ဧရာဝတီတိုင်းဒေသကြီးအတွင်း ဖျာပုံခရိုင် ဧည့်မထမိုးဆန်ဈေး

Wed, 04/18/2018 - 05:58 -- admin_ygn

         အနည်းငယ်မြင့် ဟင်္သာတဆန်ဈေးအနည်းငယ်ကျဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဆန်စပါး ဈေးကွက်မှာ ဧပြီလ ပထမပတ် တွင် ဖျာပုံ၊ ဘိုကလေး၊ ကျိုက်လတ်၊ဒေးဒရဲမြို့နယ်များ၌ ဒေသတွင်းအရောင်းအဝယ်သွက်မှု အပေါ် မူတည်၍ မိုးဧည့်မထဆန်များအဝယ်လိုက်လာပြီး၊ စပါးဈေးနှုန်းမြင့်တက်မှုမရှိဘဲ ဆန်ဈေးအနည်းငယ်မြင့်တက်လျက်ရှိကြောင်း သိရသည်။ မတ်လနောက်ဆုံးပတ်နှင့် ဧပြီလပထမပတ်အတွင်း မိုးဧည့်မထစပါး ၄၆ပေါင် တင်း ၁၀၀ ကို ကျပ် ၅၆၀၀၀၀ မှ ကျပ် ၅၇၀၀၀၀ နှင့် ယခုလက်ရှိအချိန်မှာလည်း စပါးဈေးနှုန်းပြောင်းလဲမှုမရှိကြောင်းသိရ သည်။ ယခင် မိုးဧည့်မထ ဆန်တစ်အိတ်လျှင် ကျပ် ၂၄၀၀၀ မှ ကျပ်၂၅၀၀၀ မှ ယခု ကျပ် ၂၅၀၀၀ မှ ကျပ် ၂၆၀၀၀ ဖြစ်သွားပြီး ဆန်တစ်အိတ်ကို ကျပ် ၁၀၀၀ ဝန်းကျင်ဈေးမြင့်တက်သွားကြောင်း ဆန်စပါးဈေးကွက်သတင်းများမှသိရသည်။ ဟင်္သာတမြို့နယ်တွင် ဧည့်မဆန်ဈေးမှာ ယခင် မတ်လနောက်ဆုံးပတ်အထိ မိုးဧည့်မထဆန် တစ်အိတ် ကို ကျပ်၂၂၀၀၀ ဖြင့် ရောင်းဝယ်လျက် ရှိရာမှ ယခုဧပြီလပထမပတ်အတွင်း ဆန်တစ်အိတ်ကို ကျပ် ၂၁၅၀၀ ဖြစ်သွား၍ မိုးဧည့်မထဆန် တစ်အိတ်လျှင် ကျပ် ၅၀၀ခန့်ဈေး ကျဆင်းလျက်ရှိကြောင်းနှင့် ဆန်စပါးဈေးကွက် မှာ ဧရာဝတီတိုင်းဒေသကြီးကျန်မြို့နယ် များတွင်ပုံမှန် ရောင်းဝယ်လျက်ရှိပြီး စပါး၊ဆန်အရည်အသွေးကွာခြားမှု၊ ဈေးကွက်ဝယ်လိုအားပေါ်မူတည်၍ မြို့နယ်များတွင် ဈေးနှုန်း အနိမ့်/အမြင့်အပြောင်းအလဲများရှိကြောင်း ဆန်စပါး အသိုင်းအဝိုင်းမှသိရသည်။  

 

မင်းမင်းဦး(ပုသိမ်)

Local Trade News

Pages