တရုတ်နိုင်ငံနှင့်Belt & Road အဖွဲ့ဝင်နိုင်ငံများ ကုန်သွယ်မှုတိုးမြှင့်

Tue, 05/16/2017 - 07:17 -- admin_ygn

    တရုတ်နှင့် Belt & Road  လမ်းကြောင်းတစ်လျှောက်ရှိ  နိုင်ငံများအချင်းချင်း ကုန်စည် ကုန်သွယ်မှုမှာ ယခင်နှစ်ထက် ယခုနှစ် ပထမသုံးလပတ်အတွင်း  ၂၆ ဒသမ ၂ ရာခိုင်နှုန်းတိုးတက် ခဲ့ကြောင်း၊ တရုတ်ကူးသန်းရောင်း၀ ယ်ရေး ဝန်ကြီးဌာနက ပြောကြားထားပါသည်။ ပို့ကုန်အနေနှင့် ၁၅ ဒသမ ၈ရာခိုင်နှုန်းနှင့် သွင်းကုန်မှာ ၄၂ ဒသမ ၉ ရာခိုင်နှုန်းအသီးသီး မြင့်တက်ခဲ့ကြောင်း သိရ ပါသည်။ အဓိကအားဖြင့် အခြေခံအဆောက်အအုံ လုပ်ငန်း များကြောင့် တရုတ်ကုန်စည်များအား ဝယ်ယူမှုများပြားခဲ့ပါသည်။အပြန်အလှန် နှစ်ဘက်ရင်းနှီးမြှှုပ်နှံမှုမှာလည်း  တိုးတက်မှုရှိခဲ့ပြီး   ပထမသုံးလပတ်အတွင်းBelt & Road  အဖွဲ့ဝင်၄၃ နိုင်ငံ၌ တရုတ်မှ ဘဏ္ဍာရေး ကဏ္ဍမ ဟုတ်သည့်နယ်ပယ်တွင် စုစုပေါင်း ရင်းနှီး မြှုပ်နံှမှုမှာ အမေရိကန်ဒေါ်လာ ၂ ဒသမ ၉၅ ဘီလီယံရှိပြီး စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ၁၄  ဒသမ၄ ရာခိုင်နှုန်းရှိကြောင်းဆက်လက်ဖော်ပြထားပါသည်။ အလားတူBelt & Road အဖွဲ့ ဝင် နိုင်ငံများမှတရုတ် ၌ စီးပွားရေးလုပ်ငန်းအသစ် ၇၈၁ခု ဖွင့်လှစ်ခဲ့ပြီး ၄၀ ရာခိုင်နှုန်းတိုးတက်ခဲ့ကြောင်း သိရှိရပါသည်။
တရုတ်ကုမ္ပဏီများအနေဖြင့် နယ်စပ်ဖြတ်ကျော်ရင်းနှီးမြှုပ်နှံရာတွင် ရံဖန်ရံခါ မျှော်လင့် မထားသည့်  ဥပဒေဆိုင်ရာနှင့်ယဉ်ကျေးမှုဆိုင်ရာ  အခက်အခဲများနှင့် ကြုံတွေ့လေ့ရှိကြောင်း၊ ဥပမာအိမ်ရှင်နိုင်ငံများ ၏စီးပွားရေးဆိုင်ရာ မူဝါဒပြောင်းလဲခြင်း၊ငွေကြေးလဲလှယ်နှုန်းမတည်ငြိမ်ခြင်း စသည်တို့နှင့် ကြုံတွေ့ရကြောင်း ဖော်ပြထားပါသည်။

သန္တာခိုင်၊ စီးပွားရေးသံမှူး၊  မြန်မာသံရုံး၊ ပေကျင်းမြို့

 

International Trade News

Pages