တညင်းကုန်းဈေး၌ ရက်သတ္တပတ်အတွင်း ရောင်းချနေသော ကုန်ဈေးနှုန်းအခြေအနေ

Wed, 09/18/2019 - 03:42 -- admin_ygn

     အင်းစိန်မြို့နယ်ရှိ တညင်းကုန်းလက်ကားဈေးကြီး အတွင်းသို့  စက်တင်ဘာ၂ရက်မှ စက်တင်ဘာ ၈ ရက်အတွင်း ညောင်တုန်း၊ မှော်ဘီ၊ သာရဝေါ၊ ညောင်နှစ်ပင်ကျေးရွာ၊ ကြာကန်စုကျေးရွာ၊  နေပြည်တော် တပ်ကုန်း၊ ရွှေဒါး၊မင်္ဂလာဒုံ၊ အင်းစိန်၊ ခရမ်း၊ သုံးခွ၊  ပြည်၊ လက်ပံတန်း၊ မင်းလှ၊ ဝါးနက် ချောင်း၊ မော်လမြိုင်၊ မန္တလေး၊ အုတ်ဖိုနှင့် ရှမ်းပြည်နယ်တို့မှ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်များ အများဆုံး ဝင်ရောက်ရောင်းချနေေ ကြာင်း သိရသည်။
    ထိုသို့ဝင်ရောက်ရာတွင်   ယခုရက်သတ္တပတ်အတွင်း ခရမ်းချဉ် သီးထိုင်ဝမ် (ပိဿာ)ကျပ် ၈၀၀ မှ  ၁၂၀၀ အတွင်း၊ ဂေါ်ဖီထုပ် (တစ်ထုပ်)ကျပ် ၃၅၀ မှ ၅၀၀ အတွင်း၊ ပန်းဂေါ်ဖီ (တစ်ထုပ်)ကျပ် ၃၀၀ မှ ၄၀၀ အတွင်း၊ အာလူး (ပိဿာ) ကျပ် ၁၂၀၀၊ မုန်လာဥနီ (ပိဿာ) ကျပ် ၁၈၀၀ မှ ၂၀၀၀ အတွင်း၊ ရွှေဖရုံသီး(လုံး) ကျပ် ၆၀၀ မှ ၁၈၀၀ အတွင်း၊  ဘူးသီး(လုံး)ကျပ် ၁၀၀၀ မှ ၁၅၀၀ အတွင်း၊ မုန်ညှင်း(ထုပ်) ကျပ် ၁၂၀၀မှ ၁၄၀၀အတွင်း၊ ကြက်သွန်နီ (ဆိပ်ဖြူ) (ပိဿာ) ကျပ် ၁၀၀၀၊ ကြက်သွန်ဖြူ (ရှမ်း) (ပိဿာ) ကျပ် ၂၃၀၀၊ ကြက်သွန်ဖြူ (ကြူကုတ်) (ပိဿာ) ကျပ် ၄၀၀၀၊   ချင်း (ပိဿာ)ကျပ် ၃၂၀၀၊ ဆလပ်ရွက်(စီး) ကျပ်  ၁၂၀ မှ ၁၅၀၊ ရုံပတီသီး (တောင့်) ကျပ် ၇ မှ ၁၇ အတွင်း၊ ကန်စွန်းရွက်(တရုတ်) (စီး) ကျပ် ၂၀၀ မှ ၃၅၀ အတွင်း၊   ချဉ်ပေါင်ရွက်(စီး)ကျပ်  ၃၀ မှ ၆၀ အတွင်း၊ ခရမ်းသီး(ရှည်)(လုံး)  ကျပ် ၈၀ မှ ၁၇၀ အတွင်း၊ သံပရာသီး (လုံး) ကျပ် ၂၅ မှ ၅၀ အတွင်း၊   ပဲသီး (စီး) ကျပ် ၅၀ မှ ၁၆၀ အတွင်း၊ ငရုတ်သီးစိမ်း(ကျောက်စိမ်း) (ပိဿာ) ကျပ် ၇၀၀ မှ ၁၀၀၀ အတွင်း၊ ဖရဲသီး(လုံး)ကျပ် ၁၅၀၀ မှ ၄၀၀၀ အတွင်း အရွယ်အစားပေါ် မူတည်နေကြောင်း သိရသည်။
     ယခုရက်သတ္တပတ်အတွင်း   ခရမ်းချဉ်သီး(ထိုင်ဝမ်)၊ ရွှေဖရုံသီး၊ မုန့်ညှင်းထုပ်၊ ရုံပတီသီး၊  ကန်စွန်းရွက်(တရုတ်)တို့မှာ ဈေးတက်နေသည်။   တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ ယခုရက်သတ္တပတ်အတွင်း သံပရာ သီးအလုံးပေါင်း ၄၂၆၀၀၀ကျော်၊ ခရမ်းသီး(ရှည်)(လုံး) ၆၂၉၄၀၀ကျော်၊ ဗူးသီး အလုံးပေါင်း ၄၃၇၀၀ ကျော်၊ ရွှေဖရုံသီး အလုံးပေါင်း ၄၆၇၀၀ ကျော်၊ ဂေါ်ဖီထုပ်ပေါင်း ၁၂၄၀၀၀ ကျော်၊ ပန်းဂေါ်ဖီထုပ်ပေါင်း ၇၁၅၀၀ ကျော်နှင့် မုန်ညှင်း (ထုပ်) ပေါင်း ၂၇၇၀၀ ကျော်၊ ဖရဲသီးအဝင် စုစုပေါင်း ၁၆၂၀၀၀ ကျော် ကုန်အဝင်ရှိကြောင်း သိရသည်။

 

ခိုင်ရွှေ(ရန်ကုန်)

Local Trade News

Pages