မြန်မာနိုင်ငံမှ တင်ပို့ခဲ့သည့် ဆန်တန်ချိန် ၁၈၀၀၀ကို အိုင်ဗရီကို့စ် အာဏာပိုင်များက စားသုံးရန်မသင့်ဆိုကာ ဖျက်ဆီးခဲ့မှုနှင့်ပတ်သက်၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်

Thu, 05/02/2019 - 08:04 -- admin_ygn

            မြန်မာနိုင်ငံမှတင်ပို့ခဲ့သော ဆန်တန်ချိန် ၁၈၀၀၀ ကို အိုင်ဗရီကို့စ်အာဏာပိုင်များက စားသုံးရန်မသင့်ဟု ကြေညာ၍ ဖျက်ဆီးခဲ့သည်ဟု ပြည်ပသတင်းဌာနများတွင် မကြာသေးမီက  ဖော်ပြခဲ့မှုနှင့်ပတ်သက်၍ စီးပွားေ ရးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဧပြီ ၂၄ ရက်က သတင်းထုတ်ပြန်ခဲ့သည်။ ယင်းကိစ္စနှင့်ပတ်သက်၍ စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနက စုံစမ်းစစ်ဆေးခဲ့ရာ ယင်းဆန်များမှာ Olam International Co.,Ltd က အာဖရိကတိုက်ရှိ ဂီနီ (Guinea) သို့ဆန်တင်ပို့ရန် မြန်မာကုမ္ပဏီသုံးခုဖြစ်သော ရွှေဝါ ရောင်ကုမ္ပဏီမှ တန် ၁၃၅၀၀၊ Myanmar Economic Corporation Co.,Ltd မှ တန် ၈၀၀၀ နှင့် ဧရာဟင်္သာကုမ္ပဏီမှ တန် ၅၀၀ စသည်ဖြင့် ဆိပ်ကမ်းအရောက်ဈေးနှုန်း (FOB) ဖြင့် ဝယ်ယူခဲ့သည့်ဆန်များဖြစ်သည်ကို စိစစ်တွေ့ရှိရကြောင်း၊ ၎င်းဆန်များအား တင်ဆောင်မည့် MV Ocean Princess သင်္ဘောသည် ၂၀၁၈ ခုနှစ် သြဂုတ် ၂၀ ရက်တွင်  ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိခဲ့ပြီး ဆန်တန်ချိန် ၂၂၀၀၀ ခန့်ကို အရည်အသွေးစစ်ဆေးသည့် Bureau Veritas ကုမ္ပဏီ၏ စစ်ဆေးအတည်ပြုချက် ဖြင့် တင်ဆောင်၍ ၂၀၁၈ ခုနှစ် စက်တင်ဘာ ၁၂ ရက်တွင် ထွက်ခွာသွား ခဲ့ကြောင်း၊ ထို့ပြင် အိန္ဒိယနိုင်ငံဆိပ်ကမ်း၌ ဆန် တန်ချိန် ၁၄၀၀၀ အား ထပ်မံတင်ဆောင်ခဲ့ပြီး ဂီနီနိုင်ငံရှိ Conakry ဆိပ်ကမ်းသို့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလကုန်၌ ဆိုက် ရောက်ခဲ့ကြောင်း၊ ဂီနီနိုင်ငံရှိ Conakry ဆိပ်ကမ်းတွင် ၎င်းင်းသင်္ဘောမှ ဆန်တန်ချိန် ၄၀၀၀ ခန့်ချအပြီး ဆန်အိတ်အချို့တွင် အလေးချိန်မပြည့်သည့် အကြောင်းပြချက်ဖြင့် ဆက်လက်လက်မခံခဲ့သဖြင့် တိုဂိုနိုင်ငံ (Togo) တွင် ရောင်းချရန် သွား ရောက်ခဲ့ရာ ယင်းနိုင်ငံမှလည်း