အီးယူမှနုတ်ထွက်ပြီးနောက် ကုန်သွယ်မှုစေ့စပ်ညှိနှိုင်းမှုသစ်များကို ဗြိတိန်က ၂၀၁၉ ခုနှစ်တွင် စတင်မည်

ဗြိတိန်နိုင်ငံက သြစတြေးလျနဲ့ ကနေဒါနိုင်ငံတို့ဘက် သို့  ဦးလှည့်ရန် ခြေလှမ်းပြင်ဆင်နေတဲ့အတွက် အီးယူမှ  ဗြိတိန်နုတ်ထွက်မှု လုပ်ငန်းများကို ၂၀၁၉ ခုနှစ်၊  ဇန်နဝါရီ ၁  ရက် နောက်ဆုံးထား၍ဆောင်ရွက်ဖို့ ရည်မှန်းထား တယ်လို့   အီးယူမှထွက်ခွာပြီးနောက် ကုန်သွယ်မှုသဘောတူစာချုပ်များ ချုပ်ဆိုဖို့ တာဝန်ပေးခံရတဲ့ ဝန်ကြီးဌာနက ဇူလိုင် ၁၇ ရက်က ပြောပါ တယ်။ဗြိတိန်နိုင်ငံ   အီးယူမှ နုတ်ထွက်ရေးကိစ္စကို ဆောင်ရွက် ရာမှာ အီးယူရဲ့  လစ္စဘွန်း သဘောတူစာချုပ်  Article 50  နဲ့ အညီဆောင်ရွက်ရမှာဖြစ်ပြီး အချိန်ကာလအားဖြင့် နှစ်နှစ် ကြာမြင့်မှာဖြစ်ပြီးနုတ်ထွက်ရေးလုပ်ငန်းများကို ယခုနှစ် နှစ်ကုန်မှစတင်နိုင်မှာ ဖြစ်ပါတယ်။
 Article 50 ပါ လုပ်ငန်းများကို လာမယ့် နှစ်ဦးပိုင်းမှ  စတင်ဆောင်ရွက်နိုင်လိမ့်မယ်လို့   ခန့်မှန်းကြောင်း အီးယူမှ ဗြိတိန်နိုင်ငံထွက်ခွာရေး ဇွန် ၂၃ ရက် ဆန္ဒခံယူပွဲနောက်ပိုင်း ဝန်ကြီးချုပ်တာဝန်ကို  လွှဲပြောင်းမယူမီက ဝန်ကြီးချုပ် ထရီ ဆာမေ က ပြောပါတယ်။ကနေဒါနိုင်ငံနဲ့  ကုန်သွယ်မှုဆွေးနွေးညှိနှိုင်းမှုတွေကို အောင်မြင်စွာဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်းနဲ့ လာမယ့်ရက် သတ္တပတ်မှာ အမေရိကန်ပြည်ထောင်စုသို့  သွားရောက်မှာဖြစ် ကြောင်း အပြည်ပြည်ဆိုင်ရာ  ကုန်သွယ်ရေးအတွင်းဝန် လီယံဖောက်စ်က ပြောပါ တယ်။  ဝန်ကြီးချုပ်မေကလည်း သြစတြေးလျဝန်ကြီးချုပ် မဲလ်ကွမ်တန်းဘူးလ်နဲ့  ဇူလိုင် ၁၆ ရက်က ဖုန်းဆက်ပြီး ကုန်သွယ်မှုသဘောတူစာချုပ် ချုပ်ဆိုရေး ကိစ္စကိုဆွေးနွေးခဲ့ပြီး ဝန်ကြီးချုပ်ရဲ့ ဒေါင်နင်းလမ်းရုံးက ပြောပါတယ်။ ကုန်သွယ်ရေး သဘောတူစာချုပ်များကို အမြန် ဆုံး ချုပ်ဆိုကြောင်း တန်းဘူးကပြောတယ်လို့  ဒေါင်နင်းလမ်း ရုံးထုတ်ပြန်ချက်မှာဖော်ပြပါတယ်။