သီးနှံဝယ်ယူရေး အစိုးရအေဂျင်စီဖြစ်သည့် Nafed က ယခုနှစ် Kharif ရာသီ ပဲမျိုးစုံဝယ်ယူထားရှိမှုပမာဏမှာ ရည်မှန်းထားသည့် ပမာဏအောက် ၅၅ ရာခိုင်နှုန်း လျော့နည်း

Fri, 05/03/2019 - 06:43 -- admin_ygn

              အိန္ဒိယအစိုးရသည် ၂၀၁၈-၁၉ Kharif ရာသီ (နွေရာသီ) စိုက်ပဲမျိုးစုံနှင့် ဆီထွက်သီးနှံတန်ချိန် ၃ ဒသမ ၈ သန်း ထိဝယ်ယူရန် မျှော်မှန်းထားသည့်အနက် လက်ရှိကာလအထိ တန်ချိန် ၁ ဒသမ ၇ သန်းဝန်ကျင်သာ ဝယ်ယူထားပြီး မျှော်မှန်းထားသည့် ပမာဏအောက်  ၅၅ ရာခိုင်နှုန်းခန့် လျော့နည်းနေသော် လည်း အစိုးရလက်ထက်တွင် ပဲမျိုးစုံနှင့် ဆီထွက်သီးနှံလက်ကျန်   ကုန်စည် ပမာဏမှာ တန်ချိန် ၄ ဒသမ ၅ သန်း ကျော်ရှိနေေ ကြာင်း သိရှိရသည်။ ပြီးခဲ့သည့်နှစ်ကလည်း အဆိုပါ သီးနှံများအား အစိုးရအစီအစဉ်ဖြင့် တန်ချိန် ၂ ဒသမ ၅၅ သန်းခန့်ထိ ဝယ် ယူခဲ့ရာ မျှော်မှန်းပမာဏ၏ ၇၅ ရာခိုင် နှုန်းထိ စံချိန်တင်ဝယ်ယူနိုင်ခဲ့ကြောင်း သိရှိရသည်။
           အလားတူပင် ဆောင်းရာသီ (rabi) စိုက် ပဲမျိုးစုံနှင့် ဆီထွက်သီးနှံ ဝယ်ယူမှု မှာလည်း လတ်တလော ဆောင်ရွက်နေ ဆဲဖြစ်ပြီး တန်ချိန် ၄ ဒသမ ၃ သန်းအထိ ဝယ်ယူရန် လျာထားကြောင်း၊ ပြီးခဲ့ သည့်နှစ်ကမူ အဆိုပါ ဆောင်းသီးနှံများ အား တန်ချိန် ၅ ဒသမ ၅ သန်းဝယ်ယူရန် လျာထားခဲ့သည့်အနက်တန်ချိန် လေးသန်းဝန်းကျင် ဝယ်ယူခဲ့ကြောင်း သိရှိရပါသည်။ အစိုးရအနေဖြင့် အဆိုပါကုန် စည်များအား ဝယ်ယူရာ၌ အရည် အသွေးသင့် တင့်ကောင်းမွန်သည့် သီးနှံ များကိုသာ ဝယ်ယူကြောင်း၊ ယခုကဲ့သို့ ဝယ်ယူပြီးစီးသည့်ပမာဏလျော့နည်း ရခြင်း၏ အဓိကအကြောင်းအရင်းမှာ Maharashtra ပြည်နယ်၌ ပဲစင်းငုံ ထုတ် လုပ်မှုလျော့နည်းပြီး Gujarat  ပြည်နယ် ၌ မြေပဲထုတ်လုပ်မှုပမာဏ လျော့နည်း ခဲ့သည့်အတွက်ဖြစ်သည်ဟု National Agricultural Cooperative Marketing Federation of India Ltd (Nafed) ၏အကြီးတန်းအရာရှိတစ်ဦးက ပြောကြား သည်။
