အကောက်ခွန်ဌာနမှ စောင့်ကြည့်ခြင်းမရှိဘဲ ပို့ကုန် ကွန်တိန်နာများအား ပို့ကုန်တင်ပို့သူူများကိုယ်တိုင် ချိတ်ပိတ်သည့်စနစ်ကို အိန္ဒိယ၌ အောက်တိုဘာ ၁ ရက်မှ စတင်ဖော်ဆောင်မည်

Mon, 09/25/2017 - 05:32 -- admin_ygn

    အိန္ဒိယ    အကောက်ခွန်ဦးစီး ဌာနသည် ယုံကြည်မှုကိုအခြေခံ သည့် စည်းမျဉ်းစည်းကမ်း   လိုက်နာသော ဝန်းကျင်တစ်ခု  တည်ဆောက်ရန်နှင့် ပို့ကုန်လုပ်ငန်းရှင်များအတွက်  ကုန် သွယ်မှုလျင်မြန်ချောမွေ့စေရန် ရည် ရွယ် ချက် များဖြင့်  ပို့ကုန်တင်ပို့မည့် ကွန်တိန်နာများအား  လုပ်ငန်းရှင်များ ကိုယ်တိုင်ချိတ်ပိတ်သည့်စနစ်ကို အောက် တိုဘာလ ၁ ရက်မှစတင်ခွင့်ပြုမည်ဖြစ် ကြောင်း၊  ယခင်က အကောက်ခွန်ဦးစီး ဌာန တာဝန်ရှိသူများ၏   ကြီးကြပ် မှုဖြင့် စက်ရုံ၌  ချိတ်ပိတ်ခြင်းများ  ဆောင် ရွက်သည့် ပို့ကုန်လုပ်ငန်းရှင်များသည်လည်း    ယခုထုတ်ပြန်ချက်၌   အလို အလျောက် အကျုံးဝင်မည်ဖြစ်ကြောင်း သိရှိရပါသည်။ယခုကျင့်သုံးမည့် မူဝါဒသစ်အရ ပို့ကုန်လုပ်ငန်းရှင်များ သည် ကိုယ်တိုင် ချိတ်ပိတ်ခွင့် ခွင့်ပြုချက်  တစ်ကြိမ်ရရှိပြီး သည်နှင့် ယင်းခွင့်ပြုချက်အား ပြန်လည် မရုပ်သိမ်းမီအထိ အကျုံးဝင်မည်ဖြစ်ကြောင်း၊ စက်ရုံနေရာအဝန်းအဝိုင်း ပြောင်းလဲပါ က အကောက်ခွန်ဦးစီးဌာနသို့   ခွင့်ပြု ချက်ဖြင့်  ပြန်လည်တင်ပြ တောင်းခံရမည် ဖြစ်ကြောင်း   သိရှိရပါသည်။ထို့ပြင်  ပို့ကုန်လုပ်ငန်းရှင်များ သည် ကွန်တိန်နာများ၏ ချိတ်နံပါတ် များအား သင်္ဘောတင်စာရွက်စာတမ်း များ အွန်လိုင်းဖြည့်သွင်းချိန်တွင် (သို့ မဟုတ်) လက်ရေးဖြင့်ဖြည့်စွက်သည့် သင်္ဘောတင် စာရွက်စာတမ်းများအနေ ဖြင့် ကွန်တိန်နာများဆိပ်ကမ်းမှ မခွာမီ ကြေညာရမည်ဖြစ်ကြောင်းRFID  တံဆိပ်များကို လက်လီရောင်းသမား များထံမှ   တိုက်ရိုက်ဝယ်ယူရမည်ဖြစ် ကြောင်း သိရှိရပါသည်။သို့ဖြစ်၍ အောက်တိုဘာလ ၁ ရက်နေ့မှစ၍    ပို့ကုန်လုပ်ငန်းရှင် များသည် ကိုယ်တိုင်ချိတ်ပိတ်သည့် ကွန်တိန်နာများ၏ ချိတ်တံဆိပ် နံပါတ်၊ ချိတ်ပိတ်သည့်နေ့၊    ချိတ်ပိတ်သည့် အချိန်၊ ပို့ကုန်ဆိုက်ရောက် မည့်ေ နရာ၊ ကွန်တိန်နာနံပါတ်နှင့် ကွန်တိန်နာတင် မည့် ကုန်တင်နောက်တွဲယာဉ် နံပါတ် တို့ကို  အကောက်ခွန်ဦးစီးဌာနသို့   ပေး ပို့ အကြောင်းကြားရမည်ဖြစ်ကြောင်း၊ အဆိုပါကွန်တိန်နာများ၏RFID  များ တွင်   သံသယဖြစ်ဖွယ်  တွေ့ရှိပါက အကောက်ခွန်ဦးစီးဌာနမှ စစ်ဆေးမှု များပြုလုပ်သွားမည်ဟု အိန္ဒိယနိုင်ငံ Central Board of Excise and Customs (CBEC) က ပြောကြားထားကြောင်း သိရှိရပါသည်။

ယဉ်ယဉ်နွယ်၊ စီးပွားရေးသံမှူး၊
မြန်မာသံရုံး၊ နယူးဒေလီမြို့

 

International Trade News

Pages