ထပ်မံ၍ ငြင်းပယ်ခံခဲ့ရကြောင်း၊ ၎င်းင်းမှဆက်လက်ထွက်ခွာခဲ့ရာ အိုင်ဗရီကို့စ်နိုင်ငံ၊ အဘီဂျန် (Abidjan) ဆိပ်ကမ်းသို့ ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း၊   အဆိုပါဆန်များအား မြန်မာနိုင်ငံသို့  ပြန်လည်တင်ဆောင်နိုင်ရန် Olam International Co.,Ltd ကိုယ်စားလှယ်များက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသို့  ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၁၉ ရက်တွင် လာရောက်တွေ့ဆုံတင်ပြခဲ့မှုအရ စုစုပေါင်း ဆန်တန်ချိန် ၁၈၁၀၄ ဒသမ ၅၅ တန်အား ပြန်လည် သယ်ယူနိုင်ရန် Repair& Return စနစ်ဖြင့် သွင်းကုန်ပါမစ် သုံးစောင်ထုတ်ပေးခဲ့ကြောင်း၊  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနသည် ၎င်းင်းဆန်များ ပြန်လည်ရောက်ရှိလာပါက မည်သည့်အတွက်ေ ကြာင့်  ပြန်လည်တင်ပို့ခံခဲ့ရခြင်းဖြစ်သည်ကို စစ်ဆေးရေးအဖွဲ့ဖွဲ့၍ စိစစ်ရန်စီစဉ်ခဲ့ကြောင်း၊ သို့သော် ၎င်းသင်္ဘောမှာ မြန်မာနိုင်ငံသို့ ပြန်လာခဲ့ခြင်းမရှိဘဲ မြန်မာ့ဆန်များ စားသုံးရန်မသင့်၍ အိုင်ဗရီကို့စ်၌ ဖျက်ဆီးခဲ့ကြောင်း ပြည်ပသတင်းဌာနများက  ဖော်ပြခဲ့ရာ မြန်မာ့ဆန် များ၏နာမည်ကောင်းကို ထိခိုက်စေခဲ့ကြောင်း ထုတ်ပြန်ထားသည်။
           ယင်းကိစ္စနှင့်ပတ်သက်၍ ၂၀၁၉ ခုနှစ် ဧပြီ ၂၃ရက်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင် များအသင်းချုပ်၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ကိုယ်စားလှယ်များ၊ ဆန်များရောင်းချခဲ့သည့် ပြည်တွင်းကုမ္ပဏီများ နှင့်သင်္ဘောတင်မှုတွင် အရည်အသွေးစစ်ဆေးသည့်ကုမ္ပဏီများမှ ကိုယ်စား လှယ်များတွေ့ဆုံဆွေးနွေးခဲ့ရာ ယင်းဆန်များ ကို စာချုပ်ပါအရည်အသွေးအလေး ချိန်များအတိုင်း ဆန်တင်ပို့မှုတွင် နှစ်ပေါင်းများစွာအတွေ့အကြုံရှိသည့်ကုမ္ပဏီများမှ ရောင်းချခဲ့ခြင်းဖြစ်ပြီး  သက်ဆိုင်ရာအရည်အသွေး စစ်ဆေးသည့်ကုမ္ပဏီများကလည်း ယင်းဖြစ်ရပ်မျိုး ယခင်က ဖြစ်ပွား ခဲ့ခြင်းမျိုးမရှိခဲ့ကြောင်းနှင့် နိုင်ငံတကာလုပ်ထုံးလုပ်နည်းများနှင့်အညီ တိကျစွာလိုက်နာ၍ သင်္ဘောတင်ပေးခဲ့ခြင်းဖြစ် ကြောင်း တင်ပြခဲ့ကြသည်။