             အိန္ဒိယအစိုးရသည် ၂၀၁၈-၁၉ သီးနှံရာသီအတွင်း တောင်သူလယ်သမား ၁၂၃၈၅၄၇ ဦးထံမှ ပဲမျိုးစုံနှင့် ဆီထွက် သီးနှံများအား MSP ဈေးနှုန်းဖြင့် ဝယ် ယူရာ၌ ရူပီးကုဋေ ၉၃၇၂ ခန့် သုံးစွဲထား ပြီးဖြစ်ကြောင်း၊ ပြီးခဲ့ သည့် သုံးနှစ်အတွင်း ကမူ ပဲမျိုးစုံဝယ်ယူရေးအတွက်  အစိုးရ အနေဖြင့် အင်တိုက်အားတိုက် လုပ် ဆောင်ခဲ့ရကြောင်း၊ ယခုနှစ်တွင်မူ ပြည် တွင်း၌ ပဲမျိုးစုံနှင့် ဆီထွက်သီးနှံဈေးနှုန်း များ တည်ငြိမ်မှုရှိစေရေးအတွက် အစိုးရ လက်ဝယ် ရှိ တန်ချိန် ၄ ဒသမ ၅ သန်း ကျော်အား စီမံခန့်ခွဲရန်ကို ပိုမိုအာရုံ စိုက်ဆောင်ရွက်နေကြောင်း၊ လတ် တလောရှိနေသည့် စိန်ခေါ်မှုအနေဖြင့် ဈေးကွက်၌ ဈေးနှုန်းသင့်တင့်ညီမျှရေး ထိန်းညှိရန်ဖြစ်ကြောင်း၊ ဈေးအလွန် အမင်း ကျဆင်းပါက တောင်သူများကို ထိခိုက်စေနိုင်ပြီး ဈေးအလွန်မြင့်တက် ပါကလည်း စားသုံးသူများအပေါ် သက် ရောက်မှုရှိလာမည်ဖြစ်သည့်အတွက် ဈေးနှုန်းသင့်တင့်ညီမျှရေး ထိန်းညှိရန် မှာ အလွန်အရေးပါသည်ဟု အဆိုပါ တာဝန်ရှိသူက ပြောကြားထားကြောင်း သိရှိရသည်။
           စိုက်ပျိုးရေးဝန်ကြီးဌာနက ထုတ် ပြန်ထားသည့် ၂၀၁၈-၁၉ ရာသီ သီးနှံ ထုတ်လုပ်မှုပမာဏ ဒုတိယအကြိမ်ခန့် မှန်းချက်အရ Kharif ရာသီစိုက်ပဲမျိုးစုံ ထုတ်လုပ်မှုပမာဏမှာ တန်ချိန်ကိုးသန်း ဖြစ်ပြီး ဆောင်းရာသီပဲမျိုးစုံ ထုတ်လုပ်မှု ပမာဏမှာ တန်ချိန် ၁၅ သန်းရှိမည်ဟု ခန့်မှန်းထားကြောင်း၊ ဆီထွက်သီးနှံ ထုတ်လုပ်မှု ခန့်မှန်းပမာဏအနေဖြင့်မူ တန်ချိန် ၃၁၅ သန်းအထိ ပြည့်မီဖွယ် ရှိမည်ဟု ခန့်မှန်းထားကြောင်း သိရှိရ သည်။ ယခုနှစ်တွင် Nafed က ဝယ်ယူ ထားသည့် ပဲမျိုးစုံနှင့် ဆီထွက်သီးနှံ ပမာဏနည်းရခြင်းမှာ အထွက်နှုန်းလျော့ ကျသည့်အတွက်ကြောင့်ဟု ဆိုသည်။အိန္ဒိယနိုင်ငံတွင် သတ်မှတ်သီးနှံ များ၏ဈေးနှုန်းများ၏ ပြင်ပဈေးကွက် ပေါက်ဈေးမှာ MSP ဈေးအောက် ကျ ဆင်းချိန်၌ တောင်သူလယ်သမားများ ထံမှ စိုက်ပျိုးရေးထွက်ကုန်များကို MSP ဈေးနှုန်းဖြင့်   ဝယ်ယူပေးလေ့ရှိပြီး အဆိုပါဝန်ဆောင်မှုအား အစိုးရကိုယ် စားဆောင်ရွက်သည့် အေဂျင်စီအဖွဲ့ အစည်းတစ်ခုဖြစ် သည့် Nafedသည် ယခုနှစ်ရာသီတွင် ပဲမျိုးစုံ(အထူးသဖြင့် ပဲစင်းငုံ) နှင့် ဆီထွက်သီးနှံ (အဓိကအား ဖြင့် မြေပဲ)တို့ကို ယခင်နှစ်ထက် ပမာဏ ပိုနည်း၍ ဝယ်ယူထားကြောင်း သိရှိရ သည်။
