နိုင်ငံ၏ စီးပွားရေးနှင့်ပတ်သက်၍ တောင်ကိုရီးယားအစိုးရက စိုးရိမ်ပူပန်လျက်ရှိ

         တောင်ကိုရီးယားနိုင်ငံ၏ ပြည်တွင်း စီးပွားရေးသည် စိုးရိမ်ပူပန်ဖွယ်ရာ အခြေ အနေများနှင့် ရင်ဆိုင်နေရပြီး အခြားသော ပြည်တွင်းပြည်ပ သက်ရောက်မှု များလည်းရှိေ နသည်ဟု လေ့လာသုံး သပ်သူများက ဝေဖန်ကြသည်။ အမေရိကန် ပြည်ထောင်စုဗဟိုဘဏ်၏ အတိုး နှုန်းမြင့်မားလာခြင်းနှင့် ကိုရီးယားနိုင်ငံ၏ စီးပွားရေးလုပ်ငန်းများကို ပြန် လည် ဖွဲ့စည်း တည်ဆောက်ခြင်း အစရှိသည့် ပြည်တွင်းဈေးကွက်နှင့် နိုင်ငံခြား ဈေး ကွက်နှစ်ခုလုံးမှ စီးပွားရေးဆိုင်ရာ မသေချာမှုများကလည်း စီးပွားရေး တိုးတက်မှုအတွက် စိုးရိမ်ပူပန်မှုများကို တိုးပွားစေခဲ့သည်။
          တောင်ကိုရီးယားနိုင်ငံ၏ ပို့ကုန် သည် ဩဂုတ်တွင် ၂ ဒသမ ၆ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး ယင်းသည်လပေါင်း ၂၀ ကြာကျဆင်းခဲ့ပြီးမှ ပြန်လည်မြင့်တက် ခဲ့ခြင်းဖြစ်သည် ဟု ဘဏ္ဍာရေး ဝန်ကြီး ဌာန၏ အစီရင်ခံစာများအရ သိရှိရ သည်။ ယင်းသို့ ဖြစ်ခဲ့ခြင်းသည် အဆိုပါ လအတွင်း ယမန်နှစ်ကာလတူနှင့် နှိုင်း ယှဉ်ပါက အလုပ်လုပ်ရက် များပြားြ ခင်း ကြောင့်ဖြစ်ကြောင်း၊ သို့သော်လည်း တောင်ကိုရီးယားနိုင်ငံ စီးပွားရေးကို ဆိုးကျိုးများ သက်ရောက်စေနိုင်သည့် အခြားသော ပြင်ပ သက်ရောက်မှုများ လည်း ရှိလာနိုင်သေး သည်ဟုလည်း လေ့လာသူများက သုံးသပ်ကြသည်။
        လက်လီရောင်းချမှုများ သိသိ သာသာ ကျဆင်းမှုသည်လည်း စီးပွား ရေးကို နှေးကွေးစေသည့် အချက်တစ် ချက်ဖြစ်နေသည်ဟု ဘဏ္ဍာရေးဝန်ကြီး ဌာနက ပြောကြား သ ည်။ စက်ပစ္စည်းကိရိယာများနှင့် သယ်ယူပို့ဆောင်ရေး လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုများသည် ယခုနှစ် ဒုတိယနှစ်ဝက်တွင် ယမန်နှစ်ထက် လျော့နည်းကျဆင်းခဲ့သည်ကို တွေ့ ရသည်။ ဆောက်လုပ်ရေး လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုများ အနည်းငယ်မြင့်တက်ခဲ့သည်ကို တွေ့ရှိ ရပြီး မြို့ပြအင်ဂျင်နီယာ လုပ်ငန်းများ တိုးတက်လာခြင်းကြောင့် ဖြစ်သည်။ တစ်ချိန်တည်းမှာပင် အိမ်ရာဈေးနှုန်း များလည်း သုည ဒသမ ဝ၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ဆိုးလ်မြို့တစ်ဝိုက်ဧရိယာ တွင် သုည  ဒသမ ၁၆ ရာခိုင်နှုန်းခန့် မြင့်တက်ခဲ့သည် ကို  တွေ့ရှိရသည်။

 

ခင်မျိုးသော်၊ စီးပွားရေးသံမှူး မြန်မာသံရုံး၊ ဆိုးလ်မြို့