           မြန်မာ့ဆန်များ၏အရည်အသွေးကို တာဝန်ခံနိုင်ကြောင်းနှင့် FOB စနစ်ဖြင့်ဝယ်ယူခဲ့သည့်ကုမ္ပဏီအနေဖြင့် သင်္ဘော တင်စဉ်မှ ကုန်ပစ္စည်းချသည့်အချိန်အထိ ခုနစ်လကျော်ကြာမြင့်ခဲ့ခြင်းနှင့် သင်္ဘောတင်ချိန်နှင့်သေ င်္ဘာပေါ်တွင် ရေငွေ့ဝင် ခြင်းများကြောင့်သာ ဆန်အရည်အသွေးထိခိုက်မှုဖြစ်နိုင်ကြောင်း  ဆန်များရောင်းချခဲ့သည့်ကုမ္ပဏီများ၏တင်ပြချက်အရ သိရှိခဲ့ရသည်။ ဆန်ရောင်းချခဲ့သည့် မြန်မာကုမ္ပဏီသုံးခုသည် FOB (ရန်ကုန်) စနစ်ဖြင့်  ရောင်းချခဲ့ခြင်းဖြစ်ရာ FOB စနစ်အရ "ကုန်ရောင်းသူသည် ရောင်းချမည့်ကုန်ပစ္စည်းကို တင်ပို့ရမည့် သင်္ဘောပေါ်သို့ရောက်ရှိသည်အထိ  တင်ပို့ပေးရန် တာဝန်ရှိပြီး ဝယ်သူသည် ကုန်ပစ္စည်းသင်္ဘောပေါ်သို့ ရောက်ရှိ ပြီးသည်နှင့်တစ်ပြိုင်နက် ကုန်ပစ္စည်းနှင့်ပတ်သက်၍ ပေါ် ပေါက်လာသည့် ဆုံးရှုံးမှုနှင့်ကုန်ကျစရိတ်အားလုံးကို တာဝန်ယူရမည်" ဖြစ်သဖြင့်  ယခုဖြစ်စဉ်နှင့်ပတ်သက်၍  မြန်မာ နိုင်ငံမှ ဆန်တင်ပို့သည့်ကုမ္ပဏီများအနေဖြင့် ငွေကြေးအရ   နစ်နာမှုမရှိကြောင်းနှင့် ဆန်များဖျက်ဆီးခံရခြင်းအပေါ်  တာဝန်မရှိကြောင်း တွေ့ရှိရသည်။
           ယင်းဖြစ်စဉ်ဖြစ်ပေါ်ခဲ့သော်လည်း မြန်မာ့ဆန်များတင်ပို့သည့်ဈေးကွက်ကို  ထိခိုက်မှုမရှိဘဲ ၂၀၁၉ ခုနှစ် ဧပြီ ၁ရက် မှ ၁၉ ရက်အထိ ပို့ကုန်လိုင်စင်ခွင့်ပြုထားသည့် အာဖရိကနိုင်ငံများသို့  ဆန်တန်ချိန် ၂၇၉၉၅ တန်၊ အာရှနိုင်ငံများသို့ ဆန် တန်ချိန် ၁၁၉၀ တန်၊ ဆန်ကွဲ ၁၁၅၀ တန်၊ ဥရောပနိုင်ငံများသို့ ဆန်တန်ချိန် ၁၅၂၇၁ တန်၊ ဆန်ကွဲ၁၉၀၁၀တန်တို့ကို ပုံမှန် အတိုင်း ဆက်လက်တင်ပို့လျက်ရှိသည်။ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး တာဝန်ရှိသူများပါဝင်သော စုံစမ်းရေးအဖွဲ့ ဖွဲ့စည်း၍ ဆန်တင်ပို့သည့်ကုမ္ပဏီများ၊ အရည်အသွေးစစ်ဆေးသည့် Bureau Veritas ကုမ္ပဏီနှင့် ဆန်ဝယ်ယူသည့် Olam International Co.,Ltd တို့ကို အသေးစိတ် စုံစမ်းစစ်ဆေး သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

 

(စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်)

Local Trade News

Pages