Yangon Expo & Thai Products Fair ကုန်စည်ပြပွဲ ကျင်းပ

Fri, 08/11/2017 - 04:18 -- admin_ygn

       Smart Business Group မှ ကြီးမှူး၍ Yangon Expo & Thai Products Fair 2017 ကုန်စည်ပြပွဲကို ရန်ကုန်မြို့၊ ဦးဝိစာရလမ်းရှိ တပ်မတော်ခန်းမတွင် သြဂုတ် ၄ ရက်မှ ၇ ရက်အထိ ကျင်းပခဲ့သည်။ ပြပွဲတွင် နိုင်ငံ တကာမှ ကုန်ပစ္စည်းများအပြင် ထိုင်းနိုင်ငံရှိ ပင်ရင်းကုမ္ပဏီများ၊ စက်ရုံကြီးများ၊ လက်ကားလုပ်ငန်းရှင်များ၊ မြန်မာ နိုင်ငံတွင် ကုန်ပစ္စည်းဖြန့်ဖြူးရန်အတွက် ကိုယ်စားလှယ်ပေးလိုသည့်လုပ်ငန်းရှင်များက ပြခန်းပေါင်း ၁၅၀ ကျော်ြ ဖင့် လာရောက်ပြသ ရောင်းချကြမည်ဖြစ်သည်။ အဆိုပါပြပွဲတွင်ရောင်းချကြသည့် ကုန်ပစ္စည်းများအား အထူးလျှော့ဈေးနှုန်းများဖြင့် ရောင်းချခဲ့ကြောင်း သိရသည်။ ထို့ပြင် ပြပွဲသို့လာရောက်ကြသည့် ပြည်သူများအား ထိုင်းနိုင်ငံ၏ နာမည် ကြီးသစ်သီးဝလံများဖြစ်သည့်ဒူးရင်းသီး၊ ကြက်မောက်သီး၊ မင်းဂွတ်သီး စသည့် ထိုင်းနိုင်ငံထွက်သစ်သီးများကို အခမဲ့ဧည့်ခံကျွေးမွေးခဲ့ကြောင်း သတင်းရရှိပါသည်။

 

မယ်သီတာ

 

Local Trade News

Pages