ရေကြောင်းလမ်းမှ ဓာတ်ဆီ၊ ဒီဇယ် တန်ချိန် တစ်သိန်းလေးသောင်းကျော် တင်သွင်း

Tue, 10/31/2017 - 10:26 -- admin_ygn

        အောက်တိုဘာ ၁၅ ရက်မှ ၂၁ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန် ဒေါ်လာ ၄၁၇၄၉၈၇၈ တန်ဖိုးရှိ ဒီဇယ် ၈၈၁၀၄ဒသမ ၈၆တန်နဲ့ အမေရိကန် ဒေါ်လာ ၂၆၄၃၆၇၅၀ တန်ဖိုးရှိ  ဓာတ်ဆီ ၅၄၇၀၃ ဒသမ ၈၆ တန်၊ စုစုပေါင်း ၁၄၂၈၀၈ ဒသမ ၇၂ ကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ တင်သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ်က တင်သွင်းခဲ့တဲ့ ဒီဇယ်တန်ချိန် ၅၂၈၂၀ ကျော်နဲ့ နှိုင်းယှဉ်ရင် ဒီတစ်ပတ်မှာ ဒီဇယ်တန်ချိန် ၃၅၂၇၀ ကျော် အဝင်ပိုခဲ့သလို ယခင်သီတင်းပတ်က တင်သွင်းခဲ့တဲ့ ဓာတ်ဆီတန်ချိန် ၅၄၆၈၀ ကျော်နဲ့ နှိုင်းယှဉ်ရင် ဒီတစ်ပတ်မှာ ၁၉ တန်ကျော် အဝင်ပိုခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့် ဒီတစ်ပတ်မှာ ဓာတ်ဆီ၊ ဒီဇယ် အဝင်ပိုခဲ့တယ်လို့ သိ ရပါတယ်။ အောက်တိုဘာ ၁၅ ရက်မှ၂၁ ရက်သီတင်းပတ်အတွင်း နယ်စပ်စခန်း ဖြစ်တဲ့ မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်မှ အမေရိကန်ဒေါ်လာ ၂ ဒသမ ၀၂၉ တန်ဖိုးရှိ Re-Export ဒီဇယ်တန်ချိန် ၃၇၀၀ တန်တင်ပို့ခဲ့တယ်လို့ သိရပါတယ်။
        ရန်ကုန်ဈေးကွက်မှာ ဓာတ်ဆီရော ဒီဇယ်ပါ ပုံမှန်အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ပုဂ္ဂလိကစက်သုံးဆီဆိုင်များမှာ ဒီဇယ်၊အဆင့်မြင့်ဒီဇယ် ၊အောက်တိန်း (92)နဲ့ (95) မှာ ဈေးငြိမ်တယ်လို့ သိရပါတယ်။ ဒီတစ် ပတ် ပုဂ္ဂလိက စက်သုံးဆီဆိုင်မှာ ရောင်းချနေတဲ့ တစ်လီတာ ဈေးနှုန်းများမှာ ဒီဇယ် ၇၄၅ ကျပ်၊ အောက်တိန်း (92) ၇၄၅ ကျပ်၊ အောက်တိန်း (95) ၇၈၅ ကျပ်၊ အဆင့်မြင် ဒီဇယ် ၇၆၅ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါ တယ်။ ပြင်ပလက်လီဆိုင်များမှာ အရောင်း အဝယ်ဖြစ်နေတဲ့ ပီပါဈေးများမှာ အောက်တိုဘာလ ၂၃ ရက်မှာ ဒီဇယ်ဝယ်ဈေး ကျပ်၁၄၅၀၀၀၊ ရောင်းဈေး ကျပ် ၁၄၉၀၀၀ နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ရာ အောက်တို ဘာ ၂၇ ရက်မှာ ဝယ်ဈေး ကျပ် ၃၀၀၀ ၊ ရောင်းဈေးကျပ် ၄၀၀၀ ဈေးမြင့်ခဲ့တယ်လို့ သိရပါတယ်။အောက်တိုဘာလ ၂၃ ရက်မှာ ဓာတ်ဆီဝယ်ဈေး ကျပ် ၁၅၆၀၀၀၊ ရောင်းဈေး ကျပ် ၁၆၃၀၀၀ နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ရာ အောက်တိုဘာ ၂၇ ရက် တွင် ဝယ်ဈေး ကျပ် ၁၅၉၀၀၀၊ ရောင်းဈေး ကျပ် ၁၆၄၀၀၀နဲ့ အရောင်းအဝယ်ဖြစ်တယ် လို့ သိရပါတယ်။ ယခင်တစ်ပတ်ဈေးနဲ့ ယှဉ်ရင် ဒီဇယ်ဈေး အပြောင်းအလဲသိပ် မရှိသော်လည်း ဓာတ်ဆီဈေး အနည်းငယ်မြင့်ခဲ့တယ် လို့ သိရပါတယ်။            
