မြန်မာ-တရုတ် နယ်စပ်ရှိ ကုန်သွယ်ရေးစခန်းများမှ ပြောင်းလျော့နည်းတင်ပို့

        မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ်၊ လွယ်ဂျယ်နဲ့ ချင်းရွှေဟော် စခန်းသုံးခုမှ သြဂုတ် ၁၂ ရက်မှ ၁၈ ရက်အထိ သီတင်း ပတ်အတွင်း တရုတ်နိုင်ငံသို့ အမေရိ ကန်ဒေါ်လာ  ၁ ဒသမ၅၈၉ သန်း တန်ဖိုးရှိ ပြောင်းတန်ချိန် ၇၃၂၀ ကို တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ပါတယ်။ စခန်းအလိုက် တင်ပို့မှုမှာ မူဆယ်မှ တန် ၆၈၀၀၊ လွယ်ဂျယ်မှ ၄၄၅ တန်ခွဲနဲ့ ချင်းရွှေဟော်မှ ၈၂ တန်ခွဲဖြစ်ပါတယ်။ ယခင်တစ်ပတ် က မူဆယ်မှ ၇၂၂၀ တန်၊ လွယ်ဂျယ်မှ ၅၂၁ တန်နဲ့ ချင်းရွှေေ ဟာ်မှ ၄၇၁ တန်ခွဲ စုစုပေါင်း ၈၂၁၂ တန်ကျော် တင်ပို့ခဲ့လို့ ယခုတစ်ပတ် ၈၉၂ တန်လျော့နည်း တင်ပို့ခဲ့တာတွေ့ရပါတယ်။ မူဆယ် ကုန်စည်ဒိုင်မှာ ယခင်တစ်ပတ်က ပြောင်း တစ်တန်ဈေး ၂၉၇၇၈၇ ကျပ် ရှိရာမှ ယခုတစ်ပတ်မှာ ၂၉၈၉၉၀ ကျပ်သို့ ဈေး ဆက်လက်မြင့်တက်ခဲ့ကြောင်း၊ မူဆယ်သို့  ပြောင်းကားစီးရေ  ၃၈၈  စီး ဝင်ရောက်ခဲ့သဖြင့် ယခင်တစ်ပတ်က ၁၀၇ စီးလျော့နည်းခဲ့ကြောင်း၊ တစ်ဖက်နိုင်ငံ ဝယ်ဈေးမှာ ယွမ် ၁၆၀၀ဈေးဖြစ်ကြောင်း၊ ယခု တစ်ပတ်တွင် တစ်ဖက်နိုင်ငံ၌ မိုး သည်းထန်စွာ ရွာသွန်းမှုကြောင့် မြစ်ရေ ကြီးပြီး ဇက်ဖြင့်ကူးရာမှာ သွားလာရေး ခက်ခဲမှုရှိလို့ အရောင်းအဝယ် နည်းရခြင်းဖြစ်ကြောင်း သိရပါတယ်။

 

မော်မော်အောင်