆီပုံး ၁၇၅၃ တင်ဆောင်ရမှာဖြစ်သော်လည်း တံဆိပ်တူပြီး ဖွဲ့စည်းပုံနဲ့ထုပ်ပိုးမှုစနစ် လွဲမှားစွာနဲ့ ၂၂၃၆၅ ကီလိုဂရမ် ၁၃၉၀ ပုံးသယ်ဆောင်လာတာကို စစ်ဆေးတွေ့ရှိခဲ့ရတာဖြစ်ပါတယ်။ ကုန်ကြေညာလွှာ၊ ID ၊ လိုင်စင်တို့နဲ့ကွဲလွဲနေတဲ့ ၁၃၉၀ ဖာမှာ ကုန်ပစ္စည်းအမှတ်တံဆိပ်တူညီသော်လည်း ကုန်ပစ္စည်းဖွဲ့စည်းပုံ၊ ထုပ်ပိုးမှုစနစ်များကွဲလွဲနေခြင်း၊ လိုင်စင်ပါစားသုံးဆီ  Tin များမှာ  FDA စစ်ဆေးပြီး ဖြစ်သော်လည်း ကွဲလွဲစားသုံးဆီပုံးများမှာ FDAထောက်ခံချက်ရယူထားခြင်းမရှိသေးတဲ့အတွက် အများပြည်သူ စားသုံးရန် သင့်/မသင့် မသိရှိနိုင်သေးခြင်း FDA ထောက်ခံရယူ ထားပြီးစားဆီများနဲ့ရောနှောသယ်ဆောင် လာခြင်းတို့ကြောင့် Mobile Team အဖွဲ့-၂ ပါ  OSS အဖွဲ့မှတာဝန်ရှိသူများညှိနှိုင်း စည်းဝေးဆုံးဖြတ်ချက်အရ အကောက်ခွန်လုပ်ထုံးလုပ်နည်းများနဲ့ အညီ အကောက်ခွန်အမှုတွဲ ဖွင့်လှစ်အရေးယူဆောင်ရွက်ခဲ့ရတယ်လို့ Mobile Team အဖွဲ့-၂ တာဝန်ခံညွှန်ကြားရေးမှူး ဦးဝင်းလွင်ထံမှ သတင်းရရှိပါတယ်။
Source:လရ-၂
MTN

Border Trade News

Pages