ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အဖွဲ့ ဝင်များ၊ စပိန်နိုင်ငံ၊ ကုန်သွယ်ရေးဝန်ကြီးဌာန၊ နှင့် တရုတ်နိုင်ငံ၊ ကွမ်းရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ၊ဒုတိယအုပ်ချုပ်ရေးမှူး ကိုယ်စားလှယ်အဖွဲ့တို့အား သီးခြားစီလက်ခံတွေ့

Mon, 10/24/2016 - 04:48 -- admin_ygn

        စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်သည် အောက်တိုဘာလ ၂၀ ရက် နံနက် ၁၁းဝ၀ နာရီ အချိန်က ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အဖွဲ့ဝင် များအား ဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုး တိုးတက်ရေးအတွက် လမ်းပန်းဆက်သွယ်ရေးနှင့် လုံခြုံရေးတို့မှာ အရေးကြီးပါကြောင်း၊ ရခိုင်ပြည်နယ်တွင် ကြုံတွေ့နေရသည့် ပြဿနာများသည် ယင်းပြည်နယ် တစ်ခု တည်းနှင့် သာမက တစ်နိုင်ငံလုံးနှင့် သက်ဆိုင်ပါကြောင်း၊ ကုန်သွယ်မှု ဖွံ့ဖြိုး တိုးတက်ရေးအတွက် မိမိတို့ ဝန်ကြီး ဌာနနှင့် အခြား သက်ဆိုင်သည့် ဝန်ကြီးဌာနများ၊ ပြည် နယ်အစိုးရများ နှင့် ပူးပေါင်းဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ ကျောက်ဖြူ ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် အကောင်အထည်ဖော်ရေး အပါအဝင် ရခိုင်ပြည် နယ်၏ စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက် ရေး၊ ဒေသနြေ ပည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရေးတို့အတွက် ရှေ့ဆက်လက်ဆောင်ရွက်ရမည့် ကိစ္စများအားဆွေးနွေးခဲ့ကြသည်။ ထို့ပြင်ပြည်ထောင်စုဝန်ကြီးသည် နံနက် ၁၀ း ဝ၀ အချိန်တွင် စပိန်နိုင်ငံ၊ ကုန်သွယ်ရေး ဝန်ကြီးဌာန၊ Minister of State ဖြစ်သူ Mr. JAIME GARCIA LEGAZPONCE ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ဝန်ကြီးရုံး၊ ဧည့်ခန်းမ (၁)၌ လက်ခံတွေ့ဆုံပြီး မြန်မာ-စပိန် ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်စေရေး၊ မြန် မာ့ ထွက်ကုန်ပစ္စည်းများ နိုင်ငံ တကာ ဈေးကွက်သို့ ထိုးဖောက်ဝင်ရောက်နိုင်ရေး၊ နည်းပညာနှင့် အရင်း အနှီးများ ကူညီထောက်ပံ့ပေးနိုင်ရေး၊ အရည်အသွေးမြင့် နည်းပညာများကို ပိုင်ဆိုင်ထားသည့် စပိန်နိုင်ငံမှ ကုမ္ပဏီကြီး များ မြန်မာနိုင်ငံသို့ လာရောက်ရင်းနှီးမြှုပ်နှံနိုင်ရေးအတွက် နှစ်နိုင်ငံ အစိုးရများမှ ကူညီပံ့ပိုးပေးသွားရေးနှင့် စပိန်လူမျိုးများသည်လည်း ဆန်ကိုစားသုံးသူများဖြစ်သည့်အပြင် ကမ္ဘာ့အကြီးဆုံး ဆန်ကုမ္ပဏီများမှာ စပိန်ကုမ္ပဏီများဖြစ် သည့်အတွက် မြန်မာနိုင်ငံမှ ဆန်များတိုးမြှင့် ဝယ်ယူသွားနိုင်ရေး ချိတ်ဆက်ဆောင်ရွက်သွားနိုင်မည့် ကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးသည် နံနက် ဝ၉းဝ၀ နာရီ အချိန်တွင် တရုတ်ပြည် သူ့ သမ္မတနိုင်ငံ၊ ကွမ်းရှီး ကျွမ့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဒုတိယအုပ်ချုပ်ရေးမှူး H. E. Mr. Chen Gang  ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ဝန်ကြီးရုံး၊ အစည်းအဝေး ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ရာ စက်တင် ဘာလ အတွင်း (၁၃) ကြိမ် မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့သလို နောင်နှစ် ပြပွဲများတွင်လည်း ကုမ္ပဏီများ ပိုမိုပါဝင် ပြသနိုင်ရေးအတွက် ပြည် ထောင်စု သမ္မတမြန်မာနိ ုင်ငံ ကုန်သည်များနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) နှင့် ပူးပေါင်း၍ ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ် ကြောင်းနှင့် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အပြန်အလှန် ဆွေးနွေး ခဲ့ကြပါသည်။ အဆိုပါ တွေ့ဆုံပွဲ အခမ်းအနားများသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိ ပုဂ္ဂိုလ်များ တက်ရောက်ခဲ့ ကြကြောင်း သတင်းရရှိသည်။

 

MOC (IR)

Local Trade News

Pages