ဆန်သစ်အဝယ်လိုက်လို့ အရောင်းအဝယ်ကောင်း

Fri, 03/31/2017 - 08:26 -- admin_ygn

      ယခုတစ်ပတ် ရန်ကုန်ဆန်ဈေးကွက်မှာ ဆန်ချောနဲ့ ဆန်ကြမ်း(အသစ်) အရောင်းအဝယ်သွက်ပြီး ဈေးအနည်း ငယ်တက်လာကြောင်း ဝါးတန်းဆန်ကုန်စည်ဒိုင်မှ သိရပါ တယ်။ ပေါ်ဆန်းဆန်များဖြစ်တဲ့ ဖျာပုံပေါ်ဆန်း ဆန်ထိပ် စ တစ်အိတ် ကျပ် ၃၁၀၀၀ နဲ့ လတ်စတစ်အိတ် ကျပ်၃၀၀၀၀၊ ပုသိမ်^မြောင်းမြ ပေါ်ဆန်းဆန်တစ်အိတ် ကျပ် ၃၄၀၀၀ နဲ့ လတ်စတစ်အိတ် ကျပ် ၃၁၀၀၀၊နယ်စုံကျိုက်လတ်ထိပ်စ တစ်အိတ်ကျပ် ၂၈၅၀၀ နဲ့ လတ်စ တစ်အိတ် ကျပ်၂၇၅၀၀၊ ရွှေဘိုပေါ်ဆန်းအသစ်(ရှယ်) တစ်အိတ် ကျပ် ၃၆၀၀၀ မှ ကျပ် ၃၇၅၀၀ ဖြစ်ပြီး ပေါ်ဆန်းဆန်တစ်အိတ်ကိုကျပ်၅၀၀ မှ ကျပ် ၂၀၀၀ခန့်အထိ ဈေးတက်ကြောင်းသိရပါတယ်။
ဧည့်မထဆန်ထိပ်စတစ်အိတ် ကျပ် ၁၈၀၀၀နဲ့လတ်စ တစ်အိတ်ကျပ် ၁၇၀၀၀၊ မနောသုခတစ်အိတ်ကျပ်၂၄၀၀၀ မှ ကျပ် ၂၅၀၀၀၊ အိတ်စ်ပို့ ၂၅ မှတ်ဆန်တစ်အိတ်ကျပ် ၁၆၀၀၀ မှ  ကျပ် ၁၆၈၀၀၊ ဆန်ကြမ်းအသစ်(ရှယ်) တစ် အိတ် ကျပ် ၁၇၅၀၀ မှ ကျပ် ၁၈၀၀၀ နဲ့ ဈေးငြိမ်နေသော် လည်း နွေသီးထပ်(ရှယ်) တစ်အိတ်ကျပ် ၁၈၀၀၀ မှ ကျပ် ၁၉၀၀၀ ဖြစ်ပြီး တစ်အိတ်ကိုကျပ် ၁၀၀၀ ခန့်ဈေးကျလာ ပါတယ်။ နွေဆန်ရက် ၉၀ က တစ်အိတ်ကိုကျပ် ၁၉၀၀၀မှ ကျပ်၂၀၅၀၀ နဲ့ယခင်တစ်ပတ်ထက်တစ်အိတ်ကိုကျပ် ၅၀၀ခန့်ဈေးတက်ပါတယ်။ဆန်သစ်အချောရော အကြမ်း ပါ အဝယ်လိုက်ပြီး အရောင်းအဝယ်သွက်လျက်ရှိကြောင်း သိရပါတယ်။
မူဆယ်ဆန်ဈေးကွက်မှာယခုတစ်ပတ်ဆန်ဈေး နှုန်းပြောင်းလဲခြင်းမရှိဘဲ ယခင်တစ်ပတ်အတိုင်းဧည့်မထ ၅မှတ်ဆန် တစ်အိတ်လျှင် ၁၂၅ ယွမ်မှ ၁၂၇ ယွမ်၊ ဧည့် မထ ၁၀ မှတ်တစ်အိတ်လျှင် ယွမ် ၁၂၀ မှ ၁၂၄ ယွမ်၊ ဧည့် မထ ၁၅  မှတ်တစ်အိတ်လျှင်  ၁၁၆ ယွမ်မှ ၁၁၈ ယွမ်၊ ဧည့်မထ ၂၅ မှတ်တစ်အိတ်လျှင် ၁၁၃ ယွမ်မှ ၁၁၅ ယွမ်၊ ဧည့်မထ ၃၅ မှတ်တစ်အိတ်လျှင် ၁၀၉ ယွမ်မှ ယွမ် ၁၁၀ ဖြစ်ပြီး ယခင်တစ်ပတ်ဈေးအတိုင်းငြိမ်နေပါတယ်။
ငစိန် ၅ မှတ်ဆန်တစ်အိတ်လျှင် ယွမ် ၁၂၀ မှ ၁၂၂ ယွမ်၊ ငစိန် ၁၅ မှတ်တစ်အိတ်လျှင် ၁၁၆ ယွမ်မှ ၁၁၉ ယွမ်၊ ငစိန် ၂၅ မှတ်တစ်အိတ်လျှင် ၁၁၃ ယွမ်မှ ၁၂၅ ယွမ် နဲ့ဈေးအပြောင်းအလဲမရှိဘဲ အရောင်းအဝယ်ဖြစ်လျက်ရှိ ပါတယ်။ တစ်ဖက်နိုင်ငံမှာ ဆန်ကိုအဖမ်းအဆီးမရှိဘူးဆို ပေမယ့် ထိန်းပြီးသွားနေကြကြောင်း မူဆယ်ဆန်ဈေးကွက် မှ သိရှိရပါတယ်။
၂၀၁၇ မတ် ၁၆ ရက်မှ ၂၂ ရက်အထိ မူဆယ် မြို့တွင်းသို့ နယ်စုံမှ ၁၂၉၆၄ တန် ဝင်ရောက်ခဲ့ပါတယ်။မတ် ၂၄ ရက် ငွေလဲနှုန်းအရ တစ်ယွမ်လျှင် ၁၉၄ကျပ်ဈေး ပေါက်ကြောင်းသိရပါတယ်။                       

ယဉ်ယဉ်အေး

 

Local Trade News

Pages