၂၀၁၇ ခုနှစ် မတ်လအထိ Re-export သကြားတင်သွင်းပြီး ပြန်လည်တင်ပို့ရန်ကျန်သည့် ကုမ္ပဏီများအား စိစစ်အရေးယူမည်

Tue, 12/26/2017 - 05:21 -- admin_ygn

         စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေ ဖြင့် ကုန်သွယ်မှု  တိုးတက်မြင့်မားရေး၊ အလုပ်အကိုင် အခွင့် အလမ်းရရှိစေရေးနှင့်  နိုင်ငံတော်အခွန်အခ ရရှိစေရေးတို့ အတွက် တစ်ဖက်နိုင်ငံ ဈေးကွက်ရှိသော သကြားကို Re-export စနစ်ဖြင့် တင်သွင်းတင်ပို့ခြင်းအား ၂၀၁၅ ခုနှစ် စက်တင်ဘာလ မှ စတင်၍ခွင့်ပြုပေးခဲ့ပါသည်။ ခွင့်ပြုပေးစဉ်က Re-export လုပ်ငန်းဆောင်ရွက်မည့် ကုမ္ပဏီများအတွက် ဆောင်ရွက်ရမည့် လုပ်ထုံးလုပ် နည်း စည်းမျဉ်းစည်းကမ်းများအား ဥပဒေနှင့်အညီ သတ်မှတ်ဆောင်ရွက် စေခဲ့ပါသည်။
          သို့ရာတွင် အချို့ကုမ္ပဏီများသည် အမှန်တင်သွင်းခဲ့သော် လည်း တင်သွင်းသည့်ပမာဏအတိုင်း ပြန်လည်တင်ပို့မှုမပြုခြင်း၊ ပြည်တွင်းတွင် ပြန်လည်ရောင်းချခြင်းများ ပြုလုပ်နေကြောင်း စိစစ်တွေ့ရှိရသည်။ ယင်းသို့ သ တ်မှတ်စည်းမျဉ်းစည်းကမ်းနှင့် ကိုက်ညီမှုမရှိ သော ကုမ္ပဏီများအား စိစစ်ဖော်ထုတ်ကာ လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။ ထို့ကြောင့် ၂၀၁၅ ခုနှစ်  စက်တင်ဘာလမှ ၂၀၁၇ ခုနှစ် မတ်လ အထိ Re-export လိုင်စင်လျှောက်ထားပြီး အပြည့်အ၀ တင်ပို့မှုမပြုသည့် ကုမ္ပဏီများအနေဖြင့် အမှန်တင်ပို့ထားသည့် စာရင်းအချက်အလက်များနှင့်အတူ ကုန်သွယ်ရေးဦးစီးဌာနတွင် တစ်လအတွင်းလာရောက်တိုက်ဆိုင် စစ်ေ ဆးနိုင်ကြောင်းလည်း သိရှိရပါသည်။ သတ်မှတ်ချက်နှင့်အညီ တင်သွင်းတင်ပို့ထားခြင်းမရှိသည့် ကုမ္ပဏီများအား လုပ်ထုံးလုပ်နည်းပါ စည်းကမ်းသတ်မှတ်ချက် အတိုင်း ဆက်လက်အရေးယူသွားမည်ဖြစ်ကြောင်းသိရှိရပါသည်။

 

မြတ်စိုး

Local Trade News

Pages