အိန္ဒိယနိုင်ငံ၊ အနောက်ဘင်ဂေါ ပြည်နယ်တစ်ဝန်းတွင် အော်ဂဲနစ်လယ်ယာထွက်ကုန် စိုက်ပျိုးရေးလုပ်ငန်းများ စတင်ဆောင်ရွက်

Thu, 06/22/2017 - 04:44 -- admin_ygn

        အနောက်ဘင်ဂေါ ပြည်နယ်အစိုးရသည် အော်ဂဲနစ်စိုက်ပျိုးရေးမူဝါဒတစ်ခု ရေးဆွဲအကောင်အထည်ဖော်ကာ အော်ဂဲနစ် စိုက်ပျိုးရေးလုပ်ငန်းများကို ပြည်နယ်တစ်ဝန်းလုံး၌ စတင်ဆောင်ရွက်လျက်ရှိကြောင်း၊  အထူးသဖြင့် မြို့ပြ ဒေသများ၌ အော်ဂဲနစ်ဟင်းသီးဟင်းရွက် ဝယ်လိုအား တိုးတက်လာခြင်းသည် ပြည်နယ်အစိုးရအား အော်ဂဲနစ်စိုက် ပျိုးရေး မူဝါဒရေးဆွဲရန် စတင်စေသည့် အဓိကအချက်ဖြစ်ကြောင်း၊ စားသောက်ကုန်ထုတ်လုပ်ရေးနှင့် သစ်သီးဝလံ ပန်းမန်ဥယျာဉ် ခြံစိုက်ပျိုးရေးဌာနကလည်း အော်ဂဲနစ်စိုက်ပျိုးရေး လုပ်ငန်းများ  စတင်လုပ်ကိုင်ရန် ကျေးလက်စိုက် ပျိုးရေးလုပ်ငန်းရှင်များအား တိုက်တွန်းခဲ့ပြီး ၎င်းတို့အနေဖြင့် လယ်သမားများအား နည်းပညာအကူ အညီ၊ ဈေးကွက်ရှာဖွေရေးနှင့် ဈေးကွက်မြှင့်တင်ရေးကိစ္စတို့တွင် အကူအညီများပေးမည်ဟု အခိုင်အမာပြောကြားခဲ့ကြောင်း၊ စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့်လည်း ဖန်လုံအိမ်(Greenhouses)များ၊ ထုပ်ပိုးပစ္စည်းများ၊ အော်ဂဲနစ် ဓာတ်မြေသြဇာ များကို ထောက်ပံ့ပေးမည်ဖြစ်ကာ အော်ဂဲနစ်ထွက်ကုန်များ ဈေးကွက်သို့ ပို့ဆောင်ရေးအတွက် ကုန်တင်ကားများကိုလည်း စီစဉ်ပေးမည်ဖြစ်ကြောင်း သိရှိရပါသည်။
         ထိုမျှသာမက အိန္ဒိယစိုက်ပျိုးရေးဦးစီးဌာနသည် ပြည်နယ်တစ်ဝန်းရှိ ကျေးရွာပေါင်း ၃၂ ရွာ အား အော်ဂဲနစ်စိုက်ပျိုးသည့် ကျေးရွာများအဖြစ် အကောင်အထည်ဖော်ရန် ရည်မှန်းထားပြီး၊ အဆိုပါကျေးရွာများ၌ အော်ဂဲနစ်စိုက် ပျိုး မြေအစုအဖွဲ့တစ်ခုလျှင် ဧက ၅၀ ဖြင့် အစုအဖွဲ့ပေါင်း ၁၂၀ ခန့်ကို အကောင်အထည်ဖော်မည်ဖြစ်ကြောင်း၊ ဦးစီးဌာနကိုယ်တိုင်လည်း အော်ဂဲနစ်ဖန်လုံအိမ် ၁၉၄ ခုခန့်အား အကောင်အထည်ဖော် စိုက်ပျိုးလျက်ရှိကာ အော်ဂဲ နစ်စိုက်ပျိုး ရေးလုပ်ငန်း လုပ်ကိုင်နေသည့် ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့်လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါ သည်။

 

ယဉ်ယဉ်နွယ်၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ နယူးဒေလီမြို့

International Trade News

Pages