တောင်သူလယ်သမား အကျိုးစီးပွားမြှင့်တင်ရေး စပါးအတိုင်း ပြည်ပတင်ပို့ခွင့်ပြုမည်

Wed, 12/18/2019 - 04:40 -- admin_ygn

     တောင်သူလယ်သမား အခွင့်အရေး ကာကွယ် ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဦးဆောင်အဖွဲ့ စုံညီအစည်းအဝေးကို ဒီဇင်ဘာ ၅ ရက်က နေပြည် တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။ ဦးဆောင်အဖွဲ့ အဖွဲ့ခေါင်းဆောင် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက် အမှာစကားပြော သည်။ စုံညီအစည်းအဝေးသို့ ဦးဆောင်အဖွဲ့ အတွင်းရေးမှူး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည် မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူ၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဖေမြင့်၊ လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး၊ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ်များ၊ ဒုတိယဝန်ကြီးများ၊ ပြည်သူ့လွှတ်တော်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်လူမှုဘဝ ဖွံ့ဖြိုးရေး ကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီး များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဒုတိယဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်း ဥက္ကဋ္ဌ ဖိတ်ကြား ထားသူများ တက်ရောက်ကြသည်။ တောင်သူလယ်သမား အခွင့်အရေး ကာကွယ် ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဦးဆောင်အဖွဲ့ ကို ကျေးလက်နေ တောင်သူလယ်သမားများ လူမှုဘဝ ဖွံ့ဖြိုးရေးအတွက် ရည်ရွယ်ဖွဲ့စည်းခြင်း ဖြစ်သည်။ ထို့ပြင် ကျေးလက်ဒေသ ဆင်းရဲနွမ်းပါး လျှော့ချရေးအတွက်လည်း ရည်ရွယ်သည်။ စုံညီ အစည်းအဝေးတွင် ဦးဆောင်အဖွဲ့ အဖွဲ့ခေါင်း ဆောင်  ဒုတိယသမ္မတ  ဦးဟင်နရီဗန်ထီးယူက မြန်မာနိုင်ငံ၏ အဓိကသီးနှံဖြစ်သည့် ဆန်စပါး ထုတ်လုပ်ရောင်းဝယ်ရေး လုပ်ငန်းများ ဆောင်ရွက် ရာတွင် လက်ရှိဖြစ်ပေါ်နေသော ပြည်ပဝယ်လို အားကျဆင်းခြင်းကြောင့် ပြည်တွင်း၌ စပါးဈေး နှုန်းများကျဆင်းရသည်။ စပါးဈေးကျဆင်းခြင်း ကြောင့် တောင်သူများ အကျိုးစီးပွား မထိခိုက် စေရေး အခြေခံရည်ညွှန်း စပါးဈေးနှုန်း ထုတ်ပြန် ပေးရန် ဆန်စပါးဈေးကွက်နှင့် ဈေးနှုန်းဆိုင်ရာ သုံးသပ်အကြံပြုတင်ပြရေး လုပ်ငန်းကော်မတီကို ဖွဲ့စည်းခဲ့သည်။ လုပ်ငန်းကော်မတီသည် ထုတ် လုပ်မှုကုန်ကျစရိတ် တွက်ချက်သုံးသပ်စေပြီး ၂၀၁၉- ၂၀၂၀ ခုနှစ်အတွက် အခြေခံရည်ညွှန်းစပါးဈေး နှုန်း ထုတ်ပြန်ကြေညာခဲ့သည်။ ယင်းထုတ်ပြန် ကြေညာချက်ကို အကောင်အထည်ဖော်နိုင်ရေးနှင့် သကြားကဏ္ဍ၊ ငါးပုစွန်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်ရေး ဦးဆောင်အဖွဲ့ဝင် များက ယခု ကျင်းပသည့် စုံညီအစည်းအဝေးတွင် ညှိနှိုင်းဆွေးနွေး  ဆောင်ရွက်သွားကြရန်   စုံညီ အစည်းအဝေးကို ခေါ်ယူရခြင်းဖြစ်သည် စသည် ဖြင့် ရှေးဦးစွာ အမှာစကားပြောသည်။