       မန္တလေးဈေးကွက်မှာ ဓာတ်ဆီရော ဒီဇယ်ပါ ပုံမှန်အရောင်းအဝယ်ရှိနေပါ တယ်။ ပုဂ္ဂလိကဆိုင်များတွင် အောက်တိန်း(92)၊ အောက်တိန်း(95)၊ ဒီဇယ်နဲ့ အဆင့် မြင့်ဒီဇယ်မှာဈေးငြိမ်နေတယ်လို့ သိရပါတယ်။ ပုဂ္ဂလိက စက် သုံးဆီဆိုင်မှာ ရောင်းချနေတဲ့ တစ်လီတာဈေးနှုန်းများမှာ အောက်တိန်း(95) တစ်လီတာ ကျပ် ၈၉၀ ၊ ဒီဇယ်တစ်လီတာ ကျပ် ၇၇၀ ၊အဆင့်မြင့်ဒီဇယ်တစ်လီတာ ကျပ် ၇၉၀၊ အောက်တိန်း (92)တစ်လီတာ ကျပ် ၈၀၀ ၊ ဓာတ်ဆီ တစ်လီတာ ကျပ် ၈၀၀ နဲ့ ရောင်းချနေပါတယ်။ ပြင်ပလက်လီဆိုင်များမှာ အရောင်းအဝယ်ဖြစ်နေတဲ့ ပီပါဈေးများမှာ အောက်တို ဘာ ၂၃ ရက်တွင် ဒီဇယ်ဝယ်ဈေးကျပ် ၁၅၀၀၀၀၊ ရောင်းဈေး ကျပ် ၁၅၂၀၀၀ နဲ့ အရောင်းအ၀ ယ်ဖြစ်ခဲ့ရာ အောက်တိုဘာ ၂၇ ရက်တွင်ဝယ်ဈေး ကျပ် ၁၅၃၀၀၀၊ ရောင်းဈေး ကျပ် ၁၅၅၀၀၀နဲ့ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့  သိရပါတယ်။ အောက်တိန်း (92)ဈေးမှာ အောက်တိုဘာ  ၂၃ ရက်တွင် ဝယ်ဈေး ကျပ် ၁၅၆၀၀၀၊ ရောင်းဈေးကျပ် ၁၅၈၀၀၀ နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ရာ အောက်တိုဘာ ၂၇ ရက်တွင်ဝယ်ဈေး ကျပ် ၁၅၈၀၀၀၊ ရောင်းဈေးကျပ် ၁၆၃၀၀၀ နဲ့ အရောင်း အဝယ်ဖြစ်တယ်လို့သိရပါတယ်။ ယခင်တစ်ပတ်ဈေးနဲ့ ယှဉ်ရင် ဒီဇယ်ဈေးငြိ မ်သော်လည်း ဓာတ်ဆီဈေးနည်းနည်း မြင့်လာတယ်လို့ သိရပါတယ်။
        မော်လမြိုင်ဈေးကွက်မှာ အရောင်းအဝယ်ပုံမှန်ရှိပြီး ဈေးငြိမ်တယ်လို့ သိရ ပါတယ်။ ဒီတစ်ပတ် ပုဂ္ဂလိကဆိုင်မှာ ရောင်းချနေတဲ့ တစ်လီတာဈေးများမှာ ဓာတ်ဆီ ၇၅၅ ကျပ် ၊ အဆင်မြင့်ဒီဇယ် ကျပ် ၈၀၀ ၊ အောက်တိန်း (92) ကျပ် ၇၉၀၊ အောက်တိန်း (95) ကျပ် ၈၂၀ နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ပြင်ပ လက်လီဆိုင်များမှာ ဓာတ်ဆီတစ်ဂါလံ ကျပ် ၃၄၀၀၊ အဆင့်မြင့်ဒီဇယ် တစ်ဂါလံ ကျပ် ၃၆၀၀၊ အောက်တိန်း (92)တစ်ဂါလံ ကျပ်၃၆၀၀၊ အောက်တိန်း (95) တစ်ဂါလံ ကျပ် ၃၇၀၀ နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။

 

MIRT-DOT

Local Trade News

Pages