ဒေသသုံးငွေကြေးများဖြင့် ကုန်သွယ်မှုပြုခြင်းကို အိန္ဒိယနှင့် ရုရှားတို့ မြှင့်တင်ဆောင်ရွက်မည်

Mon, 10/29/2018 - 09:22 -- admin_ygn

       ဒေသသုံးငွေကြေးများကို အသုံး ပြုခြင်းဖြင့် နှစ်နိုင်ငံကုန်သွယ်မှုမြှင့်တင် ရေးဆောင်ရွက်ရန်နှင့် ကဏ္ဍမျိုးစုံ၌ ဖက်စပ်ဆောင်ရွက်ခြင်းမှတစ်ဆင့် စီး ပွားရေး ပူးပေါင်းဆောင်ရွက်မှုတို့ တိုးမြှင့် ရန်တို့ကို အိန္ဒိယနှင့်ရုရှား တို့ အောက် တိုဘာ ၅ ရက်တွင် ဆွေးနွေးခဲ့ ကြပြီး ၂၀၂၅ ခုနှစ်တွင် နှစ်နိုင်ငံရင်းနှီး မြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ ၃၀ ဘီလီယံအထိ တိုးလာနိုင်မည်ဟု နှစ်ဖက် ခေါင်းဆောင်များ သဘောတူခဲ့ကြကြောင်း သိရှိရပါသည်။
ထို့ပြင် အဖိုးတန်သတ္တု၊ တွင်း ထွက်များ၊ သဘာဝအရင်းအမြစ်များ  နှင့် သစ်တောထွက်ပစ္စည်းများကဲ့သို့ သောကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက် နိုင်ရေး အခွင့်အလမ်းများ ရှာဖွေရန်ကို လည်း နှစ်ဖက်သဘောတူခဲ့ပြီး ယူရေး ရှားစီးပွားရေးသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ နှင့် အိန္ဒိယနိုင်ငံတို့အကြား လွတ်လပ် သောကုန်သွယ်မှုဆိုင်ရာ သဘောတူ စာချုပ်တစ်စောင် ချုပ်ဆိုရေးဆွေးနွေး မှုများ အပြီးသတ်ရန်ကိုလည်း နှစ်နိုင်ငံ စလုံးက တိုက်တွန်းခဲ့ကြကြောင်း သိရှိ ရပါသည်။
နှစ်နိုင်ငံခေါင်းဆောင်များတွေ့ဆုံစဉ်အတွင်း မော်တော်ကားလမ်းနှင့် မီးရထားဆိုင်ရာအခြေခံအဆောက် အဦများ၊ စမတ်စီးတီးနှင့် wagons  များ တည်ဆောက်ခြင်း၊ ထောက်ပံ့သယ်ယူ ပို့ဆောင်ရေး ဖက်စပ်ကုမ္ပဏီများ ဖန်တီး တည်ထောင်ခြင်းတို့ အပါအဝင် အိန္ဒိယ နိုင်ငံ၌ စက်မှုစြင်္ကံအကောင်အထည် ဖော်မှုများ၌ ရုရှားကုမ္ပဏီများ ပူးပေါင်း ပါဝင်ရန် အိန္ဒိယဘက်က ဖိတ်ခေါ်ခဲ့ ကြောင်း၊ ရုရှားဘက်ကမူ အိန္ဒိယရှိ ဖက်စပ် စီမံကိန်းများ ၏ မြေပြင် အနေ အထား ကို သိရှိနိုင်ရေး ဂြိုလ်တုစနစ်သုံး အခွန် ကောက်ခံမှုစနစ်သည် ၎င်းင်း၏ နည်း ပညာကို အသုံးပြုရန် ကမ်းလှမ်းခဲ့ကြောင်း သိရှိရပါသည်။
      ထိုမျှသာမကInternational North- South Transport Corridor (INSTC)  စီမံကိန်းတွင် ကြန့်ကြာနေ သည့် လုပ်ငန်းများအား   အားစိုက် အကောင်အထည်ဖော်ရန် နှစ်နိုင်ငံ        ခေါင်းဆောင်များက တိုက်တွန်း ခဲ့ပြီး မော်စကို၌ ကျင်းပမည့်'Transport Week -2018 '၏ ပြင်ပအစည်းအဝေး ၌ အိန္ဒိယကုန်စည်များအား အီရန်မှ တစ်ဆင့် ရုရှားသို့ပို့ဆောင်ရေးကိစ္စရပ် အား ဆွေးနွေးရန်အတွက် အီရန်၊ အိန္ဒိယနှင့် ရုရှား (၃)နိုင်ငံ အစည်း အဝေး ကျင်းပရေး အဆိုပြုချက်ကိုလည်း နှစ် နိုင်ငံ ပူးတွဲကြေညာချက် ထုတ်ပြန်ကြို ဆိုခဲ့ကြကြောင်း၊ နှစ်နိုင်ငံအကြားကုန် စည်များ သယ်ယူပို့ဆောင်ရေးအတွက် အကောက်ခွန်လုပ်ငန်းများ ရှင်းလင်း လွယ်ကူစေရန် ရည်ရွယ် ထားသည့်Green  Corrider Project  စီမံကိန်းအား စောစီး စွာ စတင်ရန်ကိုလည်း ကြိုဆို ထောက်ခံ ခဲ့ကြကြောင်း၊ ထိုမျှသာမက မီးရထား၊ စွမ်းအင်တို့ကဲ့သို့သော ကဏ္ဍများတွင် တတိယနိုင်ငံ များ၌ စီမံကိန်းများ တက်ကြွ စွာပူးပေါင်း ဆောင်ရွက်ရန်ကိုလည်း အိန္ဒိယ-ရုရှား နှစ်နိုင်ငံအကြား သဘော တူခဲ့ကြသည်ဟု သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားကြောင်း သိရှိရပါသည်။
ယဉ်ယဉ်နွယ်၊ စီးပွားရေးသံမှူး
မြန်မာသံရုံး၊ နယူးဒေလီမြို့။

International Trade News

Pages