      ထို့နောက် ဦးဆောင်အဖွဲ့သည် ဥပဒေပုဒ်မ ၂၃ အရ ဝယ်ယူမည့်လယ်ယာထွက်ကုန်အမျိုး အစားနှင့် အစီအစဉ်တို့ကို ပြည်ထောင်စုအစိုးရထံ တင်ပြခွင့်ပြုချက် ရယူသည်။  စပါးတင်း  ၁၀ဝ အခြေခံဈေးနှုန်းကို ကျပ်ငါးသိန်းအဖြစ် အောက် တိုဘာ ၁၅ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။ ထုတ်ပြန်ရခြင်း ရည်ရွယ်ချက်သည် ဈေးကွက် ပေါက်ဈေးက အခြေခံဈေးနှုန်းအောက် ကျဆင်း နေပါက အခြေခံဈေးနှုန်းအတိုင်း ဝယ်ယူခြင်းအား ဖြင့် တောင်သူလယ်သမားများ၏ အကျိုးစီးပွားမြှင့် တင်နိုင်ရန် ဖြစ်သည်။ စပါးဝယ်ယူရန် လိုအပ်ပါက နိုင်ငံတော် လှည့်ပတ်ရန်ပုံငွေကျပ် ၁၅ ဘီလီယံ သုံးစွဲခွင့်ပြုထားပြီးဖြစ်သည်။ သက်ဆိုင်ရာ ဆန် စပါး ဝယ်ယူရေးကြီးကြပ်မှုလုပ်ငန်းအဖွဲ့များသည် မိမိတို့ ဒေသအတွင်း စပါးဝယ်ရန်လိုအပ်ပါက လယ်ယာထွက်ကုန်စီမံခန့်ခွဲရေးအဖွဲ့သို့ တင်ပြ ဆောင်ရွက်သွားနိုင်ရန်   နေပြည်တော်ကောင်စီ နယ်မြေ၌ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ်များက ကြီးကြပ်ဆောင် ရွက်ပေးရမည်။ ထို့ပြင် ပြည်တွင်း၌ စပါးလက်ကျန်များပြား မှုကြောင့်ဈေးနှုန်းကျဆင်းခြင်းကို ထိန်းကျောင်း နိုင်ရန် လုံးသွယ်အမျိုးအစားစပါးကို စပါးအတိုင်း ပြည်ပသို့ တင်ပို့ရောင်းချခွင့်ကိုလည်း ၂၀၁၉ ခုနှစ် အောက်တိုဘာလမှ  ဒီဇင်ဘာလအထိ  တင်ပို့ခွင့် လိုင်စင် ခွင့်ပြုပေးမည်။ တန်ချိန်တစ်သိန်းမှ စတင် ခွင့်ပြုမည်။ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၃၁ ရက်အပြီး တင်ပို့ ရန်နှင့်လိုအပ်ပါက တန်ချိန်ငါးသိန်းအထိ တင်ပို့ခွင့်ပြုမည်။ လယ်ယာထုတ်ကုန်များ သင့်တင့် မျှတသည့် ဈေးနှုန်းနှင့်ဈေးကွက်ရရှိရန် ဆောင် ရွက်ရာတွင် ဆန်စပါးအပြင်၊ လက်ရှိဖြစ်ပေါ်နေ သည့် သကြားဈေးကွက်ဈေးနှုန်း တည်ငြိမ်မှုမရှိ ခြင်း၊ ဈေးနှုန်းကျဆင်းခြင်းတို့ကြောင့် ကြံစိုက်ပျိုး သူနှင့် သကြားစက်ရုံပိုင်ရှင်တို့နှစ်ဦးနှစ်ဖက် အကျိုး အမြတ်ညီညွတ်မျှတအောင် စီမံဆောင်ရွက်ပေး နိုင်ရေးကိုလည်း လိုအပ်သည်။ သို့မှသာ ကြံစိုက် ပျိုးထုတ်လုပ်မှုမကျဆင်းဘဲ ကြံစိုက်တောင်သူများ ၏ အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေး ဆောင်ရွက်ပေးနိုင်မည် စသည်ဖြင့် လည်း ဒုတိယသမ္မတ ရှင်းလင်းဆွေးနွေးပြောကြား ခဲ့ပါသေးသည်။ စုံညီအစည်းအဝေးတွင်    ကျေးလက်နေ ပြည်သူများ မိသားစုဝင်ငွေတိုးရေး မြစိမ်းရောင် ကျေးရွာ စီမံကိန်းကိုလည်း ဒုတိယသမ္မတက ထည့် သွင်းပြောကြားသည်။ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေ တိုးပွားစေရေးနှင့် ကျေးလက်ဒေသ ဆင်းရဲနွမ်းပါး လျှော့ချနိုင်ရေးတို့ ရည်ရွယ်ပြီး မြစိမ်းရောင်ကျေးရွာ (ငါးကဏ္ဍ) စီမံကိန်းကို ကျေးရွာတစ်ရွာလျှင် ကျပ် သိန်း ၃၀ဝ စီဖြင့် အကောင်အထည်ဖော်ဆောင်ရွက် ပေးနေသည်။ တောင်သူလယ်သမားများ၏ အခွင့် အရေးနှင့်အကျိုးစီးပွားဖြစ်ထွန်းနိုင်စေရန် ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေတွင် ဥပဒေ၏အားနည်း ချက်များကို သုံးသပ်ပြီး ခေတ်နှင့်လျော်ညီစွာ ပြင် ဆင်ရေးဆွဲပြဋ္ဌာန်းနိုင်စေရန် ပြန်လည်ပြင်ဆင်နိုင် ရေး ဆောင်ရွက်ခဲ့သည်။ ယခုအခါ အမျိုးသားလွှတ် တော်နှင့်  ပြည်သူ့လွှတ်တော်တို့တွင်  ဆွေးနွေး အတည်ပြုနိုင်ခဲ့ပြီဖြစ်သည်။ ယင်းဥပဒေပြင်ဆင် ခြင်းနှင့်ပတ်သက်၍ လွှတ်တော်နှစ်ရပ်၏သဘော ထားကွဲလွဲမှုရှိသည့် ဥပဒေပုဒ်မပေါင်းကိုးခုအတွက် ပြည်ထောင်စုလွှတ်တော်ဥပဒေမူကြမ်း ပူးပေါင်း ကော်မတီတွင် ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၂၇ ရက်တွင် ဆွေးနွေးညှိနှိုင်း ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်ရာ ပြည် ထောင်စုလွှတ်တော်တွင် ဆွေးနွေးအတည်ပြုပြီး ပါက ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေကို ပြင်ဆင် သည့် ဥပဒေအား မကြာမီကာလတွင် ပြည်ထောင်စု လွှတ်တော်က ပြဋ္ဌာန်းနိုင်တော့မည် ဖြစ်သည်ဟု လည်း ပြောကြားခဲ့ပါသေးသည်။

