ပြည်ကြက်သွန်ဖြူများ ဈေးအတက်အကျ ဖြစ်ပေါ်နေ

Tue, 01/23/2018 - 04:44 -- admin_ygn

    ပြည်ကြက်သွန်ဖြူပွဲရုံများတွင် ဇန်နဝါရီတတိယပတ်၌   ကြက်သွန်ဖြူအဝင် နည်းလာတာတွေ့ရပါတယ်။ ပြည်ဈေးကွက်သို့ ကြက်သွန်ဖြူဝင်ရောက်မှုမှာ ရှမ်း လိုင်းနှင့်တရုတ်လိုင်းများမှ ဝင်ရောက်နေခြင်းဖြစ်ပြီး ရှမ်းကြက်သွန်ြ ဖူ များ အရောင်း အဝယ်အေးတာကြောင့် ဈေးဆက်ကျလာပြီး တရုတ်စ(ကြူကုတ်)ကတော့ ပစ္စည်း အဝင်နည်းတာကြောင့် ဈေးတက်လာခြင်းဖြစ်ကြောင်းသိရပါတယ်။ယခုတစ်ပတ် ကြက်သွန်ဖြူဈေးနှုန်းတွေကတော့ (ပွဲရုံဈေး) တစ်ပိဿာလျှင် (ရှမ်းစ) ကျပ် ၂၁၀၀ မှ ကျပ် ၂၃၀၀၊ (ကြူကုတ်စ) ကျပ် ၁၉၀၀ ဖြင့် တစ်ပိဿာလျှင် ကျပ် ၁၀၀ဈေးတက်လာတာတွေ့ရပါတယ်။   ဒေသတွင်း(လက်လီ) ဈေးကွက်များ တွင် (ရှမ်းစ)တစ်ပိဿာလျှင် ကျပ် ၂၈၀၀နှင့် (ကြူကုတ်စ)ကျပ်၂၃၀၀တို့ဖြင့် ရောင်း ချလျက်ရှိပါတယ်။ ပွဲရုံများမှာ အရောင်းအဝယ်အေးသော်လည်း   ဒေသတွင်း လက်လီသမားများကတော့ ပုံမှန်ရောင်းဝယ်နေတာတွေ့ရပါတယ်။   ယခုတစ်ပတ် ပွဲရုံများတွင် ကြက်သွန်ဖြူအိတ်   ၂၀၀ နီးပါးအရောင်းအဝယ်ဖြစ်ကြောင်း သိရပါ တယ်။                                      
 နီနီဝင်း

Local Trade News

Pages