        ထိုသို့လျော့နည်းရခြင်း၏ အဓိက အကြောင်းအရင်းမှာ Maharashtra ပြည်နယ်၌ မိုးခေါင်သည့် အခြေအနေ မျိုးဖြစ်ခဲ့ပြီး အခြားပြည်နယ်များတွင် လည်း သင့်တင့်ကောင်းမွန်သည့် ရာသီ ဥတုအခြေအနေမရှိခဲ့ခြင်း တို့ေ ကြာင့် သီးနှံအထွက်နှုန်းများ လျော့ကျခဲ့သည့် အတွက်ဖြစ်ကြောင်း၊ ယင်းသို့သော အခြေအနေများကြောင့် အိန္ဒိယအစိုးရ က ထုတ်ပြန်သည့်ဒုတိယအကြိမ် သီးနှံ ထုတ်လုပ်မှုခန့်မှန်းပမာဏတွင် ပထမ အကြိမ်ခန့်မှန်းပမာဏေ အာက် လျှော့ ချခန့်မှန်းထားကြောင်း၊ စိုက်ပျိုးရေး ဝန်ကြီးဌာန၏ အချက်အလက်များအရ အထွက်နှုန်းလျော့ကျမည့် သီးနှံများ တွင် ပဲစင်းငုံသီးနှံမှာ ၄ ဒသမ ၀၈ သန်း ထွက်ရှိမည်ဟု ပထမအကြိမ်က ခန့်မှန်း ခဲ့သော်လည်း ယခုအခါ တန်ချိန် ၃ ဒသမ ၆၈ သန်းသို့ လျှော့ချခန့်မှန်းထား ကြောင်း၊ အလားတူ မြေပဲထုတ်လုပ်မှု ပမာဏအနေဖြင့် ယခင်က တန်ချိန် ၆ ဒသမ ၃၂၈ သန်းရှိမည်ဟု ခန့်မှန်းထား ရာမှ ယခုအခါ တန်ချိန် ၅ ဒသမ ၄၄၁ သန်းသို့ လျှော့ချခန့်မှန်းထားကြောင်း Nafed ၏ ပဲမျိုးစုံနှင့် ဆီထွက်သီးနှံ ဆိုင်ရာ အမှုဆောင် ဒါရိုက်တာဖြစ်သူက ၂၀၁၉ ခုနှစ် မတ်လ ၁၉ ရက်တွင် ရှင်း လင်း ပြောကြားထားသည်။  ထို့ပြင် အစိုးရ ဝယ်ယူပြီးစီးသည့် ပမာဏေ လျာ့နည်း ရခြင်း၏ အကြောင်း အရင်းတစ်ရပ်မှာ အချို့သော ပဲသီးနှံ အမျိုးအစားများမှာ MSP ဈေးနှုန်း အထက်သို့ ရောက်နေသောကြောင့် တောင်သူများက ပြင်ပဈေးကွက်သို့ ရောင်းချသည့်အတွက်ဖြစ်ကြောင်း၊ အလားတူ ပဲပုပ်သီးနှံဈေးနှုန်းမှာလည်း ြှဏ ဈေးနှုန်းအထက်သို့ တက်ရိပ်ရှိ သည်ဟု ခန့်မှန်းယူဆကြသည့်အတွက် အစိုးရက ဝယ်ယူပေးရသည့်ပမာဏ အလွန်နည်းသည်ဟု ၎င်းင်းကထည့်သွင်း ပြောကြားထားကြောင်း သိရှိရပါသည်။

 

ယဉ်ယဉ်နွယ်၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ နယူးဒေလီမြို့

International Trade News

Pages