       တောင်သူလယ်သမား အခွင့်အရေးကာကွယ် ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးတွင် လယ်ယာ မြေ ဥပဒေပြဋ္ဌာန်းချက်များ တိကျပြတ်သားရေး သည်လည်း အရေးကြီးသည်။ တောင်သူများ၏ အကျိုးစီးပွားသည်      လယ်ယာမြေဥပဒေတွင် မူတည်သည်။ တောင်သူများလွတ်လပ်စွာ လယ် ယာလုပ်ငန်းလုပ်ကိုင်ခွင့်ရရေး၊ လယ်ယာမြေ ပိုင် ဆိုင်ခွင့်ရရေး၊ ပြန်လည်စွန့်လွှတ်ထားသော လယ် ယာမြေများ မူလပိုင်ရှင်လက်ဝယ်သို့ အမြန်ဆုံး ရောက်ရှိရေးတို့သည် တောင်သူလယ်သမားအကျိုး စီးပွားမြှင့်တင်ရေးတွင်     အကျုံးဝင်နေသည်။ ထို့ကြောင့် စုံညီအစည်းအဝေးတွင် ဒုတိယသမ္မတ က ၂၀၁၂ ခုနှစ် လယ်ယာ မြေဥပဒေ ပြင်ဆင်နေ ကြောင်း ထည့်သွင်းပြောဆိုခြင်းကို ကြိုဆိုရမည်။ ထို့ပြင် တောင်သူလယ်သမား အကျိုးစီးပွားကို နှစ်စဉ်လိုလို ဖျက်ဆီးနေသော သဘာဝဘေးအန္တရာယ် ကိစ္စကိုလည်း ထည့်သွင်း ပြောကြားခြင်းအတွက် လည်း ကြိုဆိုရပါဦးမည်။ ၂၀၁၉-၂၀၂၀ ခုနှစ် အတွင်း သဘာဝဘေးအန္တရာယ်ကြောင့် သီးနှံ ပျက်စီးမှုများကို အရေးပေါ်ရန်ပုံငွေမှ ထောက်ပံ့ ပေးရန် သက်ဆိုင်ရာဝန်ကြီးဌာနက ဆောင်ရွက် နေသည်။ ပြီးခဲ့သည့် ၂၀၁၈-၂၀၁၉ ခုနှစ်တွင် အရေးပေါ်ရန်ပုံငွေမှ ထောက်ပံ့ငွေကျပ် ၇၃၂၂ ဒသမ ၆၈၅၇ သန်းကို တောင်သူများထံ ပေးအပ်ခဲ့ သည်။ နောက်ထပ်လည်း ကျပ် ၂၀ ဒသမ  ၁၅၀ သန်းကိုလည်း သီးနှံပျက်စီးအရေးပေါ် ထောက်ပံ့ ငွေအဖြစ် တောင်သူများထံ ဆက်လက်ပေးအပ်နေ ဆဲဖြစ်သည်ဟု သိရှိရသည်။

 

မောင်လွင်ပြင်

Local Trade News

Pages